Pages

Monday, November 11, 2013

ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး

Photo: ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး
Monday, November 11, 2013 

ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ ကိုးစီးခန့် ရှိနေကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ငါးရှော့ခ်တိုက် ဖမ်းသဖြင့် ငါးသယံဇာတများ ပြုန်းတီးနိုင်သည့်အပြင် ရှားပါးမျိုးစိပ် ဖြစ်သည့် ဧရာဝတီလင်းပိုင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဦးကျော်လှသိန်းက ထပ်မံ ပြောကြားသည်။

“ဧရာဝတီလင်းပိုင်က တံငါသည်တွေ ကြားမှာ ငါးဖမ်းပေးတဲ့ ဓလေ့ကို အသုံးချပြီးတော့ ရှော့ခ်တိုက် ငါးဖမ်းတာ တွေ့ရတယ်။ ကျွန်တော်တို့က ဖမ်းဆီးဖို့ တာဝန်ရှိသူ မဟုတ်တော့ ဒီလိုမလုပ်နဲ့ ပြောပေမယ့်လည်း ငါးလုပ်ငန်းကတောင် မဖမ်းတာ ကျွန်တော်တို့ကို ဘာမှ လာမပြောနဲ့လို့ ပြောတယ်” ဟု ဦးကျော်လှသိန်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ မြို့နယ်အလိုက် ငါးရှော့ခ်တိုက် ဖမ်းဆီးသူများကို ဥပဒေအရ အရေးယူရန် နှစ်စဉ် ဆောင်ရွက်လျက် ရှိသော်လည်း မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မျိုးတုံး ရှားပါး ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု လက်ထောက်ဦးစီးမှူး ဦးဇော်မင်းက ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဧရာဝတီ လင်းပိုင် ပြရင်းနဲ့ ငါးရှော့တိုက် ဖမ်းတာကို ကိုယ်တိုင်မျက်မြင် တွေ့ရအောင် ခေါ်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဒါမှ စီမံချက်ချ ဖမ်းဆီးနိုင်အောင် လို့ပါ”ဟု ၎င်းက ဆိုသည်။

မင်းကွန်းဒေသနှင့် ကျောက်မြောင်းဒေသ အကြား ဧရာဝတီ လင်းပိုင်ကောင်ရေ ၂၀ ကျော်ခန့် ရှိပြီး ပြီးခဲ့သည့် သြဂုတ်လက ငါးပိုက်တိုး ဒဏ်ရာဖြင့် ဧရာဝတီ လင်းပိုင် တစ်ကောင် သေဆုံးခဲ့ကာ လာမည့် ဒီဇင်ဘာလတွင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ လင်းပိုင်ကောင်ရေ စာရင်းကောက်ရန် အစီအစဉ်ရှိကြောင်း အဆိုပါ သားငှက် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 11 .2013
ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ ကိုးစီးခန့် ရှိနေကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ငါးရှော့ခ်တိုက် ဖမ်းသဖြင့် ငါးသယံဇာတများ ပြုန်းတီးနိုင်သည့်အပြင် ရှားပါးမျိုးစိပ် ဖြစ်သည့် ဧရာဝတီလင်းပိုင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဦးကျော်လှသိန်းက ထပ်မံ ပြောကြားသည်။

“ဧရာဝတီလင်းပိုင်က တံငါသည်တွေ ကြားမှာ ငါးဖမ်းပေးတဲ့ ဓလေ့ကို အသုံးချပြီးတော့ ရှော့ခ်တိုက် ငါးဖမ်းတာ တွေ့ရတယ်။ ကျွန်တော်တို့က ဖမ်းဆီးဖို့ တာဝန်ရှိသူ မဟုတ်တော့ ဒီလိုမလုပ်နဲ့ ပြောပေမယ့်လည်း ငါးလုပ်ငန်းကတောင် မဖမ်းတာ ကျွန်တော်တို့ကို ဘာမှ လာမပြောနဲ့လို့ ပြောတယ်” ဟု ဦးကျော်လှသိန်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ မြို့နယ်အလိုက် ငါးရှော့ခ်တိုက် ဖမ်းဆီးသူများကို ဥပဒေအရ အရေးယူရန် နှစ်စဉ် ဆောင်ရွက်လျက် ရှိသော်လည်း မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မျိုးတုံး ရှားပါး ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု လက်ထောက်ဦးစီးမှူး ဦးဇော်မင်းက ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဧရာဝတီ လင်းပိုင် ပြရင်းနဲ့ ငါးရှော့တိုက် ဖမ်းတာကို ကိုယ်တိုင်မျက်မြင် တွေ့ရအောင် ခေါ်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဒါမှ စီမံချက်ချ ဖမ်းဆီးနိုင်အောင် လို့ပါ”ဟု ၎င်းက ဆိုသည်။

မင်းကွန်းဒေသနှင့် ကျောက်မြောင်းဒေသ အကြား ဧရာဝတီ လင်းပိုင်ကောင်ရေ ၂၀ ကျော်ခန့် ရှိပြီး ပြီးခဲ့သည့် သြဂုတ်လက ငါးပိုက်တိုး ဒဏ်ရာဖြင့် ဧရာဝတီ လင်းပိုင် တစ်ကောင် သေဆုံးခဲ့ကာ လာမည့် ဒီဇင်ဘာလတွင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ လင်းပိုင်ကောင်ရေ စာရင်းကောက်ရန် အစီအစဉ်ရှိကြောင်း အဆိုပါ သားငှက် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment