Pages

Tuesday, August 6, 2013

တင်ပါးဆုံရိုး ဒဏ်ရာ ပျောက်ကင်းသွားသဖြင့် After School အဖွဲ့တွင် နာနာ ပြန်လည် ပါဝင်မည်

Photo: တင်ပါးဆုံရိုး ဒဏ်ရာ ပျောက်ကင်းသွားသဖြင့် After School အဖွဲ့တွင် နာနာ ပြန်လည် ပါဝင်မည်
Tuesday, August 06, 2013

နာမည်ကျော် အမျိုးသမီး K Pop အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ နာနာဟာ တင်ပါးဆုံရိုး ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်တဲ့အတွက် After School အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်တယ်လို့ kpopstarz.com မှာ ဖော်ပြထားပါတယ်။

နာနာဟာ ဇွန်လထဲတုန်းက တင်ပါးဆုံရိုး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး After School အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေမှာ မပါဝင်နိုင်ဘဲ အနားယူ နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်လနီးပါး အနားယူပြီးတဲ့ နောက်မှာတော့ နာနာရဲ့ ဒဏ်ရာ ဟာ ပျောက်ကင်းသွားပြီ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ A-Nation ပွဲတော်မှာ လာမယ့် တနင်္ဂနွေနေ့ကနေ စပြီး ပြန်လည် ဖျော်ဖြေတော့မယ်လို့ kpopstarz.com မှာ ဖော်ပြထားချက် အရ သိရပါတယ်။

A-Nation ပွဲတော်ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဖျော်ဖြေပွဲတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး ပရိသတ်ပေါင်း သိန်းနဲ့ချီ တက်ရောက်လေ့ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပခဲ့တဲ့ ကျင်းပနေတဲ့ A-Nation ပွဲတော်ဟာ ဂျပန်နိုင်ငံနဲ့ အာရှ တစ်လွှားက နာမည်ကျော် အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေလေ့ရှိတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။

နာနာဟာ After School အဖွဲ့ဝင်တစ်ဦးအဖြစ် သာမက မော်ဒယ်လ် တစ်ယောက် အဖြစ်နဲ့လည်း ကိုရီးယားနဲ့ ဂျပန် ဖက်ရှင်လောကမှာ ထင်ရှားသူ တစ်ဦးပါ။

The Voice Weekly

RangonNewsDaily:: Aug 6, 2013

နာမည်ကျော် အမျိုးသမီး K Pop အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ နာနာဟာ တင်ပါးဆုံရိုး ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်တဲ့အတွက် After School အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်တယ်လို့ kpopstarz.com မှာ ဖော်ပြထားပါတယ်။ နာနာဟာ ဇွန်လထဲတုန်းက တင်ပါးဆုံရိုး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး After School အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေမှာ မပါဝင်နိုင်ဘဲ အနားယူ နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်လနီးပါး အနားယူပြီးတဲ့ နောက်မှာတော့ နာနာရဲ့ ဒဏ်ရာ ဟာ ပျောက်ကင်းသွားပြီ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ A-Nation ပွဲတော်မှာ လာမယ့် တနင်္ဂနွေနေ့ကနေ စပြီး ပြန်လည် ဖျော်ဖြေတော့မယ်လို့ kpopstarz.com မှာ ဖော်ပြထားချက် အရ သိရပါတယ်။

A-Nation ပွဲတော်ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဖျော်ဖြေပွဲတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး ပရိသတ်ပေါင်း သိန်းနဲ့ချီ တက်ရောက်လေ့ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပခဲ့တဲ့ ကျင်းပနေတဲ့ A-Nation ပွဲတော်ဟာ ဂျပန်နိုင်ငံနဲ့ အာရှ တစ်လွှားက နာမည်ကျော် အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေလေ့ရှိတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။

နာနာဟာ After School အဖွဲ့ဝင်တစ်ဦးအဖြစ် သာမက မော်ဒယ်လ် တစ်ယောက် အဖြစ်နဲ့လည်း ကိုရီးယားနဲ့ ဂျပန် ဖက်ရှင်လောကမှာ ထင်ရှားသူ တစ်ဦးပါ။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 6.8.2013

0 comments:

Post a Comment