Pages

Sunday, January 5, 2014

ပုဂံ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး လုံခြုံရေးအင်အား ၁၀၀၀ ကျော် ချထားမည်

RangonNewsDaily:: January . 5 .2014
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပထမဦးဆုံးအကြိမ် အဖြစ် ညောင်ဦးခရိုင် ပုဂံတွင် ကျင်း

ပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လုံခြုံရေးအင်အား၁၀၀၀ ကျော် ချထားမည် ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။
ညောင်ဦးခရိုင် အတွင်းရှိ နယ်မြေ ရဲစခန်းများတွင် ရဲတပ်ဖွဲ့ဝင်အင်အား နည်းသောကြောင့် အခြားခရိုင်များ
ရှိ ရဲတပ်ဖွဲ့ဝင်များ၊မန္တလေးတိုင်း ဒေသကြီးမှရဲတပ်ဖွဲ့ဝင်များ၊ လေကြောင်းလိုင်းရဲတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်
ခရီးသွားလုံခြုံရေးတပ်ဖွဲ့ဝင်များ(Tourism Police)၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေး အထောက်
အကူပြု မိုင်းရှာ ကိရိယာများပါ အသုံးပြု၍ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသ
ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"မန္တလေးခရိုင် အတွင်းကတော့ လုံခြုံရေးအင်အား မသုံးပါဘူး။ ခရိုင်အတွင်းမှာ မှုခင်း ဖြစ်ပွားမှုတွေ လျော့

ကျဖို့ အတွက် ဆောင်ရွက်သွားမှာပါ။အခုချမှတ်ထားတဲ့လုံခြုံရေးအင်အား တပ်ဖွဲ့ဝင်တွေ ကလည်း မြို့အဝင်
အထွက် ဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေးမယ်။ ခိုး၊ ဆိုး၊ နှိုက် ဖြစ်ပွားမှု နေရာတွေမှာ လုံခြုံရေးကို တင်းကျပ်စွာ ချမှတ်မယ်" ဟု ၄င်းကဆိုသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ

ညောင်ဦးခရိုင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ Aureum Palace ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment