Pages

Monday, July 15, 2013

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီးလျက်ရှိ

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီးလျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၅

၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊
ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက
ဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီးတစ်ဦးမှ ထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင် သွားသဖြင့်ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သား
ခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း
ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အား
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ)
ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ
လက်ကောက်ချွတ်ယူသွားသူမှာ မမူ(ခ)အေးအေးမူ
ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်း
စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း
ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊
ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား
စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိ
နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်
သည် အာသောကဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏
ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှအခြားအမျိုးသမီးတစ်ဦးမှထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ၎င်းအားတိုးဝှေ့၍သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင်သွားသဖြင့်ကြည့်ရာဝတ်ဆင်ထားသည့်အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိ
လက်ကောက်မှာမတွေ့ရှိတော့သဖြင့် အော်ဟစ်အကူအညီတောင်းခဲ့၍ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း
ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အားဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ)ဒေါ်ညွန့်ကြည်(ဘ) ဦးထွန်းကြိုင်၊( ၁၀)မိုင် ကုန်း ပဲခူး
မြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှလူတိုးကာလက်ကောက်ချွတ်ယူသွားသူမှာမမူ(ခ)အေးအေးမူဒနင်းကုန်းကျေး
ရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်းစစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်းဖမ်းဆီးရမိခဲ့ပါ
သည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)
ဦးအားစစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိနေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီး
ရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေးတိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံ
စုံစမ်းဖမ်းဆီးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013

0 comments:

Post a Comment