Pages

Thursday, September 5, 2013

နည်းပြအပေါ်ယုံကြည်မှုရှိလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါဆိုတဲ့ အိုဇေးလ်

Photo: နည်းပြအပေါ်ယုံကြည်မှုရှိလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါဆိုတဲ့ အိုဇေးလ်
Thursday, September 5, 2013

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်ကျမှ ရီးယဲလ် ကနေ ပြောင်းရွှေ့လာတဲ့ အိုဇေးလ်ဟာ နာမည်ကြီးကစားသမား မခေါ်ယူလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပါ ပြောင်းရွှေ့လာတာမို့ သူဘာကြောင့် အာဆင်နယ်ကို ရွေးချယ်ခဲ့သလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြမှာပါ။ ဒါကြောင့် အာဆင်နယ်ကစားသမားသစ် အိုဇေးလ်ကို ဂျာမနီလက်ရွေးစင်အသင်းဝက်ဘ်ဆိုဒ်က အာဆင်နယ်ကို ပြောင်းရွှေ့လာတဲ့ သူ့ရဲ့ရွေးချယ်မှုနဲ့ပတ်သက်လို့ အခုလိုမေးမြန်းထားခဲ့ပါတယ်။
---------------------------------------------------------------------------
ပြီးခဲ့တဲ့အပတ်တုန်းကတော့ ရီးယဲလ်မှာပဲ ဆက်နေမယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒါပေမဲ့ ဘာကြောင့် ချက်ချင်းကြီး ဆုံးဖြတ်ချက်ပြင်လိုက်တာလဲ။

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ကျွန်တော် ရီးယဲလ်မှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာဆိုခဲ့ ပါတယ်။ ဒါပေမဲ့ နည်းပြဆီက ကျွန်တော့်ကို ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်တော် နားလည်လာပါတယ်။ ကျွန်တော်က ကျွန်တော့်ကို ယုံကြည်မှုရှိတာကိုပဲ လိုချင်တဲ့ကစားသမားမျိုးပါ။ ကျွန်တော့်အရည်အချင်း ကို သံသယရှိနေတဲ့ နည်းပြလက်အောက်မှာ မနေချင်တော့တာကြောင့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာပါ။

ခင်ဗျား အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

ပထမဆုံး ကျွန်တော် တကယ်စိတ်ထဲမှာ ခံစားရတာက နည်းပြဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိ တယ်ဆိုတာပါပဲ။ ဒီကိုမပြောင်းရွှေ့ခင်မှာသူ (အာစင်ဝင်းဂါး)နဲ့ ကျွန်တော်ဖုန်းထဲမှာ စကားတွေပြောဖြစ် ပါတယ်။ သူက ရှေ့ဆက်မယ့် သူ့ရဲ့အစီအစဉ်တွေကို ရှင်းပြပါတယ်။ သူက ကျွန်တော့်အပေါ် ယုံကြည်မှု ရှိတယ်လို့ ပြောခဲ့ပြီး ကစားသမားတစ်ယောက်အနေနဲ့ လိုချင်တာကလည်း နည်းပြရဲ့ယုံကြည်မှုကိုပါပဲ။ ပြီးတော့ ကျွန်တော့်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ပိုဒေါစကီးနဲ့ မာတီဆက်ကာတို့နဲ့လည်း အတူတူ ကစားခွင့်ရမယ်လေ။ ကျွန်တော် အာဆင်နယ်မှာ စိန်ခေါ်မှု အသစ်တွေရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 
ဒီအသင်းမှာ အရမ်းကောင်းမွန်တဲ့ ပရိသတ်တွေရှိတယ်ဆိုတာ ကျွန်တော်ကြားပြီးပါပြီ။ အသင်းတည်ရှိတဲ့ လန်ဒန်မြို့ကလည်း နေချင်စရာကောင်းပြီး အသင်းရဲ့ စုဖွဲ့မှုကလည်း အရမ်းကောင်းတယ်ဆိုတာ ကျွန် တော်သိပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါပြီ။
အာစင်ဝင်းဂါးက ဂျာမန်လိုကောင်းကောင်း ပြောတတ်တာကရော 

ခင်ဗျားအတွက် အကူအညီ ဖြစ်မလား။

ဒါပေါ့ဗျ၊ သူတင်မကဘဲ အဲဒီမှာရှိနေ ပြီးသား ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားအသင်းဖော်တွေ ဆီကလည်း ကျွန်တော့်အတွက် အကူအညီတွေရမှာပါ။ စိန်ခေါ်မှုအသစ်တွေကို ကျွန်တော် စောင့်နေရုံပဲလေ။

ဒီဆုံးဖြတ်ချက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက်နဲ့ရော ပတ်သက်နေမလား။

ဟုတ်ပါတယ်။ ကျွန်တော် ဒီ့ထက်တိုးတက်လာဖို့ အာစင်ဝင်းဂါးက ကူညီနိုင်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်အပြည့်အ၀ ကြံ့ခိုင်နေချင်ပါတယ်။ ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ကျွန်တော်သိနေသလို ဖြစ်လာမယ့်
အကြောင်းအရာတွေကိုလည်း တွေးထားပြီးသားပါ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံး တည်ဆောက်နိုင်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်။ အာဆင်နယ်ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုလို့ ကျွန်တော်ခံစားရပါတယ်။ နည်းပြသစ်ရဲ့လက်အောက်မှာ ကျွန်တော် ပိုတိုးတက်လာမယ်လို့ ယုံကြည်နေသလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးကစားနိုင် လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့အပေါ် ကျွန်တော်ယုံကြည်မှုရှိသလို ကျွန်တော်လည်း ဒီ့ထက် ပို တိုးတက်လာဦးမှာပါ။

အောင်သုတ
မဇ္ဈိမ


RangonNewsDaily:: September 5, 2013

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်ကျမှ ရီးယဲလ် ကနေ ပြောင်းရွှေ့လာတဲ့ အိုဇေးလ်ဟာ နာ
မည်ကြီးကစားသမားမခေါ်ယူလို့အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ပရိသတ်
တွေအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါ့အပြင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပါ ပြောင်းရွှေ့လာတာမို့ သူဘာကြောင့် အာဆင်နယ်ကို ရွေး
ချယ်ခဲ့သလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြမှာပါ။ ဒါကြောင့် အာဆင်နယ်ကစားသမားသစ် အိုဇေး
လ်ကို ဂျာမနီလက်ရွေးစင်အသင်းဝက်ဘ်ဆိုဒ်က အာဆင်နယ်ကို ပြောင်းရွှေ့လာတဲ့ သူ့ရဲ့ရွေးချယ်မှုနဲ့ပတ်
သက်လို့ အခုလိုမေးမြန်းထားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ ရီးယဲလ်မှာပဲ ဆက်နေမယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒါပေမဲ့ ဘာကြောင့် ချက်ချင်းကြီး ဆုံးဖြတ်ချက်ပြင်လိုက်တာလဲ။


ဟုတ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ကျွန်တော် ရီးယဲလ်မှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာဆိုခဲ့ ပါ
တယ်။ ဒါပေမဲ့ နည်းပြဆီက ကျွန်တော့်ကို ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်တော် နားလည်လာပါတယ်။ ကျွန်
တော်က ကျွန်တော့်ကို ယုံကြည်မှုရှိတာကိုပဲ လိုချင်တဲ့ကစားသမားမျိုးပါ။ ကျွန်တော့်အရည်အချင်း ကို သံသ
ယရှိနေတဲ့ နည်းပြလက်အောက်မှာ မနေချင်တော့တာကြောင့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့
တာပါ။

ခင်ဗျား အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

ပထမဆုံး ကျွန်တော် တကယ်စိတ်ထဲမှာ ခံစားရတာက နည်းပြဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိ တယ်
ဆိုတာပါပဲ။ ဒီကိုမပြောင်းရွှေ့ခင်မှာသူ (အာစင်ဝင်းဂါး)နဲ့ ကျွန်တော်ဖုန်းထဲမှာ စကားတွေပြောဖြစ် ပါတယ်။ သူက ရှေ့ဆက်မယ့် သူ့ရဲ့အစီအစဉ်တွေကို ရှင်းပြပါတယ်။ 
သူကကျွန်တော့်အပေါ်ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပြီးကစားသမားတစ်ယောက်အနေနဲ့ လိုချင်တာကလည်း
နည်းပြရဲ့ယုံကြည်မှုကိုပါပဲ။ ပြီးတော့ ကျွန်တော့်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ပိုဒေါစကီးနဲ့ မာတီ
ဆက်ကာတို့နဲ့လည်း အတူတူ ကစားခွင့်ရမယ်လေ။ 
ကျွန်တော်အာဆင်နယ်မှာစိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ဒီအသင်းမှာ အရမ်းကောင်း
မွန်တဲ့ ပရိသတ်တွေရှိတယ်ဆိုတာ ကျွန်တော်ကြားပြီးပါပြီ။ 
အသင်းတည်ရှိတဲ့ လန်ဒန်မြို့ကလည်း နေချင်စရာကောင်းပြီးအသင်းရဲ့စုဖွဲ့မှုကလည်းအရမ်းကောင်းတယ်
ဆိုတာ ကျွန် တော်သိပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါပြီ။
အာစင်ဝင်းဂါးက ဂျာမန်လိုကောင်းကောင်း ပြောတတ်တာကရော ခင်ဗျားအတွက် အကူအညီ ဖြစ်မလား။

ဒါပေါ့ဗျ၊ သူတင်မကဘဲ အဲဒီမှာရှိနေ ပြီးသား ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားအသင်းဖော်တွေ ဆီက
လည်း ကျွန်တော့်အတွက် အကူအညီတွေရမှာပါ။ စိန်ခေါ်မှုအသစ်တွေကို ကျွန်တော် စောင့်နေရုံပဲလေ။

ဒီဆုံးဖြတ်ချက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက်နဲ့ရော ပတ်သက်နေမလား။

ဟုတ်ပါတယ်။ ကျွန်တော် ဒီ့ထက်တိုးတက်လာဖို့ အာစင်ဝင်းဂါးက ကူညီနိုင်မယ်လို့ ကျွန်တော်ယုံကြည် ပါ
တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်အပြည့်အ၀ ကြံ့ခိုင်နေချင်ပါတယ်။ 
ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ကျွန်တော်သိနေသလို ဖြစ်လာမယ့်အကြောင်းအရာတွေကိုလည်း တွေး
ထားပြီးသားပါ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံး တည်ဆောက်နိုင်ပါ
တယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်။အာဆင်နယ်ကို ရွေး
ချယ်ခဲ့တာဟာမှန်ကန်တဲ့ရွေးချယ်မှုလို့ကျွန်တော်ခံစားရပါတယ်။ နည်းပြသစ်ရဲ့လက်အောက်မှာ ကျွန်တော်
ပိုတိုးတက်လာမယ်လို့ ယုံကြည်နေသလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးကစားနိုင် လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့အပေါ် ကျွန်တော်ယုံကြည်မှုရှိသလို ကျွန်တော်လည်း ဒီ့ထက် ပို တိုးတက်
လာဦးမှာပါ။

အောင်သုတ
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment