Pages

Wednesday, August 7, 2013

ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ မြန်မာမွတ်စလင် အစည်းအရုံး မှ သဝဏ်လွှာ ပေးပို့ ကြေငြာချက်

RangonNewsDaily:: Aug 7, 2013

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ မြန်မာမွတ်စလင် အစည်း

အရုံး မှ သဝဏ်လွှာ တစောင်ပေးပို့ခဲ့ပါသည်။ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ လူမျိုး ဘာသာမရွေး တစ်နိုင်ငံလုံး အုံကြွပေးဆပ်ခဲ့ရသောသမိုင်းဝင်ရှစ်လေးလုံး မဟာအရေးတော်ပုံကြီး
 (၂၅)နှစ်ပြည့်ကာလသည် လက်ရှိအနေအထားကို သုံးသပ်ရန် အကောင်းဆုံး အချိန်အခါဖြစ်၏။

၂။ ရှစ်လေးလုံးအရေးတော်ပုံကြီးက တစ်ပါတီ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း၊ စစ်အာဏာ

ရှင်က မျက်နှာဖုံးပြောင်းပြီး နှစ်နှစ်ဆယ်ကျော် ပြင်းထန်တင်းကြပ်စွာ ဆက်လက် ဖိနှိပ်အုပ်ချုပ်နိုင်ခဲ့သည်။ ၄င်းစစ်အာဏာရှင်ကသည်ပင်လျှင် ၂၀၀၈ဖွဲ့စည်းပုံက ကျားကန်ပေးထားသော စစ်အာဏာရှင် အသွင်သစ်
တစ်မျိုးဖြင့် နိုင်ငံတော် အာဏာသုံးရပ်လုံးကို ယနေ့တိုင် ခိုင်မြဲစွာ ချုပ်ကိုင်ထားဆဲဖြစ်၏။

၃။ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူများ၏ အဖိနှိပ်ခံဘဝများ၊ ပြည်တွင်းစစ်၊ ဘာသာရေး လူမျိုးရေး အ

စွန်းရောက် အကြမ်းဖက်မှုများ၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများအောက်တွင် လွှတ်တော်
တွင်း လွှတ်တော်ပရှိ ဒီမိုကရေစီအင်အားစုများသည် အင်အားချိနဲ့နေဆဲဖြစ်သည့်အပြင် အဆိုးဝါးဆုံးမှာ ဒီမို
ကရေစီရေးနှင့် စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းရေးအတွက် လက်တွေ့ကျကျအလုပ်ဖြစ်အောင်ပူးပေါင်းလုပ်
ဆောင်နိုင်သော ဘုံလုပ်ငန်းစဉ်ဟူ၍ မရှိသလောက် ရှားပါးနေခြင်း ဖြစ်ပေ၏။

၎။ မြန်မာ့လူ့အဖွဲ့အစည်း၏ အရင်းခံ ပဋိပက္ခသည် ပြည်တွင်းစစ်၊ လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ ချမ်းသာ ပဋိပက္ခများ မဟုတ်။ ဖိနှိပ်သူ စစ်အာဏာရှင်နှင့် အဖိနှိပ်ခံ လူထု၏ ပဋိပက္ခသာဖြစ်သည်ကို ဒီမိုကရေစီ အင်

အားစုတွေ မျက်ခြေပြတ်လာကြသည်။ လက်အောက်ခံ ပဋိပက္ခများတွင်နစ်မြောအချိန်ကုန်သဘောကွဲလာ
ကြသည်။ ရန်ဖက်ကို မိတ်ဖက် ထင်လာသည်။ မိတ်ဖက်ကို ရန်ဖက် ထင်လာသည်။ 

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူမျိုးစုံ ဘာသာစုံတို့ စည်းလုံးညီညွှတ်စွာ အတူလက်တွဲ တိုက်ပွဲ
ဝင်ခဲ့ကြသော ရှစ်လေးလုံးစိတ်ဓါတ်များသည် ၂၅နှစ်ကြာလာသောအခါ ပိုမိုမြင့်တက်လာရမည့်အစား တစ
တစ ပြိုကွဲယိုင်နဲ့လာသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင်လာရသည်။

၅။ သမိုင်းကို ပြန်ကြည့်သော် ဖက်ဒရယ်ကို လက်ညှိုးထိုးပြီး စစ်အာဏာရှင်က အာဏာသိမ်း သက်ဆိုးရှည်ခဲ့

သည်။ ကွန်မြူနစ်ကို တရားခံလုပ်ပြီး စစ်အာဏာရှင်တွေ အသက်ဆက်ခဲ့သည်။ ယနေ့ကာလ ဖက်ဒရယ်နှင့် ကွန်မြူနစ်သုံး၍ ခြောက်ရန်မဖြစ်နိုင်တော့သောအခါလူမျိုးရေး၊ဘာသာရေးမှိုင်းများနှင့် လူထုကို အကြောက်
တရား ဖိစီးစေသည်။ အကွဲအပြဲများကို ဖန်တီးသည်။ ဒီမိုကရေစီ အင်အားစုများကို ချိနဲ့စေသည်။

၆။ ဗိုလ်ချုပ်အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာကို ကိုင်စွဲ၍ ပြည်ထောင်စု တည်ဆောက်၍မရဟု လွန်

ခဲ့သောနှစ်ခြောက်ဆယ်ကျော် ပင်လုံ(ဖေဖေါ်ဝါရီ ၁၁၊ ၁၉၄၇)၌ ပြတ်ပြတ်သားသား ပယ်ချခဲ့သော်လည်း အ
မျှော်အမြင်နည်းပါးသော ယနေ့နိုင်ငံရေးသမားအချို့သည် စစ်အာဏာရှင်များ ခင်းပေးသော နှပ်ကြောင်းအ
တိုင်း အမျိုး ဘာသာ သာသနာကို ခုတုံးလုပ်၍ နိုင်ငံရေး ဖြတ်လမ်းလိုက်လိုကြသည်။ လူမျိုးစုံ၊ ဘာသာစုံတို့
၏ သွေးချွေးဖြင့်တည်ဆောက်ခဲ့ရသော နိုင်ငံတော်ကိုလူမျိုးရေးအရ၊ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ
ဖန်တီးပြီး ကိုယ်ကျိုးရှာများ၏ အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။

၇။ အစ္စလာမ်သာသနာသည် ၁၉၄၇ဖွဲ့စည်းပုံမှစ၍ ယနေ့ ၂၀၀၈ဖွဲ့စည်းပုံတိုင် မြန်မာပြည်၏ ဖွဲ့စည်းပုံ အခြေ

ခံဥပဒေမှန်သမျှတွင် နိုင်ငံတော်၏ သာသနာတစ်ရပ်အဖြစ်ဂုဏ်ပေးအသိအမှတ်ပြုထားသောသာသနာဖြစ်
၏။ အစ္စလာမ်သာသနာသည် မြန်မာမြေတွင် အစဉ်တင့်တယ်စွာ တည်ရှိနေမည်ဖြစ်၏။

၈။ မြန်မာမွတ်စလင်(ပသီ)နှင့် ရိုဟင်ဂျာအပါအဝင် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများသည်လည်း မူ

လဘူတ တိုင်းရင်းသား (၁၄၄)မျိုး စာရင်းဝင် တိုင်းရင်းသားများဖြစ်၏။ တိုင်းရင်းသားများကို တိုင်းရင်းသား
စာရင်းမှ ပယ်ဖျက်နိုင်သော အခွင့်အာဏာ မည်သည့်အစိုးရတွင်မှ မရှိ။

၉။ နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းတိုင်းပြုပြည်ပြုလုပ်ငန်းများနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လက်

တွဲခေါ်စရာ မလိုဘဲ၊ တာဝန်သိသိ ဒိုးတူပေါင်ဖက် ပုခုံးချင်းယှဉ် ထမ်းဆောင်ခဲ့ကြသည့် မြန်မာမွတ်စလင်များ
သည် တိုင်းရင်းသားများဖြစ်သည်ဟု NLD နာယက ဦးတင်ဦးက အသိအမှတ်ပြု ပြောကြားခဲ့ပေသည်။

မြန်မာမွတ်စလင်များသည် စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေး၊ စီးပွါး၊ လူမှု စသော ကဏ္ဍစုံတင်သာမက ရှစ်လေးလုံး၊ ရွှေဝါရောင် အပါအဝင် နိုင်ငံရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှန်သမျှတွင် ဦးပဲ့ ကျရာထမ်းနေကြသော အစမ်းသတ်ခံပြီး သေဖေါ်သေဖက်များလည်း ဖြစ်ကြသည်။ ပြည်ထောင်စု မြန်မာနိုင်
ငံတော်ကို ကနဦး တည်ထောင်သူများလည်း ဖြစ်ကြ၏။

၉။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးသည် တစ်ချိန်က ဖက်ဒရယ်နဲ့ ဟောက်စား၊ ကွန်မြူနစ်နဲ့ ခြောက်

စားခဲ့သော စစ်အာဏာရှင်၏ နောက်ဆုံးပေါ် လှည့်ကွက်ဖြစ်သည့် မြန်မာမွတ်စလင် ဆန့်ကျင်ရေးမှိုင်းမိပြီး
မြန်မာ့ပြသနာများ၏ ရင်းမြစ် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကိုမျက်ခြေပြတ်ကြပါကဒီမိုကရေစီပြည်
ထောင်စုကြီး တည်ဆောက်ရေး ထပ်မံ အလှမ်းဝေးကြပြီး စစ်အာဏာရှင်များ၏ အမျိုးမျိုးသော လှည့်ကွက်
များဖြင့် ဖိနှိပ်အုပ်ချုပ်မှုများအောက်မှ လွတ်မြောက်ဖွယ် မရှိတော့သည်ကို အထူးသတိချပ်ရာ၏။

၁၀။ မြန်မာလူမျိုးစုပြီးလျှင်ဒုတိယလူဦးရေအများဆုံးအုပ်စုဖြစ်သော တိုင်းရင်းသားမွတ်စလင်များကို ချန်
လှပ်

ပြီး မြန်မာပြည်တွင် ဒီမိုကရေစီစနစ် အမြစ်တွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထို့ကြောင့် တာဝန်သိ၍ တာဝန်ရှိ
သော တိုင်းရင်းသားမွတ်စလင်များနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြည်ပစွက်ဖက်မှုကင်းပြီး အချုပ်အခြာအာဏာ
ပိုင် တန်းတူညီမျှ တည်ငြိမ်တိုးတက်သောဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကိုတည်ဆောက်ကြ
ပါရန် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးကို အလေးအနက်ထား ပန်ကြားသည်။

မြန်မာမွတ်စလင် အစည်းအရုံး
သြဂုတ်လ ၈၊ ၂၀၁၃

RangonNewsDaily
kolatt (Pabedan): 7.8.2013

0 comments:

Post a Comment