Pages

Thursday, September 5, 2013

စက်တင်ဘာမှာ ထွက်မယ့် ယုန်လေးရဲ့ လူဆိုးကြီးများနေ့ အခွေ

Photo: စက်တင်ဘာမှာ ထွက်မယ့် ယုန်လေးရဲ့ လူဆိုးကြီးများနေ့ အခွေ
Thursday, September 5, 2013

ယုန်လေးက လူဆိုးကြီး များနဲ့ အတူ သီဆို ထားတဲ့ သူ့ရဲ့ စီးရီးသစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ လူဆိုး ကြီးတွေ ပါဝင်ကြမယ့် ယုန်လေးရဲ့ အခွေသစ် လူဆိုးကြီး များနေ့ အ ကြောင်းကို ယုန်လေး ပြောပြတာက “ကိုယ်တိုင်လည်း လူဆိုး ဆိုတဲ့ ဝေါ ဟာရကို ကြိုက်လို့ပါ။ ကလေးလေး တွေ ဆိုးရင် လူဆိုးလေး လို့ ပြော ကြတယ်။ လူဆိုး ဆိုတဲ့ ဝေါဟာရက အထာကျတယ် ခံစားမိလို့ပါ။ သူတို့ တွေကလည်း လူဆိုးတွေ များတယ်။ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Snare၊ လွှမ်းပိုင် ၊ စေတန်၊ ဒိုဒိုး စသဖြင့် လူဆိုး တွေများတယ်။ ပြီးတော့ အကြီး ပိုင်းထဲက ဆိုရင် ဦးဘိုဘိုဟန် တို့ ဦးစိန်ဝင်းထွန်း တို့လည်း ပါမယ်”လို့ ဆိုသူ ယုန်လေး က ဒီအခွေမှာတော့ ပုံစံ တွေလည်း ပြောင်းသွားမယ် လို့ ပြော ပါတယ်။

“အရင်တုန်းက အားနည်း ချက်တွေ ရှိတယ်။ ကျန်းမာရေး မဆင်ခြင်တော့ အသံပိုင်း ဆိုင်ရာမှာ ချို့ယွင်းချက်တွေ ရှိတယ်။ အခုတော့ အသံ အနေ အထားတွေက အစ ဆို ပေါက်တွေ ပြောင်းမယ်။ သံစဉ်တွေ စာသားတွေ လည်း ပြောင်းမယ်။ လူ ကြီး ဆန်သွားပြီ ပြောရမှာပေါ့။ အရင်လို သတ်မယ်၊ ပုတ်မယ် သီချင်း မျိုးပါလား ဆိုတော့ အဲဒီလိုတော့ မပါ ဘူး။ ဒါပေမဲ့ ဒဲ့ဒိုးတွေ များတော့ နည်းနည်း ရိုင်းသလို ဖြစ်တာမျိုးတွေ ရှိမှာပေါ့။ သူများ ကို battle လုပ်တာ မျိုးတွေလည်း မပါပါဘူး။

တည့်ရေးထား တာ မျိုးလေးတွေ ပဲ ပါတယ်။ အချစ် အကြောင်း သီချင်းတွေ မှာ ကျတော့ တော်တော် လေးနက်သွားပြီ။ အဲဒီ အတွက် နည်းနည်း ပေါ့ပေါ့ ပါးပါး ဖြစ်မယ့် ၂ပုဒ်လောက် ထပ်ထည့် ထားတယ်။ လေးနက်တယ် ဆိုတာ က ကျွန်တော်တို့ အသက်အရွယ် အပိုင်း အခြားမှာ ချစ်ဖူးတဲ့ ပုံစံမျိုးပေါ့။ ၂၆၊ ၂၇၊၂၈ အဲဒီ အရွယ်မှာ အဲ့ဒီအရွယ် လို ချစ်ဖူး တာမျိုး။ အဲ့ဒါမျိုးတွေ ပါတယ်။ အဲ့ဒါက ဆယ်ကျော်သက် အရွယ် ရဲ့ ခံစားမှု နဲ့ တူမှာ မဟုတ်ပါ ဘူး။
အဲ့ဒီအခါ ကျွန်တော်တို့ ရေးတဲ့ အချစ်မျိုး က ဆယ်ကျော် သက် တွေနဲ့ မတိုက်ဆိုင်မှာ စိုးတဲ့ အတွက် အဲ့ဒီလို အပျော် အချစ် သီချင်းလေးတွေ လည်း ထပ်ထည့်ထားတယ်။ ကလေးစာသားတွေ မဆိုချင်တော့ဘူး ဆိုတာ က ကျွန်တော်တို့ လည်း ဒီလောက ထဲမှာ နေတာ ကြာပြီ လူကြီး လည်း ဖြစ်လာတော့ ပရိသတ်က ခွင့်လွှတ် မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် အများကြီး ပြင်ဆင်ရတယ်။ အား လည်း ရပါ တယ်” လို့ ယုန်လေး ကပြောပြီး သူ့ရဲ့ စီးရီးသစ် မှာတော့ ငယ်ငယ်လေး ကတည်းက သူတို့ ရက်ပါ အသိုင်း အဝိုင်းထဲမှာ နှစ်သက်ခဲ့တဲ့ ဟစ် ဟော့ပ် ပုံစံ မျိုးတွေ ပါမယ်လို့ ဆက် ပြောပါတယ်။

” MHA ကလူတွေ၊ နောက် ပြီး Acid တို့ စခဲ့တဲ့ ပုံစံ အဲဒီတုန်း ကတည်း က ကြိုက်ခဲ့တဲ့ ဟစ်ဟော့ပ် West Coast ပုံစံမျိုးတွေပဲ ပါမှာပါ” လို့ ပြောတဲ့ ယုန်လေးက သူ့ရဲ့ လူဆိုး ကြီးများ နေ့ စီးရီးထဲမှာတော့ စီဒီချပ် အပြင် ရိုက်ပြီးသား အမ်တီဗီသုံး ပုဒ်ကို ဒီဗီဒီ အနေနဲ့ Bonus ထည့် ပေးသွား မှာ ဖြစ်တယ် ဆိုတာကို လည်း ယုန်လေးက ခဏတာ တွေ့ဆုံ ခိုက်မှာ ပြောခဲ့ပါတယ်။

Popular Journal

RangonNewsDaily:: September 5, 2013

ယုန်လေးက လူဆိုးကြီး များနဲ့ အတူ သီဆို ထားတဲ့ သူ့ရဲ့ စီးရီးသစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ လူဆိုး ကြီးတွေ ပါဝင်ကြမယ့် ယုန်လေးရဲ့ အခွေသစ် လူဆိုးကြီး များနေ့ အ ကြောင်းကို ယုန်လေး ပြောပြတာက “ကိုယ်တိုင်လည်း လူဆိုး ဆိုတဲ့ ဝေါ ဟာရကို ကြိုက်လို့ပါ။ ကလေးလေး တွေ ဆိုးရင် လူဆိုးလေး လို့ ပြော ကြတယ်။ လူဆိုး ဆိုတဲ့ ဝေါဟာရက အထာကျတယ် ခံစားမိလို့ပါ။ သူတို့ တွေကလည်း လူဆိုးတွေ များတယ်။ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Snare၊ လွှမ်းပိုင် ၊ စေတန်၊ ဒိုဒိုး စသဖြင့် လူဆိုး တွေများတယ်။ ပြီးတော့ အကြီး ပိုင်းထဲက ဆိုရင် ဦးဘိုဘိုဟန် တို့ ဦးစိန်ဝင်းထွန်း တို့လည်း ပါမယ်”လို့ ဆိုသူ ယုန်လေး က ဒီအခွေမှာတော့ ပုံစံ တွေလည်း ပြောင်းသွားမယ် လို့ ပြော ပါတယ်။

“အရင်တုန်းက အားနည်း ချက်တွေ ရှိတယ်။ ကျန်းမာရေး မဆင်ခြင်တော့ အသံပိုင်း ဆိုင်ရာမှာ ချို့ယွင်းချက်တွေ ရှိတယ်။ အခုတော့ အသံ အနေ အထားတွေက အစ ဆို ပေါက်တွေ ပြောင်းမယ်။ သံစဉ်တွေ စာသားတွေ လည်း ပြောင်းမယ်။ လူ ကြီး ဆန်သွားပြီ ပြောရမှာပေါ့။ 
 
အရင်လို သတ်မယ်၊ ပုတ်မယ် သီချင်း မျိုးပါလား ဆိုတော့ အဲဒီလိုတော့ မပါ ဘူး။ ဒါပေမဲ့ ဒဲ့ဒိုးတွေ များတော့ နည်းနည်း ရိုင်းသလို ဖြစ်တာမျိုးတွေ ရှိမှာပေါ့။ သူများ ကို battle လုပ်တာ မျိုးတွေလည်း မပါပါဘူး။

တည့်ရေးထား တာ မျိုးလေးတွေ ပဲ ပါတယ်။ အချစ် အကြောင်း သီချင်းတွေ မှာ ကျတော့ တော်တော် လေးနက်သွားပြီ။ အဲဒီ အတွက် နည်းနည်း ပေါ့ပေါ့ ပါးပါး ဖြစ်မယ့် ၂ပုဒ်လောက် ထပ်ထည့် ထားတယ်။ လေးနက်တယ် ဆိုတာ က ကျွန်တော်တို့ အသက်အရွယ် အပိုင်း အခြားမှာ ချစ်ဖူးတဲ့ ပုံစံမျိုးပေါ့။ ၂၆၊ ၂၇၊၂၈ အဲဒီ အရွယ်မှာ အဲ့ဒီအရွယ် လို ချစ်ဖူး တာမျိုး။ အဲ့ဒါမျိုးတွေ ပါတယ်။ အဲ့ဒါက ဆယ်ကျော်သက် အရွယ် ရဲ့ ခံစားမှု နဲ့ တူမှာ မဟုတ်ပါ ဘူး။

အဲ့ဒီအခါ ကျွန်တော်တို့ ရေးတဲ့ အချစ်မျိုး က ဆယ်ကျော် သက် တွေနဲ့ မတိုက်ဆိုင်မှာ စိုးတဲ့ အတွက် အဲ့ဒီလို အပျော် အချစ် သီချင်းလေးတွေ လည်း ထပ်ထည့်ထားတယ်။ ကလေးစာသားတွေ မဆိုချင်တော့ဘူး ဆိုတာ က ကျွန်တော်တို့ လည်း ဒီလောက ထဲမှာ နေတာ ကြာပြီ လူကြီး လည်း ဖြစ်လာတော့ ပရိသတ်က ခွင့်လွှတ် မှာ မဟုတ်ဘူး။ 
 
အဲ့ဒီအတွက် အများကြီး ပြင်ဆင်ရတယ်။ အား လည်း ရပါ တယ်” လို့ ယုန်လေး ကပြောပြီး သူ့ရဲ့ စီးရီးသစ် မှာတော့ ငယ်ငယ်လေး ကတည်းက သူတို့ ရက်ပါ အသိုင်း အဝိုင်းထဲမှာ နှစ်သက်ခဲ့တဲ့ ဟစ် ဟော့ပ် ပုံစံ မျိုးတွေ ပါမယ်လို့ ဆက် ပြောပါတယ်။

” MHA ကလူတွေ၊ နောက် ပြီး Acid တို့ စခဲ့တဲ့ ပုံစံ အဲဒီတုန်း ကတည်း က ကြိုက်ခဲ့တဲ့ ဟစ်ဟော့ပ် West Coast ပုံစံမျိုးတွေပဲ ပါမှာပါ” လို့ ပြောတဲ့ ယုန်လေးက သူ့ရဲ့ လူဆိုး ကြီးများ နေ့ စီးရီးထဲမှာတော့ စီဒီချပ် အပြင် ရိုက်ပြီးသား အမ်တီဗီသုံး ပုဒ်ကို ဒီဗီဒီ အနေနဲ့ Bonus ထည့် ပေးသွား မှာ ဖြစ်တယ် ဆိုတာကို လည်း ယုန်လေးက ခဏတာ တွေ့ဆုံ ခိုက်မှာ ပြောခဲ့ပါတယ်။

Popular Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment