Pages

Monday, September 9, 2013

နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်များထုတ်ပြန်

RangonNewsDaily:: September 9, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှယနေ့စက်တင်ဘာလ၉ ရက် နေ့စွဲဖြင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ပုဒ်မခွဲ(က) နှင့် ပုဒ်မ
ခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်းချက်များ
အရ***
ဒေါက်တာစိုင်းကျော်အုန်း အားဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
အဖြစ်ခန့်အပ်တာဝန်ပေးလိုက်ပြီး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ပုဒ်မခွဲ(က) နှင့် ပုဒ်မ
ခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်းချက်များ
 အရ***

နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးတင်ငွေအားမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅ ၊ ပုဒ်မခွဲ(က)၊ပုဒ်မခွဲ
(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့်နေပြည်တော်ကောင်စီဥပဒေ
ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ**

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်အား
နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်းသတင်းထုတ်ပြန်သည်။

Popular Myanmar ::-- ,RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment