Pages

Monday, January 6, 2014

၁ဝ နှစ်အောက် ပိုလီယို ဝေဒနာရှင်ကို အဓမ္မပြုကျင့်ရန် ကြံစည်

RangonNewsDaily:: January . 6 .2014
အသက် ၃ဝ ကျော်အရွယ် အမျိုသားတစ်ဦးက အသက် ၁ဝ နှစ်အောက်သာ ရှိသေးသည့် ပိုလီယိုဝေဒနာရှင် ကလေးငယ်လေးတစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သဖြင့် ဇန်နဝါရီ ၅ ရက်က ဒလရဲစခန်းတွင် အမှု

ဖွင့်တိုင်တန်းထားသည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကသတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ဖြစ်စဉ်မှာ ဒလ
မြို့နယ် ရပ်ကွက်တစ်ခုတွင်နံနက်၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်ရှိစကားမပြောတတ်
၊ လမ်းမလျှောက်နိုင်သော ပိုလီယိုရောဂါသည်ကို သားမယားပြုကျင့်ရန် ကြံစည်ခြင်းဖြစ်သည်ဟု အဖွားတော်
စပ်သူ (၅ဝ)နှစ်က အမှုဖွင့် တိုင်တန်းခဲ့ခြင်းလည်းဖြစ်သည်။
အဖွားဖြစ်သူမှာ မြေးဖြစ်သူအား အိမ်တွင်ထားခဲ့စဉ် နေအိမ်တွင် အလုပ်ကိစ္စဖြင့် ရောက်ရှိနေသည့် ဒေးဒရဲ
မြို့နယ် ရေလုပ်သားဖြစ်သူ အသက် (၃၄)နှစ်အရွယ်အမျိုးသားဖြစ်သူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။
::
အဆိုပါ ရေလုပ်သားနှင့် မြေးငယ်တို့အား အိမ်ခန်းအတွင်းတွင် စောင်ခြုံလျက်တွေ့ရှိရသဖြင့် အိမ်နီးချင်း (၃

)ဦးတို့က စောင်အားလှန်ကြည့်ရာတွင်သားမယားပြုကျင့်ရန် ကြံစည်လုပ်နေမှုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု
 တရားလိုက ရဲအား အမှုဖွင့်ရာတွင် တိုင်တန်းထားသည်။

ထို့ကြောင့် ဒလရဲစခန်းက (ပ)၁ဝ/၂ဝ၁၄ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ တို့ဖြင့် အရေးယူရန် ပြစ်မှု
ကျူးလွန်

သူဟု စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။
::
ထို့ပြင်ဇန်နဝါရီ၃ရက်ကလည်းအသက်(၁၅)နှစ်ရှိသမီးဖြစ်သူကိုအသက်(၅၅)နှစ်ရှိ
ဖခင်ဖြစ်သူက ခြင်ထောင်

အတွင်းသို့ဝင်ရောက်ပြီးသားမယားပြုကျင့်ခဲ့မှုတစ်ခုတွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဖြစ်ပွားထားသည်။

Mizzima - News::-- , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment