Pages

Tuesday, August 6, 2013

ဧရာဝတီ စာပေပွဲတော် ကျင်းပမည့် နေရာကို မြို့ခံ စာပေသမား အချို့ မနှစ်သက်ဟုဆို

Photo: ဧရာဝတီ စာပေပွဲတော် ကျင်းပမည့် နေရာကို မြို့ခံ စာပေသမား အချို့ မနှစ်သက်ဟုဆို
Tuesday, August 06, 2013

မန္တလေးမြို့တော်တွင် လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး အကြိမ် ကျင်းပမည့် ဧရာဝတီ စာပေပွဲတော် အခမ်းအနားကို မန္တလေးတောင်ခြေ ကုသိုလ်တော် ရင်ပြင်ကို ရွေးချယ်ထားမှု အပေါ် မြို့ခံ စာပေသမား အချို့နှင့် မြို့ခံလူထုက နှစ်သက်ခြင်း မရှိကြောင်း ယင်းမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

“ပွဲက ကြီးလည်း ကြီးတယ်။ နောက် ဒီပွဲကို ဒေါ်စုလည်း တက်မယ်ဆိုတော့ လူထုတွေ့ဆုံကြပြီး ပွဲတက်မဟုတ်ဘဲ ပွဲဖျက်ဖြစ်မှာမျိုးကိုတောင် စိုးရတယ်။ ပြီးတော့ နိုင်ငံခြားသားတွေ ပါမှာဆိုတော့ ဘုရားဝင်းထဲ ဖိနပ်မချွတ်ပဲ ဝင်ကြမှာဖြစ်တော့ ဒါတွေကို ကျွန်တော်တို့က မနှစ်သက်ဘူး” ဟု စာရေးဆရာ ညီပုလေးက ပြောကြားသည်။

ယင်းစာပေပွဲတော်ကို နိုင်ငံတကာမှ စာရေးဆရာများ ဦးဆောင်၍ မြို့ခံ စာရေးဆရာများနှင့် ပူးပေါင်း ကျင်းပ ပြုလုပ်ခြင်းဖြစ်ရာ ကုသိုလ်တော် ရင်ပြင်အစား အခြား နေရာ တစ်ခုခုကို ရွေးချယ်နိုင်ရန် မြို့ခံများက လိုလားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“ဘုရားဝင်းထဲ ဖိနပ်မချွတ်မယ့် ကိစ္စအပြင် ရေအိမ် အနေအထားကလည်း အခက်အခဲ ရှိနေတာ ကြောင့် ဒီလို နေရာ သတ်မှတ်တာ မကောင်းပါဘူး” ဟု မဇ္ဈိမ ဂျာနယ် သတင်းထောက် ဦးအောင်ကိုဦးက ဆိုသည်။

ဧရာဝတီ စာပေပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့တော် ၌ ပြုလုပ်ခဲ့ပြီး မန္တလေး မြို့တော်၌ ကျင်းပမည့် ပွဲတော်တွင် ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ မြန်မာ ကဗျာ၊ ဓာတ်ပုံနှင့် သတင်းထောက်များ အခက်အခဲ၊ စာပေ လွတ်လပ်ခွင၊့် ဟောပြောခွင့်၊ စာပေ သမိုင်း၊ ပုံရိပ် မျိုးစုံတို့ကို ဟောပြော ပြသခြင်းများ ပါဝင်မည် ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီဝင် စာရေးဆရာ ဖေမြင့်က ပြောကြားသည်။

“အဲဒီပွဲအတွက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အဲဒီနေရာမှာ လုပ်ပါလို့ ချထားပေးတာ။ အဲဒီနေရာမှာ လုပ်မှာကို သိပ်သဘောမကျဘူး။ အဲဒီနေရာ အစား တခြားနေရာမှာ လုပ်စေချင်တယ်” ဟု ဧရာဝတီ စာပေပွဲ ကျင်းပရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောဆိုသည်။

သန်းဖေသား
The Voice Weekly

RangonNewsDaily:: Aug 6, 2013

မန္တလေးမြို့တော်တွင် လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး အကြိမ် ကျင်းပမည့် ဧရာဝတီ စာပေပွဲတော် အခမ်းအနားကို မန္တလေးတောင်ခြေ ကုသိုလ်တော် ရင်ပြင်ကို ရွေးချယ်ထားမှု အပေါ် မြို့ခံ စာပေသမား အချို့နှင့် မြို့ခံလူထုက နှစ်သက်ခြင်း မရှိကြောင်း ယင်းမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ “ပွဲက ကြီးလည်း ကြီးတယ်။ နောက် ဒီပွဲကို ဒေါ်စုလည်း တက်မယ်ဆိုတော့ လူထုတွေ့ဆုံကြပြီး ပွဲတက်မဟုတ်ဘဲ ပွဲဖျက်ဖြစ်မှာမျိုးကိုတောင် စိုးရတယ်။ ပြီးတော့ နိုင်ငံခြားသားတွေ ပါမှာဆိုတော့ ဘုရားဝင်းထဲ ဖိနပ်မချွတ်ပဲ ဝင်ကြမှာဖြစ်တော့ ဒါတွေကို ကျွန်တော်တို့က မနှစ်သက်ဘူး” ဟု စာရေးဆရာ ညီပုလေးက ပြောကြားသည်။

ယင်းစာပေပွဲတော်ကို နိုင်ငံတကာမှ စာရေးဆရာများ ဦးဆောင်၍ မြို့ခံ စာရေးဆရာများနှင့် ပူးပေါင်း ကျင်းပ ပြုလုပ်ခြင်းဖြစ်ရာ ကုသိုလ်တော် ရင်ပြင်အစား အခြား နေရာ တစ်ခုခုကို ရွေးချယ်နိုင်ရန် မြို့ခံများက လိုလားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“ဘုရားဝင်းထဲ ဖိနပ်မချွတ်မယ့် ကိစ္စအပြင် ရေအိမ် အနေအထားကလည်း အခက်အခဲ ရှိနေတာ ကြောင့် ဒီလို နေရာ သတ်မှတ်တာ မကောင်းပါဘူး” ဟု မဇ္ဈိမ ဂျာနယ် သတင်းထောက် ဦးအောင်ကိုဦးက ဆိုသည်။

ဧရာဝတီ စာပေပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့တော် ၌ ပြုလုပ်ခဲ့ပြီး မန္တလေး မြို့တော်၌ ကျင်းပမည့် ပွဲတော်တွင် ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ မြန်မာ ကဗျာ၊ ဓာတ်ပုံနှင့် သတင်းထောက်များ အခက်အခဲ၊ စာပေ လွတ်လပ်ခွင၊့် ဟောပြောခွင့်၊ စာပေ သမိုင်း၊ ပုံရိပ် မျိုးစုံတို့ကို ဟောပြော ပြသခြင်းများ ပါဝင်မည် ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီဝင် စာရေးဆရာ ဖေမြင့်က ပြောကြားသည်။

“အဲဒီပွဲအတွက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အဲဒီနေရာမှာ လုပ်ပါလို့ ချထားပေးတာ။ အဲဒီနေရာမှာ လုပ်မှာကို သိပ်သဘောမကျဘူး။ အဲဒီနေရာ အစား တခြားနေရာမှာ လုပ်စေချင်တယ်” ဟု ဧရာဝတီ စာပေပွဲ ကျင်းပရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောဆိုသည်။

သန်းဖေသား
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 6.8.2013

0 comments:

Post a Comment