Pages

Wednesday, August 7, 2013

အမြန်လမ်းခေါ်မရဏလမ်းတွက်ဥပဒေတိကျစွာပြဌာန်းရန်အရေးကြီးလိုနေပြီ


RangonNewsDaily:: Aug 7, 2013
မြန်မာနိုင်ငံတွင် ရန်ကုန်မန္တလေးအမြန်လမ်းကို စတင်ဖွင့်လစ်သည့် အချိန်မှစ၍ မီသားစုလိုက်သေဆုံး ခြင်း၊လူအစုလိုက်အပြုံလိုက်သေဆုံးခြင်း များကို တစ်ပတ်ခြားတစ်ခါ ဖြစ်နေပါသည်။

ထိုသို့ဖြစ်နေမှုကို ကာကွယ်ရန် အရေးတစ်ကြီးလိုအပ်နေပါပြီ။ အမြန်လမ်းစဖွင့်သည့် ၂၀၁၂ခုနှစ်မေလ( ၂၀ )ရက်မှ ယခုနှစ်မေလ
( ၁၆ )ရက်ထိယာဉ်တိုက်မှုပေါင်း ၂၄၂မှုကြောင့်သေဆုံးသူ ၁၄၀ဦး၊ဒဏ်ရာရသူ၆၄၂ဦး ရှိလို့ မရဏလမ်းကို လုံခြုံအောင် လုပ်ရန်အောက်ပါအချက်များ အကြံပြုတင်ပြလိုက်ရပါသည်---

၁။ လမ်းသည်ကတ္တရာမရှိမှုကြောင့် ဘီးအပှုချိန်မြင့်တက်ပြီးကွဲခြင်း၊ အကွေ့များဒီဂရီမမှန်ခြင်း ကြောင့်အရှိန်လွန် တိမ်းမှောက်ခြင်း၊ တာယာ ကုတ်အားမရှိခြင်းကြောင့်စလစ်ဖြစ်တိမ်းမှောက်ခြင်း ၊ များဖြစ် နေသည့်အတွက် လမ်းအားထပ်ပိုးကတ္တရာ အမြန်ခင်းရန်လို အပ်သလို ကျဉ်းမြောင်းသည့် လမ်းကွေ့များကိုချဲ့ပေးရန်အထူး လိုအပ်သည်ထင်ပါသည် ။

၂။ ယာဉ်မောင်းသူများ သတ်မှတ်အရှိန်နူန်းထက်ပိုမိုမောင်းနင်မှုကို ထိရောက်စွာကာကွယ် တားဆီး အရေးယူ၊ပညာပေးရန်လိုအပ်ခြင်း။

၃။ အမြန်လမ်းပေါ်တွင်မမောင်းနင်ရယာဉ်များအား ထိရောက်စွာဖမ်းဆီးအရေး ယူရန်လိုအပ်ခြင်း။

၎။ အမြန်လမ်းဘေးရှိရွာများ သွားလာမှုအဆင်ပြေစေရန် မြေသား လမ်းများဖေါက်လုပ်ပေးရန်လို အပ်ခြင်း။

၅။ မသွားသင့် လူယာဉ်များကြောင့်ယာဉ်တိုက်မှုဖြစ်က မည်သို့အရေးယူမည်ကို တိကျစွာပြ ဌာန်းပေးရန်လိုအပ်ခြင်း။

၆။ အရက်သောက်ထားသည် ယာဉ်မောင်းသူများ အမြန်လမ်းပေါ်မောင်းနင်ခြင်းမပြုနိုင်ရန်စနစ် တကျစစ်ဆေးပေးရန် လိုအပ်ခြင်း။

၇။ ညဘက်တွင်ပိုမိုအန္တရာယ်များသည်အတွက် မောင်နင်ခွင့်မရှိယာဉ်များ မမောင်းနိုင်အောင် ပိုမို စစ်ဆေး ကြပ်မှတ်အရေးယူရန် လိုအပ်ခြင်း။

၈။ ယာဉ်တိုက်မှုတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမှားသူကို ပိုမိုအရေးယူသည့် ဥပဒေပြဌာန်း ရန်လိုအပ်ခြင်း။

၉။ ယာဉ်ပြင်ဆင်နိုင်နေရာ၊ဆီဖြည့်နိုင်နေရာများကို စနစ်တကျထားပေးရန်လိုအပ်ခြင်း။

၁၀။ အရေးပေါ်လူနာများကုသနိုင်ရန် ယာဉ်၊ဆရာဝန်များချထားတာဝန်ပေးရန်လိုအပ်ခြင်း။

၁၁။ လမ်းတစ်လျှောက်ဖုန်လိုင်းမိအောင်ဆောင်ရွက်ပေးရန်လိုအပ်ခြင်း။

၁၂။ မိုင်-၅၀ လျင် ရဲစခန်းတစ်ခုထားပေးရန်လိုအပ်ပြီး အထူးသဖြင့် နေပြည်တော် ရန်ကုန်လမ်းပိုင်း တွင်ပိုမို ချထားပေးရန်ပိုမိုလိုအပ်ခြင်း။

၁၃။ ယာဉ်မောင်းသူများ အိပ်ငိုက်မှုသက်သာစေရန်အတွက် အိပ်ရေးပျက်က လန်းဆန်းစေသည့် အချိုရည်သောက်၍ ကားမောင်းသင့်ပြီး အိပ်ငိုက်လာပါက ယာဉ်ကိုလမ်းဘေးချပြီးအိပ်သင့်သည်။

အကူယာဉ်မောင်းပါက အကူယာဉ်မာင်းကို မောင်းစေသင့်သည်။ ယာဉ်မောင်းနေစဉ် အိပ်ငိုက်မှု လျော့နည်းစေရန် ကွမ်းစားတတ်သူများ ကွမ်းစားသင့်ပြီး ကွမ်းမစားတတ်သူများ ပီကေကိုပါးစပ်တွင်း မပျက်ဝါးသင့်သည်။

၁၄။ မောင်းနင်မည့်ယာဉ်များသည် မထွက်ခွာမှီဆီ၊ရေ၊လေ၊တာယာ ကိုစနစ်တကျစစ်ဆေးရမည်။ ဘီးလေဖြည့်ရာတွင် အမြန်လမ်းပေါ်ထိုးသင့်သည် လေပေါင်ချိန်ကို သာထိုးရမည်။

ယာဉ်မောင်းသူ အနေဖြင့်လည်း ထိုးရမည့်လေပမာဏကိုကိုယ်တိုင် သိရှိအောင်ဆောင်ရွက်ပြီး လေထိုးရာတွင်စစ်ဆေး သင့်သည်။

၁၅။ ယာဉ်မောင်းနေစဉ် ယာဉ်ပေါ်လိုက်ပါသူအားလုံးသည် ခါးပတ်ပတ်ထားရမည်။

၁၆။ ယာဉ်မောင်းသည် ဘရိပ်ကောင်းမကောင်း စစ်ဆေးနေရန်လိုသလို အရေးပေါ်ဖြစ်လာက မည်သို့ဖြေရှင်းမည်ကိုလျင်မြန်စွာ ဆုံးဖြတ်နိုင်ရန်ကြိုတင်စဉ်းစား တွက်ချက်ထားသင့်သည်။

၁၇။ မိုးရွာချိန် အချို့နေရာများတွင်ရေ၀ပ်ပြီး ကားအရှိန်နှင့်လားရာကို ထိခိုက်တတ်သည့်အတွက် လမ်းပြုပြင်ခြင်း၊ ယာဉ်မောင်းအနေဖြင့်လည်း ဂရုပြုမောင်းနင်ခြင်းများ ဆောင်ရွက်ရန်လိုပါမည်။

၁၈။ ကားတစ်စီးနှင့်တစ်စီးကျော်တက်က ဟွန်းပေးကျော်တက် ရမည်။ကျော် တက်ခံရယာဉ်မှလည်း အရှိန်လျော့ပေးရမည်။ အပြိုင်မောင်နင်ခြင်းကိုထိရောက်စွာအရေးယူရမည်။

၁၉။ ယာဉ်များသည် ကျော်တက်ချိန်မှအပ သတ်မှတ်ညာကပ်လမ်းတိုင်းသာမောင်းနင်ရမည်။
လမ်းကွေ့ဖြတ်ကူးမည်ဆိုပါက နောက်ယာဉ်ကျောရှင်းမရှင်းသေခြာကြည့်ပြီးမှ လမ်းကွေ့ဖြတ်ကူးသင့် သည်။

၂၀။ ယာဉ်မောင်းနေစဉ် ယာဉ်မောင်းလုပ်သူသည် ယာဉ်မောင်းနင်ခြင်းအလုပ်ကိုသာ အာရုံစိုက် မောင်းနင် သင့်သည်။ထိုသို့မောင်းနင်ပါက လမ်းကောင်းသည်ဖြစ်စေ၊ ယာဉ်မကောင်းသည်ဖြစ်စေ မတော်တဆဖြစ်မှုကို ၇၅%ကာကွယ်နိုင်ပါကြောင်း အကြံပြုလိုက်ရပါသည်။

Pyi Chit Min Naing

Thithtoolwin ,  RangonNewsDaily
kolatt (Pabedan): 7.8.2013

0 comments:

Post a Comment