Pages

Monday, November 11, 2013

Honda Fit (သို့) Honda Jazz နှင့် ကားဈေးကွက်

Photo: Honda Fit
Monday, November 11, 2013

Honda Fit ဟာ ရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီဇိုင်းပုံစံလှပခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။ Honda Fit ကို Honda Jazz လို့လည်း ခေါ်ပါသေးတယ်။ ကျစ်လျစ်တဲ့ပုံစံတည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၊ ဟွန်ဒါ ကားထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ‘Subcompact’ ကားတစ်စီးပါ။

၂၀၀၁ ခုနှစ်၊ ဇွန်လက စတင်မိတ်ဆက်ခဲ့တဲ့ ကားဖြစ်ပြီး အခုတော့ ဒုတိယမျိုးဆက်ထိ ရောက်သွားပါပြီ။ ဂျပန်၊ တရုတ်နဲ့ အမေရိက မှာတော့ အဆိုပါကားကို ‘Honda Fit’ လို့ခေါ်ကြပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ “Honda Jazz” လို့ ခေါ်ကြပါတယ်။

ကားအမျိုးအစားကတော့ ‘Subcompact’ ပါ။ တံခါး ငါးပေါက်ပါတဲ့ 5-door Style ဖြစ်ပြီး အင်ဂျင်က ရှေ့မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပေါ်ကာစ ၂၀၀၁ ခုနှစ်မှာတည်းက လူကြိုက်များ၊ အရောင်းသွက်ခဲ့တဲ့ ကားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ပုံစံအနည်းငယ်ပြောင်းထားတဲ့ ဒုတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ ဂီယာငါးချက်ပါတဲ့ Auto/Manual စနစ်တွေ ရွေးချယ်နိုင်သလို အင်ဂျင်ဆီစားနှုန်းကလည်း 1.2L, 1.3L, 1.5L စသဖြင့် အသီးသီး ရှိပါတယ်။ Petrol ထည့်သွင်းမောင်းနှင် ရမှာပါ။ ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာဆိုရင်လည်း ပေါင်နှစ်ထောင်ကျော်ခန့် (ကီလိုဂရမ် ၁၀၀၀ ကျော်)သာ ရှိပါတယ်။

Honda Fit, Honda Jazz အတူတူပဲ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဂျပန်မှာခေါ်တဲ့အတိုင်း ‘Honda Fit’ လို့ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မြို့တွင်းလမ်းတွေမှာနဲ့ နယ်တွေမှာပါ အဆိုပါကားကို တော်တော်အသုံးများကြတာ တွေ့ရပါတယ်။ “လာမေးတဲ့ Customer အများစုက ဈေးလည်းသက်သာ၊ ဆီစားလည်းသက်သာ၊ ဒီဇိုင်းလှ၊ အကြမ်းခံ စတဲ့အချက်တွေနဲ့ ကြည့်ကြတာပေါ့နော်။ အစ်မတို့ကလည်း အဲဒီလိုဆိုရင် Honda Fit, Toyota Vitz စတဲ့ ကားလေးတွေ လိုက်ပြပါတယ်။ သူတို့နဲ့အပြိုင်ဆိုရင် Nissan March တို့ဘာတို့ ရှိပေမယ့် မြန်မာပြည်မှာတော့ Honda Fit က လူကြိုက်အများဆုံးလို့ ပြောလို့ရပါတယ်” လို့ ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ Car Showroom တစ်ခုမှ မအေးသီတာအောင်က ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာ Honda Fit ၀ယ်ထားတဲ့ ကျောက်မြောင်းမှ ကိုမင်းမင်းထွန်းကလည်း “ကျွန်တော်ဝယ်တုန်းကတော့ သိန်း ၁၅၀နီးပါးလောက် ပေးရတယ်။ ဒီ Honda Fit က မဆိုးပါဘူး။ ဆီစားလည်း သက်သာတယ်။ သိပ်လည်း မပျက်ဘူး။ ပျက်ရင်လည်း Spare Parts တွေ အစုံအလင်နဲ့ ပြင်ပေးနိုင်တဲ့ Centre ရှိတယ်။ ကားက ဟဲဗီးမဟုတ်တော့ မောင်းရလည်း အဆင်ပြေပါတယ်။ သွက်လည်းသွက်တယ်။ မိသားစုနဲ့ ခရီးတွေ ဘာတွေထွက်လည်း အတော်ပဲပေါ့”ဟု ၎င်းရဲ့ အမြင်ကို ပြောပြပါတယ်။

လက်ရှိမြန်မာပြည် ဈေးကွက်မှာတော့ First-gen ရော၊ Second-gen ရော နှစ်မျိုးစလုံး ရှိနေပါတယ်။ ဈေးနှုန်းကလည်း သိန်း ၁၀၀ ၀န်းကျင်မှာ ရှိနေပြီး သင့်အနေနဲ့ရော ဒီဇိုင်းပုံစံ ကျစ်လျစ်လှပတဲ့ ဒီကားလေးကို နှစ်သက်ပါရဲ့လား?

Kangyi ( Myanmar Consumer Guide)

RangonNewsDaily:: November . 11 .2013
Honda Fit ဟာ ရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီဇိုင်းပုံစံလှပခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။ Honda Fit ကို Honda Jazz လို့လည်း ခေါ်ပါသေးတယ်။ ကျစ်လျစ်တဲ့ပုံစံတည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၊ ဟွန်ဒါ ကားထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ‘Subcompact’ ကားတစ်စီးပါ။

၂၀၀၁ ခုနှစ်၊ ဇွန်လက စတင်မိတ်ဆက်ခဲ့တဲ့ ကားဖြစ်ပြီး အခုတော့ ဒုတိယမျိုးဆက်ထိ ရောက်သွားပါပြီ။ ဂျပန်၊ တရုတ်နဲ့ အမေရိက မှာတော့ အဆိုပါကားကို ‘Honda Fit’ လို့ခေါ်ကြပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ “Honda Jazz” လို့ ခေါ်ကြပါတယ်။

ကားအမျိုးအစားကတော့ ‘Subcompact’ ပါ။ တံခါး ငါးပေါက်ပါတဲ့ 5-door Style ဖြစ်ပြီး အင်ဂျင်က ရှေ့မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပေါ်ကာစ ၂၀၀၁ ခုနှစ်မှာတည်းက လူကြိုက်များ၊ အရောင်းသွက်ခဲ့တဲ့ ကားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ပုံစံအနည်းငယ်ပြောင်းထားတဲ့ ဒုတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။
 
 မော်ဒယ်နှစ်မျိုးလုံးမှာ ဂီယာငါးချက်ပါတဲ့ Auto/Manual စနစ်တွေ ရွေးချယ်နိုင်သလို အင်ဂျင်ဆီစားနှုန်းကလည်း 1.2L, 1.3L, 1.5L စသဖြင့် အသီးသီး ရှိပါတယ်။ Petrol ထည့်သွင်းမောင်းနှင် ရမှာပါ။ ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာဆိုရင်လည်း ပေါင်နှစ်ထောင်ကျော်ခန့် (ကီလိုဂရမ် ၁၀၀၀ ကျော်)သာ ရှိပါတယ်။

Honda Fit, Honda Jazz အတူတူပဲ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဂျပန်မှာခေါ်တဲ့အတိုင်း ‘Honda Fit’ လို့ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မြို့တွင်းလမ်းတွေမှာနဲ့ နယ်တွေမှာပါ အဆိုပါကားကို တော်တော်အသုံးများကြတာ တွေ့ရပါတယ်။ “လာမေးတဲ့ Customer အများစုက ဈေးလည်းသက်သာ၊ ဆီစားလည်းသက်သာ၊ဒီဇိုင်းလှ၊ အကြမ်းခံ စတဲ့အချက်တွေနဲ့ ကြည့်ကြတာပေါ့နော်။ 
 
အစ်မတို့ကလည်း အဲဒီလိုဆိုရင် Honda Fit, Toyota Vitz စတဲ့ ကားလေးတွေ လိုက်ပြပါတယ်။ သူတို့နဲ့အပြိုင်ဆိုရင် Nissan March တို့ဘာတို့ ရှိပေမယ့် မြန်မာပြည်မှာတော့ Honda Fit က လူကြိုက်အများဆုံးလို့ ပြောလို့ရပါတယ်” လို့ ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ Car Showroom တစ်ခုမှ မအေးသီတာအောင်က ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာ Honda Fit ၀ယ်ထားတဲ့ ကျောက်မြောင်းမှ ကိုမင်းမင်းထွန်းကလည်း “ကျွန်တော်ဝယ်တုန်းကတော့ သိန်း ၁၅၀နီးပါးလောက် ပေးရတယ်။ ဒီ Honda Fit က မဆိုးပါဘူး။ ဆီစားလည်း သက်သာတယ်။ သိပ်လည်း မပျက်ဘူး။ ပျက်ရင်လည်း Spare Parts တွေ အစုံအလင်နဲ့ ပြင်ပေးနိုင်တဲ့ Centre ရှိတယ်။ 
 
ကားက ဟဲဗီးမဟုတ်တော့ မောင်းရလည်း အဆင်ပြေပါတယ်။ သွက်လည်းသွက်တယ်။ မိသားစုနဲ့ ခရီးတွေ ဘာတွေထွက်လည်း အတော်ပဲပေါ့”ဟု ၎င်းရဲ့ အမြင်ကို ပြောပြပါတယ်။

လက်ရှိမြန်မာပြည် ဈေးကွက်မှာတော့ First-gen ရော၊ Second-gen ရော နှစ်မျိုးစလုံး ရှိနေပါတယ်။ ဈေးနှုန်းကလည်း သိန်း ၁၀၀ ၀န်းကျင်မှာ ရှိနေပြီး သင့်အနေနဲ့ရော ဒီဇိုင်းပုံစံ ကျစ်လျစ်လှပတဲ့ ဒီကားလေးကို နှစ်သက်ပါရဲ့လား?

Kangyi ( Myanmar Consumer Guide) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment