Pages

Thursday, July 4, 2013

ဝတ္တရားနှောင့်ယှက်မှုပြုလုပ်ခဲ့သည့် လမ်းဘေးဈေးသည်

ဇူလိုင် ၃ ရက် ၊ ၂၀၁၃ ခုနှစ်။

ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ဆူးလေ လမ်းဘေးဈေးဆိုင်များအား ဖမ်းဆီးရာမှ တာဝန်ဝတ္တရားနှောင့် ယှက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဇူလိုင်လ(၂)ရက်နေ့ နံနက်(၁၁း၃၀)၀န်းကျင်းအချိန်က လမ်းဘေး၌ ထမင်းနှင့် အသုတ်ရောင်းချနေသူ နာမည် များစွာနှင့်ကျင်လည်နေသည့် အမျိုးသမီးတစ် ဦးက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား အော်ဟစ်ဆဲဆိုခဲ့ပြီး၊ တာဝန်ရှိသူများ အား ကိုယ်ထိလက်ရောက် တွန်းခဲ့သည့်အပေါ်တွင် အရေးယူရန်အမှုဖွင့် ခံခဲ့ရခြင်းဖြစ်သည်။

ဆောင့်အတွန်းခံရသူများမှာ ရဲအုပ်ဝင်းအောင်နှင့်ဒုရဲအုပ်နေ၀င်းထွန်းတို့ဖြစ်ပြီး၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၌ ကျောက်တံတားမြို့နယ် စည်ပင်အုပ် ချုပ်ရေးမှူးအပါအ၀င် ၀န်ထမ်း(၂၀)ကျော်ကို ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ထမင်းနှင့်အသုတ်ရောင်းချသည့်ဆိုင်ပိုင်ရှင် ဒေါ်တင်မြင့်(ခ) သီရိဒုံ(ခ) စိုးစိုး အား အတွန်းခံရသည့် ရဲအုပ်ဝင်းအောင်မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၂၉၄/၃၅၃အရ ကျောက်တံတားမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထား ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားခံဖဖ်းဆီးမိရေးအတွက် ဆက်လက်စုံစမ်း သွားမည်ဟု ကျောက်တံတား ရဲစခန်းမှ သိရသည်။

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်သူတွေကလည်း လက်ရဲဇတ်ရဲဖြစ် လာတယ်၊ ဒါပေမယ့် ဥပဒေနဲ့အ
ညီ ဆောင်ရွက်တာကိုတုံ့ပြန်ပြီးလုပ်ရင်တော့ ဥပဒေက ပေးအပ်တဲ့ အပြစ်ကိုခံရမှာပါ”ဟု ကျောက်တံတား မြို့နယ်နေ ပြည်သူတစ်ဦးက သုံးသပ်သည်။

ဇော်မျိုးဦး(မြစ်မခ) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၄.၇.၂၀၁၃

0 comments:

Post a Comment