Pages

Thursday, July 11, 2013

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သတင်းဓာတ်ပုံသမား တစ်ဦး သေဆုံး

Photo: အီဂျစ်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သတင်းဓာတ်ပုံသမား တစ်ဦး သေဆုံး
Thursday, 11 July 2013

အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများအတွင်း ဓာတ်ပုံသ တင်းထောက် တစ်ဦးသည် မိမိ၏ သေမင်းကို နောက်ဆုံးအခိုက်အတန့်တွင် မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က အီဂျစ်တွင် အုံကြွမှုများ ဖြစ်ပေါ်ရာ လုံခြုံရေး တပ်ဖွဲ့များက နှိမ် နင်းခြင်းကြောင့် လူပေါင်း (၅၁)ဦးထက်မနည်း သေဆုံးခဲ့သည်။ 

ယခုဖြစ်စဉ်တွင် ဆန္ဒပြသူများကို အထပ်မြင့် အမိုးပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် လက်ဖြောင့်တပ်သား တစ်ဦးက ပစ်ခတ် ဖြိုခွဲသည်ကို ဓာတ်ပုံသ တင်းထောက် က ဗီဒီယိုဖြင့် မှတ်တမ်းတင်နေခဲ့သည်။ ထို့နောက် ယင်းလက်ဖြောင့် တပ်သားသည် သတင်းသမားဘက် လှည့်လာကာ ပစ်ခတ်လိုက်သည့် ပုံရိပ်ကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ သတင်းသမားမှာမူ ထိုပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန် သေဆုံး သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အီဂျစ်တွင် စစ်တပ်၏ ကြားဝင် မှုနှင့်အတူ အစိုးရ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ပြီးနောက် ယခင်အစိုးရ ကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား ပဋိပက္ခများ ဖြစ်ပေါ် ခဲ့သည်။

ဗီဒီယို၏ နောက်ဆုံးပုံရိပ်တွင် စစ်သားက တည့်တည့် ချိန်ရွယ်လိုက်ပုံ သာ နောက် ဆုံး ပါရှိပြီး ရပ်တန့်သွားသည်။ ကျည်ဆန်သည် ကင်မရာကို ထိမှန် ဖောက်ထွက်ကာ ရိုက်ကူးသည့် သတင်းသမားကို ဇီဝိန်ခြွေ သွားကြောင်း အီ ဂျစ်တွင် ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။ (၂)မိနစ် ဝန်းကျင်မျှ ကြာမြင့်သော ဗီဒီယိုကို YouTube တွင် လွှင့်တင်ရာမှ လူသိများလာခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုသည် မိနစ်(၂၀)ကျော် ရိုက်ကူးထားပြီး အီဂျစ် သတင်းစာ တိုက် တစ်ခုမှ အသက်(၂၆)နှစ်အရွယ် သတင်းထောက် အာမက်ဆာမီ အာဆမ်၏ လက်ရာ ဖြစ်သည်။ သမ္မတ မိုဟာမက် မော်စီနှင့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ကို အားပေးထောက်ခံသည့် ဆန္ဒပြသူများကြားတွင် ၎င်းသည် ယင်းဗီဒီယိုကို သတင်းယူ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ 

ကင်မရာထဲမှ မှတ်တမ်း ဗီဒီယိုကို ပြန်လည် ရယူနိုင်ချိန်တွင် လက်ဖြောင့် တပ် သား၏ ချိန်ရွယ်မှု အပြီးမှာပင် အဆုံးသတ်နေကြောင်း သတင်းစာတိုက် က အတည်ပြခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း သေဆုံးသူများတွင် အာဆမ် လည်း ပါဝင်နေခဲ့သည်။ စစ်တပ်သည် ယခုပစ်ခတ် ဖြိုခွဲမှုတွင် ဆန္ဒပြသူများ ဘက်မှ စတင် အကြမ်းဖက်လာ၍ တုံ့ပြန်ခြင်းဟု ဝေဖန် ပြောဆိုထားသည်။

အစောင့်တပ်ဖွဲ့ ဌာန၏ အပြင်ဘက်တွင် စုပြုံလာသော ဆန္ဒပြသူများက တိုက်ခိုက်လာခြင်းကြောင့် စစ်တပ်က ပြန်လည် ပစ်ခတ်ခြင်းဟု ပြောဆို ထားသည်။ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လတ်တလောတွင် သမ္မတဟောင်း မော်စီကို ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်း ပြုလုပ်မထား ဘဲ ဘေးကင်းသည့် တစ်နေရာတွင်သာ ထိန်းသိမ်းထားကြောင်း ပြော ကြားခဲ့သည်။ 

Planet Myanmar Network

Thursday, 11 July 2013

အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများအတွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးသည်မိမိ၏သေ
မင်းကို နောက်ဆုံးအခိုက်အတန့်တွင် မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က အီဂျစ်တွင်အုံကြွမှုများ ဖြစ်ပေါ်ရာလုံခြုံရေးတပ်ဖွဲ့များက နှိမ် နင်းခြင်းကြောင့်လူပေါင်း(၅၁)ဦးထက်မနည်း
သေဆုံးခဲ့သည်။ ယခုဖြစ်စဉ်တွင် ဆန္ဒပြသူများကို အထပ်မြင့် အမိုးပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် လက်ဖြောင့်တပ်သား တစ်ဦး
က ပစ်ခတ် ဖြိုခွဲသည်ကို ဓာတ်ပုံသ တင်းထောက် က ဗီဒီယိုဖြင့် မှတ်တမ်းတင်နေခဲ့သည်။ ထို့နောက် ယင်း
လက်ဖြောင့်တပ်သားသည်သတင်းသမားဘက်လှည့်လာကာပစ်ခတ်လိုက်သည့် ပုံရိပ်ကိုပါ ရယူနိုင်ခဲ့ခြင်း
 ဖြစ်သည်။

အဆိုပါသတင်းသမားမှာမူထိုပစ်ခတ်မှုအတွင်းကျည်ဆန်ထိမှန် သေဆုံးသွားကြောင်းသတင်းများက ဖော်ပြ
ခဲ့သည်။အီဂျစ်တွင်စစ်တပ်၏ ကြားဝင်မှုနှင့်အတူအစိုးရ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ပြီးနောက် ယခင်အစိုးရ
ကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား ပဋိပက္ခများ ဖြစ်ပေါ် ခဲ့သည်။

ဗီဒီယို၏ နောက်ဆုံးပုံရိပ်တွင် စစ်သားက တည့်တည့် ချိန်ရွယ်လိုက်ပုံ သာ နောက် ဆုံး ပါရှိပြီး ရပ်တန့်သွား
သည်။ ကျည်ဆန်သည် ကင်မရာကို ထိမှန် ဖောက်ထွက်ကာ ရိုက်ကူးသည့် သတင်းသမားကို ဇီဝိန်ခြွေ သွား
ကြောင်း အီ ဂျစ်တွင် ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။ (၂)မိနစ် ဝန်းကျင်မျှ ကြာမြင့်သော ဗီဒီယိုကို YouTube တွင် လွှင့်တင်ရာမှ လူသိများလာခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုသည် မိနစ်(၂၀)ကျော် ရိုက်ကူးထားပြီးအီဂျစ်သတင်းစာတိုက်တစ်ခုမှအသက်(၂၆)နှစ်အရွယ်
သတင်းထောက် အာမက်ဆာမီ အာဆမ်၏ လက်ရာ ဖြစ်သည်။ သမ္မတ မိုဟာမက် မော်စီနှင့် မွတ်ဆလင် ညီ
အစ်ကိုတော်များ အဖွဲ့ကို အားပေးထောက်ခံသည့် ဆန္ဒပြသူများကြားတွင် ၎င်းသည် ယင်းဗီဒီယိုကို သတင်း
ယူ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ကင်မရာထဲမှ မှတ်တမ်း ဗီဒီယိုကို ပြန်လည် ရယူနိုင်ချိန်တွင် လက်ဖြောင့် တပ် သား၏ချိန်ရွယ်မှုအပြီးမှာပင်
အဆုံးသတ်နေကြောင်း သတင်းစာတိုက် က အတည်ပြခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း သေဆုံးသူများတွင် အာဆမ် လည်း ပါဝင်နေခဲ့သည်။ စစ်တပ်သည် ယခုပစ်ခတ် ဖြိုခွဲမှုတွင် ဆန္ဒပြသူများ ဘက်မှ စတင် အကြမ်း
ဖက်လာ၍ တုံ့ပြန်ခြင်းဟု ဝေဖန် ပြောဆိုထားသည်။

အစောင့်တပ်ဖွဲ့ ဌာန၏ အပြင်ဘက်တွင် စုပြုံလာသော ဆန္ဒပြသူများက တိုက်ခိုက်လာခြင်းကြောင့် စစ်တပ်
က ပြန်လည်ပစ်ခတ်ခြင်းဟု ပြောဆိုထားသည်။အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနကလတ်တလောတွင်သမ္မတ
ဟောင်း မော်စီကို ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်း ပြုလုပ်မထား ဘဲ ဘေးကင်းသည့် တစ်နေရာတွင်သာ ထိန်း
သိမ်းထားကြောင်း ပြော ကြားခဲ့သည်။

Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 10.7.2013

0 comments:

Post a Comment