Pages

Monday, November 11, 2013

အမေရိကန်မှာ သေနတ်ပစ်မှု ဖြစ်ပြန်ပြီ

Photo: အမေရိကန်မှာ သေနတ်ပစ်မှု ဖြစ်ပြန်ပြီ 
Monday, November 11, 2013

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က Hoston မြို့ ထဲက Cypress ဒေသမှာ သေနတ်ပစ်မှု ဖြစ်ခဲ့ ပါတယ်။ 

၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတဲ့ သေနတ်ပစ်မှုက ကျောင်းမှာတော့ မဟုတ်ပါဘူး။ ညခင်း၊ ညဘက် ကျင်းပတဲ့ လူနေအိမ်တစ်ခုက မွေးနေ့ ပါတီပွဲမှာ ဖြစ်ပြီး ရေကူးကန်ကို သွေးတွေနဲ့ နီရဲစေခဲ့ ပါတယ်။ အိမ်တွင်း မှာ သေနတ် ပစ်ဖောက်သံ ၁၀ ချက်မက ကြားရပြီးချိန်အထိ အပြင်က လူတွေ ကနေဆဲပါပဲ။ အိမ်တွင်း အပေါ်ထပ် ပြတင်းပေါက်ခွဲလို့ ခုန်ချလာ သူတို့ကို တွေ့မှ ခြံဝိုင်းတွင်းက လူများ စတင် ထွက်ပြေး ပါတော့တယ်။ လူဦးရေ ၁၀၀ ကျော်တက်ရောက်တဲ့ ပါတီပွဲ အကြီး စား ဖြစ်ပြီး သေနတ်ပစ်မှုကြောင့် ထွက်ပြေးရာကနေ ထိခိုက်ဒဏ်ရာများ ရရှိကုန်ခြင်း ဖြစ်ပါတယ်။ 

ခြံဝိုင်းနဲ့၊ တံခါးများကို ကျော်ဖြတ်ပြေးကြချိန် တစ်ယောက်ပေါ်တစ်ယောက် တွန်းတိုက်၊ တက်နင်း မိကြပြီး ဒဏ်ရာရသူ ၂၂ ဦးကို ဆေးရုံပို့ထား ရပါတယ်။ တစ်ဦးက ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးသေပြီး နောက်တစ်ဦး ကတော့ ဆေးရုံရောက်မှ သေပါတယ်။ ကျန်တဲ့သူများထဲမှာလည်း ကျည်ဆံကို ခြေထောက်မှာ ထိတဲ့ ဒဏ်ရာ များ ရရှိခဲ့ ပါတယ်။ သေနတ် ပစ်သူ ရာဇဝတ်သားကို ရှာဖွေနေဆဲပါပဲ။ ဒီအတွက် သေနတ်ပစ်သမား ၂ ဦးပါဝင်မယ်လို့ ယုံကြည်ပြီး အနှေးနဲ့ အမြန် ရှာဖွေ စစ်ဆေး အရေးယူရန် ဒေသခံ အာဏာပိုင်များ ကြိုးပန်းလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 11 .2013
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က Hoston မြို့ ထဲက Cypress ဒေသမှာ သေနတ်ပစ်မှု ဖြစ်ခဲ့ ပါတယ်။ ၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတဲ့ သေနတ်ပစ်မှုက ကျောင်းမှာတော့ မဟုတ်ပါဘူး။ ညခင်း၊ ညဘက် ကျင်းပတဲ့ လူနေအိမ်တစ်ခုက မွေးနေ့ ပါတီပွဲမှာ ဖြစ်ပြီး ရေကူးကန်ကို သွေးတွေနဲ့ နီရဲစေခဲ့ ပါတယ်။ အိမ်တွင်း မှာ သေနတ် ပစ်ဖောက်သံ ၁၀ ချက်မက ကြားရပြီးချိန်အထိ အပြင်က လူတွေ ကနေဆဲပါပဲ။ 
 
အိမ်တွင်း အပေါ်ထပ် ပြတင်းပေါက်ခွဲလို့ ခုန်ချလာ သူတို့ကို တွေ့မှ ခြံဝိုင်းတွင်းက လူများ စတင် ထွက်ပြေး ပါတော့တယ်။ လူဦးရေ ၁၀၀ ကျော်တက်ရောက်တဲ့ ပါတီပွဲ အကြီး စား ဖြစ်ပြီး သေနတ်ပစ်မှုကြောင့် ထွက်ပြေးရာကနေ ထိခိုက်ဒဏ်ရာများ ရရှိကုန်ခြင်း ဖြစ်ပါတယ်။

ခြံဝိုင်းနဲ့၊ တံခါးများကို ကျော်ဖြတ်ပြေးကြချိန် တစ်ယောက်ပေါ်တစ်ယောက် တွန်းတိုက်၊ တက်နင်း မိကြပြီး ဒဏ်ရာရသူ ၂၂ ဦးကို ဆေးရုံပို့ထား ရပါတယ်။ တစ်ဦးက ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးသေပြီး နောက်တစ်ဦး ကတော့ ဆေးရုံရောက်မှ သေပါတယ်။ 
 
ကျန်တဲ့သူများထဲမှာလည်း ကျည်ဆံကို ခြေထောက်မှာ ထိတဲ့ ဒဏ်ရာ များ ရရှိခဲ့ ပါတယ်။ သေနတ် ပစ်သူ ရာဇဝတ်သားကို ရှာဖွေနေဆဲပါပဲ။ ဒီအတွက် သေနတ်ပစ်သမား ၂ ဦးပါဝင်မယ်လို့ ယုံကြည်ပြီး အနှေးနဲ့ အမြန် ရှာဖွေ စစ်ဆေး အရေးယူရန် ဒေသခံ အာဏာပိုင်များ ကြိုးပန်းလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: Xinhua
ရိုးရာလေး  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment