Pages

Thursday, August 29, 2013

ကျောင်းသားကလေးငယ် တစ်ဦးတည်းရေဆင်းကူးရာမှ ပျောက်ဆုံး

RangonNewsDaily:: Aug 29, 2013

၂၈.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊
ရွှေလင်ပန်းကျေးရွာနေ မောင်သိန်းတန်စိုး(ခ)ကျော်မင်းထက်၊ (၈)နှစ်၊ (၂)တန်းကျောင်းသား၊ (ဘ)ဦးအောင်ကျော်ဆန်းသည် လှိုင်သာယာ
မြို့နယ်၊ အ.မ.က(၄၂)ကျောင်းမှ ပြန်လာပြီး (၁)ရပ်ကွက်ရှိ
ရွှေလင်ပန်းချောင်း၊ ငါးမန်းတံတားအောက်တွင် တစ်ဦးတည်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် ၎င်း၏မိဘ
များနှင့် လှိုင်သာယာမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , RangonNewsDaily
kolatt (Pabedan): 29.8.2013

0 comments:

Post a Comment