Pages

Sunday, September 1, 2013

ဆီးရီးယားအပေါ် ပြုလုပ်နိုင်ဖွယ ရှိသည့် တိုက်ခိုက်မှုတွင် ပါဝင်မည် မဟုတ်ဟု NATO တပ်ဖွဲ့ အကြီးအကဲ ပြောကြား

Photo: ဆီးရီးယားအပေါ် ပြုလုပ်နိုင်ဖွယ ရှိသည့် တိုက်ခိုက်မှုတွင် ပါဝင်မည် မဟုတ်ဟု NATO တပ်ဖွဲ့ အကြီးအကဲ ပြောကြား
 Sunday, September 1, 2013

ဆီးရီးယား ပြည်တွင်းစစ် အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို  အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များ နှင့်ပတ်သက်၍ တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ်  ပြုလုပ်လာနိုင်ဖွယ် ရှိသည့် စစ်ရေးအရ အရေးယူတိုက် ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များက ပါဝင်သွားမည် မဟုတ်ကြောင်း အဆိုပါတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ အန်ဒါးစ်ဖော့ရက်စ် မူဆန်က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။

ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာမှ တုံ့ပြန်မှုများ ပြုလုပ်ရာတွင် NATO တပ်ဖွဲ့အနေဖြင့် ပါဝင်သွားမည် မဟုတ်ကြောင်း၊ မိမိတို့၏ တာဝန်မှာ တူရကီတပ်ဖွဲ့ဝင် များကို ထောက်ပံ့ပေးရန်နှင့် ဆီးရီးယား နိုင်ငံဘက်မှ တူရကီ နိုင်ငံဘက်သို့ တိုက်ခိုက်လာသည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တုံ့ပြန်ရန် အတွက်သာ ဖြစ်ကြောင်း  ဒိန်းမတ်နိုင်ငံ အနောက်ပိုင်း ဂျက်လန်း ကျွန်းဆွယ်ပေါ်ရှိ  မီဂျယ်လ်မြို့တွင်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဒိန်းမတ် သတင်းစာ တစ်စောင်ဖြစ်သော Politiken သတင်းစာမှ သတင်းထောက်များကို ရက်စ်မူဆန် က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

မြ၀တီ

RangonNewsDaily:: September 1, 2013

ဆီးရီးယား ပြည်တွင်းစစ် အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များ နှင့်ပတ်သက်၍ တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ် ပြုလုပ်လာနိုင်ဖွယ် ရှိသည့် စစ်ရေးအရ အရေးယူတိုက် ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များက ပါဝင်သွားမည် မဟုတ်ကြောင်း အဆိုပါတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ အန်ဒါးစ်ဖော့ရက်စ် မူဆန်က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။ ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာမှ တုံ့ပြန်မှုများ ပြုလုပ်ရာတွင် NATO တပ်ဖွဲ့အနေဖြင့် ပါဝင်သွားမည် မဟုတ်ကြောင်း၊ မိမိတို့၏ တာဝန်မှာ တူရကီတပ်ဖွဲ့ဝင် များကို ထောက်ပံ့ပေးရန်နှင့် ဆီးရီးယား နိုင်ငံဘက်မှ တူရကီ နိုင်ငံဘက်သို့ တိုက်ခိုက်လာသည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တုံ့ပြန်ရန် အတွက်သာ ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံ အနောက်ပိုင်း ဂျက်လန်း ကျွန်းဆွယ်ပေါ်ရှိ မီဂျယ်လ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဒိန်းမတ် သတင်းစာ တစ်စောင်ဖြစ်သော Politiken သတင်းစာမှ သတင်းထောက်များကို ရက်စ်မူဆန် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment