Pages

Thursday, August 29, 2013

ဆီးရီးယားကို အမေရိကန်တိုက်ခိုက်ပါက အစ္စရေးကိုလက်တုံ့ပြန်မည်ဟု အီရန်သတိပေး

Wednesday, August 29, 2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: Aug 29, 2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။ သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သ
ဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

The Voice, RangonNewsDaily
kolatt (Pabedan): 29.8.2013

0 comments:

Post a Comment