Pages

Wednesday, August 7, 2013

အစ်ဒ်ပွဲတော်မှာ အရောင်းထိုင်းနေတဲ့ ၉၆၉ တံဆိပ်ကပ်ဆိုင်များ နှင့် ပြည်သူလူထု

RangonNewsDaily:: Aug 6, 2013

ယုဇနပလာဇာတွင် ၉၆၉ တေကာများတပ်ဆင်ထားသောဆိုင်ခန်းများသည်လုံးဝအရောင်းအဝယ်မဖြစ်

သည့်အတွက်၊တပ်ဆင်ထားသောစတေကာများကိုခွာလိုက်ကြကာလွှင့်ပစ်လိုက်ကြကြောင်းသိရှိရပေသည်။
မွတ်စလင်တို့၏ဥပုဒ်လကုန်ဆုံးကာနီးအချိန်အစ်ဒ်ပွဲတော်ဆင်နွဲရန်အတွက်ဥပုဒ်ဆောက်တည်ကြသောမွတ်
စလင်အများစုမှာဝတ်ဆင်ရန်အဝတ်အစားများနှင့်အလှပြင်ပစ္စည်းများကိုရန်ကုန်မြို့ရှိSuper Market ကြီးများ
နှင့်ဈေးကြီးများတွင်သူမတူအောင်လူအများအပြားဖြင့်အပြိုင်အဆိုင်ဝယ်ယူလျှက်ရှိကြသည်။

" အင်းးးးး ရောင်းနေရတာတော့နှစ်ပါတ်လောက်ရှိပြီး၊ဒါပေမဲ့ပြီးခဲ့တဲ့ကြာသာပတေး၊သောကြာ၊စနေ၊တနင်္ဂ

နွေ၊တနလာင်္ ရက်လောက်ကမှပိုပြီးရောင်းရလာတာဗျ၊ရောင်းချက်ကတော့ဗျာ၊ကြောက်စရာကြီး။လက်ကိုမ
လယ်တာ။လူတွေဆိုတာကလည်းနည်းတာမဟုတ်ဘူး။

တနလာင်္ဈေးပိတ်ရက်တောင်မှဖွင့်ထားတဲ့ဆိုင်တွေတော်တော်လေးရောင်းရတယ်ဗျာ။ဒါမျိုးမရောင်းဘူးတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ဒီနှစ်မှထူးထူးခြားခြားပြန်ရောင်းရတာဗျ " ဟုအစ္စလာမ်ဘာသာဝင်အထည်ဆိုင်ပိုင်ရှင်

တဦးဖြစ်သူ ဦးမျိုးလွင် (အမည်လွဲ) ကပြောပြလေသည်။

သီတင်းကျွတ်လည်းဒီလောက်မရောင်းရဘူး၊သင်္ကြန်ဆိုလည်းဒီလောက်မရောင်းရဘူး၊ခရစ်စမတ် အိုဗျာ ပွဲ

တော်အစုံပါဘဲ ဒီလောက်မရောင်းရဖူးဘူး။ဒီကုလားအိစ်ဒ်ကြမှဒီလောက်တောင်ရောင်းရတာဗျာ။ကျနော်
တို့ဆိုင်လည်းတော်တော်ရောင်းလိုက်ရတယ်။

ဒီရက်ပိုင်းဝန်းထမ်းမလောက်လို့တောင်အသစ်ထပ်ခေါ်ခန့်လိုက်ရတယ်ဗျ" ဟုဗုဒ္ဓဘာသာဝင်ဆိုင်ရှင်တဦး

ဖြစ်သူကိုကျော်ဖေဝင်း(ခ) ဝတုတ်ကြီး(အမည်လွဲ)မှအားရပါးရပြောပြလေသည်။" အေးဗျာ ဒီစတေကာက 
ကျနော်တို့ကပ်တာမဟုတ်ဘူးဗျာ။ဈေးထဲကမိတ်ဆွေ တယောက်က လာပေးသွားတာဗျ။မင်းတို့ဆိုင်မှာဒါ
ကပ်ထား။မကပ်ထားလို့ကုလား၊ဗမာ ပြသာနာတက်ရင်မင်းတို့ဆိုင်ကိုကုလားဆိုင်ထင်ပြီးလာဖျက်ကြလိမ့်
မယ်။

ဘာမှန်းတောင်မသိပါဘူးဗျာ။ကပ်သာထားလိုက်ရတယ်။တဖြည်းဖြည်းသတိထားမိလာတယ်ဗျ။ပတ်ပတ်

လည်ကဆိုင်တွေလက်မလည်အောင်ရောင်းနေရတယ်။ငါ့ဆိုင်ကြဘာလို့မရောင်းရတာလဲမသိဘူးပေါ့။ဒါနဲ့
သတိထားကြည့်မိတော့ဝယ်သူတွေကကျနော့ဆိုင်းဘုတ်ကိုကြည့်ပြီးပြန်ပြန်ထွက်သွားကြတယ်ဗျ။

အဲ့တော့မှကျနော်လည်းသတိရပြီး ၉၆၉ စတေကာကိုခွာလိုက်ရတယ်ဗျာ။င်္ဒီနေ့ကြမှဘဲရောင်းရေ
တာ့တယ်

ဗျ။တော်တော်တောင်နောက်ကျသွားတယ် " ဟု၉၆၉ စတေကာကပ်မိသူ ကိုမင်းဇော် ( အမည်လွဲ) ကပြောပြ
လေသည်။

"ကျနောတို့ကတော့ဝယ်တာဘဲ။ကုလားဆိုင်၊ဗမာဆိုင်၊တရုတ်ဆိုင် မခွဲဘူးဗျ။အားလုံးလူတွေဘဲလေ၊စီးပွား

ရေးလုပ်နေကြတာလေဗျာ။ဒီလူမဆန်တဲ့ ၉၆၉ စတေကာကပ်ထားတဲ့ဆိုင်တော့မဝယ်ဘူး။သေရင်သေသွား
ပါစေ။ဒီလိုလူမိုက်အားပေးအလုပ်တော့လုံးဝမလုပ်ဘူး။ခုလည်းဝယ်လာတာဘဲ။တချို့ဆိုင်တွေမှာ အရဟံ
ရေးထားတယ်၊တချို့ဆိုင်တွေမှာ ဗုဓ္ဓံ၊ဓမ္မံ၊သံဃ္ဃံ ရေးထားတယ်၊

တချို့ဆိုင်မှာ ၇၈၆ ရေးထားတယ်။ဘယ်ဆိုင်မှာကျနော်တို့ကြိုက်တာတွေ့လည်းအဲ့ဆိုင်မှာဝယ်လိုက်တာ

ဘဲ။ဆိုင်တဆိုင်မှာဆိုရင်လက်ဝါးကတ်တိုင်လေးတွေ့တယ်ဗျာ။ဒါပေမဲ့ကျနော်ကြိုက်တာရှိတော့ဝယ်လိုက်
တာဘဲ။ဘာပြသာနာမှမရှိဘူး။အရင်ကတည်းကလည်းဒီအမှတ်အသားတွေကရှိခဲ့တယ်။ဘာပြသာနာမှမရှိ
ခဲ့ပါဘူး။

ခုကြမှ ဒီ ၉၆၉ စတေကာတွေတံဆိပ်တွေပေါ်မှ ပြသာနာဖြစ်တာလေ။လူလူချင်းဖြစ်တဲ့အမှု့တွေကို ဥပဒေ

အတိုင်းမရှင်းဘဲဘာသာရေးပုံစံပုံဖော်တာတွေလဲ ဒီ ၉၆၉ အဖွဲ့ဘဲလေ။အဲ့တော့ကျနော်တို့လည်းစိတ်နာ
တယ်။ဝတ်စရာမရှိရင်မဝတ်ဘူး၊စားစရာမရှိလည်းမစားဘူးဗျာ။အသေခံလိုက်မယ်။အဲ့လို ၉၆၉ စတေကာ
ကပ် တဲ့ဆိုင်ကိုတော့ သေတာတောင်အားမပေး ဘူးဗျာ။ " ဟု ကိုအောင်သန်းဦး၊ ကိုလွင်ကိုအောင်၊ ကို
အောင်ကြီးနှင့် ကိုစလားတို့ ဈေးဝယ်ထွက်လာကြသောသူငယ်ချင်းတစ်စုက ပြောပြကြလေသည်။

မွတ်စလင်တို့ ဥပုဒ်လ ကုန်းဆုံးရက်အနည်းငယ်သာ လိုတော့၍အစ်ဒ်ပွဲ ဆင်နွဲရန်အတွက်ဘာသာစုံ၊ လူမျိုး

စုံမှလူအများစု မှာအဝတ်အစားနှင့်အလှဆင်ပစ္စည်းများ ကိုအားရပါးရ ဝယ်ယူနေကြကြောင်း သတင်းရရှိ
လေသည်။ အစ်ဒ်ပွဲတော်သည်။မွတ်စလင်များ ပင်မဟုတ်ဘဲ ဘာသာစုံ၊ လူမျိုးစုံ ဆင်နွဲသော် ပွဲတော်တခု
လည်းဖြစ်လေသည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယန် ဘာသာနှင့် ဟိန္ဒ၊ူ ဘာသာတို့မှသူငယ်ချင်းများကအစ်ပွဲတော် တွင်မွတ်စလင်လူမျိုး အစ္စလာမ် ဘာသာဝင်သူငယ်ချင်း များအိမ်သို့ သွားရောက်လည်ပတ်ပြီး အိစ်ဒ်ပွဲ တော်အတွက် တည်းခင်း

ထားသော် စားသောက်ဖွယ်ရာများကို သူငယ် ချင်းများနှင့်အတူပျော်ရွှင် စွာ စားသောက် ကြသည်မှာ
ကြည်းနူးဝမ်း မြောက်ဖွယ်ရာ ဓလေ့တခုဖြစ်လေသည်။

ထို့ပြင် အီဒီ ဟုခေါ်သောအသက်ကြီးသူများမှ ငယ်သူများ၊ ရာထူးကြီးသူများ မှ ရာထူး ငယ်သူများ သို့ မုန့်ဖိုး

 ပေးသော် အလေ့မှာလည်း အလွန်ပင်ကြည်နူးဖွယ် ကောင်းသော ဓလေ့ တခုပင်ဖြစ် သည်။

RangonNewsDaily
kolatt (Pabedan): 6.8.2013

  

0 comments:

Post a Comment