Pages

Thursday, July 11, 2013

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုသီချင်းခွေ တစ်နိုင်ငံလုံး ဖြန့်ချိမည်

Thursday, 11 July 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ခံ ဂီတပညာရှင်များ ရေးသားသည့် တေး သံရှင် ခုနစ်ဦး သီဆိုထားသော ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ဂုဏ်ပြု သီချင်းခွေကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မတိုင်မီ တစ်နိုင်ငံ

လုံး ကို ဖြန့်ချိမည်ဖြစ်ကြောင်း အဆိုပါသီချင်းခွေတွင် ပါဝင်သီဆိုသူ တေးသံရှင် ပန်းချီစိုးမြင့်လေး က The
 Voice သို့ ပြောကြားသည်။
လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်ပြီး ဂုဏ်ပြုသီဆိုသည့် သီချင်းများမှာ ယခင် သီချင်း
ဟောင်းများသာရှိနေသဖြင့် တောင်ငူမြို့ခံ ဂီတပညာရှင်များ သီချင်းသစ်များ ရေးသားကာ တေးစီးရီး ထုတ်
လုပ်ဖြန့် ချိမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ တေးစီးရီးကို “ကမ္ဘာသိအဖေ” ဟု အမည်ပေးထားပြီး ဂီတပညာ ရှင် ကေတုမတီ မိုးအောင်ထက်က တစ်ကိုယ်တော် ရေးစပ်သီကုံးပေးထားကာ တေးသံရှင် ပန်းချီစိုးမြင့်လေး၊ကေတုမတီသက်ဝင်း
ထွဋ်၊ ကေပြုံး

၊ ကိုဗလ၊ ကျော်ယုနှင့် အမျိုးသမီး တေးသံရှင် တင်ဇာသက်တို့၏ သီချင်း ၁၀ ပုဒ် ပါဝင်မည်ဖြစ်ကြောင်း တေး
သံရှင် ကေတုမတီ သက်ဝင်းထွဋ်က ရှင်းပြသည်။

အဆိုပါ တေးစီးရီးကို တောင်ငူမြို့ ကိုအောင်(Smiling Face) တေးထုတ် လုပ်ရေး မှ တာဝန်ယူ ဖြန့်ချိပေး
မည်

ဖြစ်ပြီး ရွှေတံဆိပ်ဆုရှင် မင်္ဂလာစိုးသိန်း (ယဉ်ကျေးမှုတက္ကသိုလ်)က တာဝန်ယူတီးခတ်ကာ ဝရဇိန်စတူဒီယို ၌ အသံဖမ်းထားကာ ပရီစနစ်ဖြင့် ဖြန့်ချိမည်ဖြစ်ကြောင်း ၄င်းထံမှ သိရှိရသည်။

မျိုးဆက်သစ်လူငယ်များက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး တစ်ဦး၏ ပုံရိပ်ကို သိရှိပြီး တန်ဖိုးထားလေး
စားနိုင်

ရန် တစ်ထောင့်တစ်နေရာက ကြိုးပမ်းဆောင်ရွက်ခြင်းဟု ယူဆကြောင်း တောင်ငူမြို့ခံ အငြိမ်းစား ကျောင်း
အုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 11.7.2013

0 comments:

Post a Comment