Pages

Thursday, September 5, 2013

ယာဉ်၏နောက်မှတွယ်စီးလိုက်ပါလာသူ ရွာအ၀င်ရှိ သတိပေးသစ်သားတန်းနှင့် တိုက်မိသဖြင့် ပြုတ်ကျသေဆုံး

RangonNewsDaily:: September 5, 2013

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄း၃၀နာရီ အချိန် ကော့မှူးမြို့ နယ်၊ ကော့မှူး-ဒလ ကားလမ်းအတိုင်း ကော့မှူးဘက်မှ ဒလဘက်သို့ မောင်းနှင်လာတဲ့ ၅က/---- ဟိုင်းလတ်အငှားယာဉ်သည် ကျူတောချောင်ကျေးရွာ အရောက်တွင် ယာဉ်၏နောက်မှ တွယ်စီးလိုက်ပါလာသူ

ဦးစံသိန်း (ဘ)ဦးညွန့်တင်၊ ကွမ်းခြံ ကုန်းမြို့နယ်နေသူမှာ ရွာအ၀င်ရှိ(၃)တန်အထက်ယာဉ်မ၀င်ရ ဟုရေးသားထားသည့်သစ်သားတန်းနှင့် တိုက်မိပြီးယာဉ်ပေါ်မှပြုတ်ကျခဲ့ရာ ဦးစံသိန်းတွင် ဦးခေါင်းနောက်စေ့၌ပေါက်ပြဲဒဏ်ရာရရှိခဲ့ သဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားသောကြောင့် ယာဉ်မောင်းအားကော့မှူးမြို့မရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

The Modern News ,RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment