Pages

Thursday, July 11, 2013

သံတွဲမြို့အနီး ရွာများတွင် မွတ်စလင်မ်ပိုင်အိမ်ရာ ပစ္စည်းများအား ဖျက်ဆီး လုယက်မှုများရှိနေ

ဇူလိုင် ၁၀၊ ၂၀၁၃

သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင် မွတ်စလင်မ်ပိုင် လယ်တောရှိ တဲကို မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်မှုတစ်ခု ယမန်နေ့ညပိုင်းက ရွှေကျောင်းပြင်ရွာ သမင်ကန်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သမင်ကန်သည် ရွှေကျောင်းပြင်ရွာမှ မိုင်ဝက်ခန့်သာ ဝေးကွာသောနေရာဖြစ်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသောနေရာလည်းဖြစ်သည်။ ရွှေလောင်းပြင်ရွာသူ မငယ်ပိုင်ဆိုင်သောလယ်ထဲရှိ တဲအား မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်ယူဆောင်သွားကြောင်း၊ လုယက်ယူဆောင်သွားသူများအား လယ်တောစောင့်သူများ သိမြင်လိုက်သော်လည်း ယခုထိ မည်သို့မျှ အရေးယူမှု မရှိသေးကြောင်းသိရသည်။

ရွှေကျောင်းပြင်ရွာတွင် ဗလီတစ်လုံးရှိပြီး အာရဗီဘာသာရေး စာသင်ကျောင်း သီးသန့်မရှိဘဲ မွတ်စလင်မ်အိမ်ခြေ ၂၀၀-ခန့်ရှိပါသည်။

ယခုအခါ သံတွဲမြို့အနီးတ၀ိုက် ရွာများနှင့် မွတ်စလင်မ်ရွာများတွင် မွတ်စလင်မ်များ၏ အိုးအိမ်စည်းစိမ်များ လုံခြုံရေးအထူး လိုအပ်နေကြောင်းလည်းသိရသည်။ ဂွမြို့နှင့် သံတွဲမြို့ကြားရှိ ရွာများတွင်လည်း ယခင်က တည်ငြိမ်အေးချမ်းမှုများအား မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် ၀ါဒဖြန့် လုပ်ဆောင်မှုများ ရှိလာနေသည့်အတွက် ဒေသခံမွတ်စလင်မ်များအနေနှင့် ထိုကဲ့သို့ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း အထူးစိုးရိမ်လျက်ရှိနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား မွတ်စလင်မ် ၂-ယောက်မှ မုဒိမ်းကျင့်သည်ဟု သတင်းများ ထုတ်လွှင့်ပြီး အကြမ်းဖက်မီးရှို့မှုလုပ်ရပ်များ ဖြင့် လက်တုံ့ပြန်ခဲ့ကြသည်။

သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၁ရက်နေ့ထိ စာရင်းများအရ လူနေအိမ် ၅-လုံး မီးရှို့
ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါသည်။
M-Media , RangonNewsDaily
kolatt(PBDN): 11.7.2013

 

0 comments:

Post a Comment