Pages

Monday, July 15, 2013

အမေရိကန်အတွက် အဆိုးဆုံး အိပ်မက်ဆိုးဖြစ်စေမည့် မှတ်တမ်းများ စနိုးဒန်တွင် ရှိနေ

စနိုးဒန်မှာ မိနစ်ပိုင်းအတွင်း အမေရိကန်အစိုးရကို ထိခိုက်သွားစေနိုင်တဲ့ လုံလောက်တဲ့ သတင်း အချက်အလက် ရှိနေပါတယ် . . .အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒ်ဝါ့ဒ်စနိုးဒန် (Edward Snow den) သည် အရေး ကြီးသည့် သတင်း အချက်အလက်တစ်ခုကို ဆုပ်ကိုင်ထားတယ်လို့ယူဆရပါတယ်။ ထိုသတင်း အချက်အလက်ကို ဖော်ထုတ် လိုက်ပါက အမေရိကန်နိုင်ငံအတွက် “အဆိုးဆုံးအိပ်မက်ဆိုး” ဖြစ်လိမ့်မည်ဟု ထိုသတင်းအချက်အလက် နှင့် အကျွမ်းတ၀င်ရှိသူ သတင်းထောက်တစ်ဦးက သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောလိုက်ကြောင်း ဇူလိုင် ၁၄ ရက်က ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။

အမေရိကန်အစိုးရအနေဖြင့် ကွန်ပျူတာ သတင်းအချက်အလက် သရုပ်ခွဲလေ့လာသူ စနိုးဒန်အား ဖမ်းဆီး ရန် ကြိုးစားနေခြင်းကို စဉ်းစဉ်းစားစား လုပ်သင့်ကြောင်း၊ စနိုးဒန်ထံမှ ပေါက်ကြားခဲ့သည့် စာရွက်စာတမ်း များကို ပထမဆုံး ရေးသားဖော်ထုတ်ခဲ့သည့် ဂါးဒီးယန်းသတင်းစာမှ သတင်းထောက် ဂလန်း ဂရင်းဝဲလ်ဒ် (Glenn Greenwald) က စနေနေ့ က ထုတ်ဝေခဲ့သည့် သတင်းစာ အင်တာဗျူး တစ်ခုတွင် ပြောခဲ့သည်။

“စနိုးဒန်မှာ မိနစ်ပိုင်းအတွင်း အမေရိကန်အစိုးရကို ထိခိုက်သွားစေနိုင်တဲ့ လုံလောက်တဲ့ သတင်းအချက် အလက် ရှိနေပါတယ်။ တခြားသူ တစ်ဦးဦးမှာရှိခဲ့တဲ့ သတင်း အချက်အလက်တွေထက်ကို ပိုပြီး ထိခိုက် စေနိုင်ပါတယ်” ဟု ရီယိုဒီဂျနေးရိုး (Riode Janeiro) တွင် ဂရင်းဝဲလ်ဒ်က အာဂျင်တီးနား နေ့စဉ်သတင်း စာ လာနက်ဆီယွန် (La Nacion) အား ပြောခဲ့သည်။

“အမေရိကန် အစိုးရအနေနဲ့ စနိုးဒန် တစ်ခုခုမဖြစ်ဖို့ နေ့တိုင်း ဆုတောင်း နေသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ်လို့ စနိုးဒန်တစ်ခုခုဖြစ်ရင်၊ သတင်း အချက်အလက်တွေအားလုံးဟာ ဖော်ထုတ်ခံရမှာ ဖြစ်ပြီး၊ အဲဒါဟာ အမေရိကန်အတွက် အဆိုးရွားဆုံး အိပ်မက်ဆိုး ဖြစ်နိုင်ပါတယ်” ဟု ဂရင်း ၀ဲလ်ဒ်က ဆိုသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ၏ စောင့်ကြည့်ထောက်လှမ်းရေး အစီအစဉ်များ၏ အသေး စိတ်ကို စနိုးဒန်က ဖော်ထုတ်ခဲ့သဖြင့် အမေရိကန်အစိုးရက ၎င်းအား သူလျှိုမှုဖြင့် အလိုရှိနေခြင်းဖြစ်ပြီး၊ စနိုးဒန်မှာ ဇွန်လ ၂၃ ရက်ကတည်းက ရုရှားနိုင်ငံ မော်စကိုလေဆိပ်တွင် သောင်တင်နေခဲ့သည်။

လက်တင်အမေရိကနိုင်ငံ တော်တော်များများက စနိုးဒန်အား ခိုလှုံခွင့်ပေးရန် ကမ်းလှမ်းထားကြရာ၊ စနိုး ဒန်အနေဖြင့် လက်တင် အမေရိကနိုင်ငံများသို့ ဘေးကင်းစွာ မထွက်ခွာနိုင်သေးမီတွင် ရုရှားတွင် ခိုလှုံခွင့် ယူထားရန် ကြိုးပမ်းနေသည်။

စနိုးဒန်အား ခိုလှုံခွင့်ကမ်းလှမ်းခဲ့သည့် လက်တင် အမေရိကသုံးနိုင်ငံအနက်၊ ဗင်နီဇွဲလားနိုင်ငံ၏ ခိုလှုံခွင့် ကမ်းလှမ်းချက်ကို စနိုးဒန်က လက်ခံဖွယ်ရာရှိကြောင်း ဂရင်းဝဲလ်ဒ်က ရိုက်တာသတင်းဌာနသို့ အင်္ဂါနေ့က ပြောကြားခဲ့သည်။

အီးမေးလ်အသုံးပြုမှုများကို စောင့်ကြည့် ထောက်လှမ်းမှုများ အပါအ၀င် အမေရိကန်၏ ထောက်လှမ်းရေး အစီအစဉ်များ၏ အသေးစိတ်များကို စနိုးဒန်က ဖော်ထုတ်ဖွင့်ချခဲ့ရာ အမေရိကန်အစိုးရအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။

Mizzima - News , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013

0 comments:

Post a Comment