Pages

Monday, July 15, 2013

အာဇာနည်နေ့တွင် အလေးပြုရန် စီတန်းလှည့်လည်ခွင့် တင်ရမည်

Monday, July 15, 2013

မကွေးခရိုင် NLD ပါတီဝင်များက ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တွင် မကွေးမြို့ ဗိုလ်

ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ စုပေါင်းချီတက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုရန် စီစဉ်ထားရာ ထိုသို
့ပြုလုပ်လိုပါကမကွေးတိုင်းရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်မကွေးမြို့နယ် အထွေထွေအုပ်
ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အကြောင်းကြားစာ ပေးပို့လိုက်သည်။
မကွေး NLD သို့ ဦးဥာဏ်မျိုး ဇူလိုင်၁၄ရက်တွင် ပေးပို့သည့် အကြောင်းကြားစာတွင် “ငြိမ်းချမ်းစွာ စုဝေးခွင့်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ၄ အရ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ရယူရန်
ငါးရက်ကြိုတင် တင်ပြရမည်”ဟု ပါရှိသည်။

မကွေးမြို့၊ မြင်သာရပ်၊ မဲထီးလမ်းရှိ NLD ပါတီရုံး ခရိုင်ပါတီအမှုဆောင်များ တက်ရောက်သည့် အစည်း

ဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ချီတက်အလေးပြုရန် ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းပင် အထွေ
ထွေ အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာ ပေးပို့ခံရခြင်းဖြစ်သည်။

ထို့နောက် မကွေးခရိုင်အစည်းအဝေး အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပုဒ်မ(၄) စီတန်း လှည့်လည်ခွင့်မတင်ဘဲ မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြရန် ခရိုင်အဖွဲ့ဝင်များ အားလုံး
က

လည်း အားဖြည့်ကူညီမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပြီးအလေးပြုခြင်း အစီအစဉ်ကိုဆက်လက်ပြုလုပ်ရန်
ဆုံးဖြတ်ချက်ချလိုက်သည်။

မဇ္ဈိမ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၅.၇.၂၀၁၃

0 comments:

Post a Comment