Pages

Thursday, July 4, 2013

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် ကို ယနေ့ဖွဲ့စည်းပြီ

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၄)ရက် ယနေ့ မနက် (၁၀) နာရီတွင် ရန်ကုန်မြို့ တခြမ်းပဲ့ဗလီ ခန်းမ၌ အစ္စလာမ်ဘာသာဝင် အကြီးအကဲများဖြစ်သော သာသနာ့ ပညာရှင်များမှ ပူးပေါင်း၍ 
“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်” အဖြစ် ဖွဲစည်းကြောင်း ကြေငြာခြင်းအခမ်းအနားပြုလုပ်လျှက်ရှိပါတယ်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအတွင်းရှိ အာလင်မ်သာသနာ့ပညာရှင်ကြီးများ၊ ရန်ကုန်မြို့ပေါ်ရှိအစ္စလာမ်ဘာသာဝင်လူကြီးများ၊ ဗုဒ္ဓဘာသာဝင်လူကြီးများနှင့် အာဏာပိုင်အဖွဲ့အစည်းများ 

တက်ရောက်ကြောင်းကိုလဲသိရပါတယ်။

အဖွဲ့၏ ရည်ရွယ်ချက်များကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘ၀တည်ဆောက်မှု မှန်ကန်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား လူမျိုးဘာသာအားလုံး၏ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလုပ်ငန်းစဉ်များတွင် အစ္စလာမ်ဘာသာဝင်များအား ဘာသာရေးရှုဒေါင့်မှ စနစ်တကျ မှန်ကန်စွာ ဦးဆောင်မှုပေးရန်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စည်းလုံးညီညွတ်စွာဖြင့် ထာဝရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

ပြည်ထောင်စုမြန်မာနိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာတွင် နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးပညာ၊ အသိပညာ၊ အတက်ပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပဋိပက္ခ အလုံးစုံကင်းစင်ရေးနှင့် ပဋိပက္ခတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အစ္စလာမ်ဘာသာဝင်များ ဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ မှန်ကန်သော ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ပညာရေးနှင့် အတွေးအခေါ် မြင့်မားရေး၊ လူမှုဘ၀ အဆင့်အတန်းမြင့်မားရေးတို့အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအတွင်း စစ်မှန်သော အစ္စလာမ်သာသနာပျံ့ပွားရေးနှင့် ဘာသာတရား၏ ဆုံးမလမ်းညွှန်သွန်သင်ချက်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေးနှင့် အခြားဘာသာဝင်များနှင့် သဟဇာတ ဖြစ်စေရေး အတွက် စနစ်တကျ ဦးဆောင်မှုပေးရန်။

အစ္စလာမ်သာသနာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားမှုများ ကင်းစင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်းဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းသာယာစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။
အစရှိသော ရည်ရွယ်ချက်တို့ ဖြင့် ဖွဲစည်းတည်ဆောက်ကြောင်းကိုလဲ အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၄)ရက် ယနေ့ မနက် (၁၀) နာရီတွင် ရန်ကုန်မြို့ တခြမ်းပဲ့ဗလီ ခန်းမ၌ အစ္စလာမ်ဘာ
သာဝင် အကြီးအကဲများဖြစ်သော သာသနာ့ ပညာရှင်များမှ ပူးပေါင်း၍ “ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
တော် ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်”အဖြစ်ဖွဲစည်းကြောင်း ကြေငြာ
ခြင်းအခမ်းအနားပြုလုပ်လျှက်ရှိပါတယ်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအတွင်းရှိအာလင်မ်သာသနာ့ပညာရှင်ကြီးများ၊ရန်ကုန်မြို့ပေါ်ရှိအစ္စလာမ်
ဘာသာဝင်လူကြီးများ၊ဗုဒ္ဓဘာသာဝင်လူကြီးများနှင့်အာဏာပိုင်အဖွဲ့အစည်းများ တက်ရောက်ကြောင်းကိုလဲ
သိရပါတယ်။

အဖွဲ့၏ ရည်ရွယ်ချက်များကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘ၀တည်
ဆောက်မှု မှန်ကန်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား လူမျိုးဘာသာအားလုံး၏ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလုပ်ငန်းစဉ်များတွင် အစ္စလာမ်ဘာ
သာဝင်များအား ဘာသာရေးရှုဒေါင့်မှ စနစ်တကျ မှန်ကန်စွာ ဦးဆောင်မှုပေးရန်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စည်းလုံးညီညွတ်စွာဖြင့်ထာဝ
ရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါ
ဝင်ဆောင်ရွက်နိုင်ရေး အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

ပြည်ထောင်စုမြန်မာနိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာတွင် နိုင်ငံသား အစ္စလာမ်
ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ဘာသာရေးပညာ၊အသိပညာ၊အတက်ပညာများဘက်စုံဖွံ့ဖြိုး
တိုးတက်ရေးအတွက် မှန်ကန်သော ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး တရားဥပဒေစိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်
များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပဋိပက္ခ အလုံးစုံကင်းစင်ရေးနှင့် ပဋိပက္ခတားဆီးကာကွယ်
ရေးလုပ်ငန်းများတွင်အစ္စလာမ်ဘာသာဝင်များဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်ဘာသာရေး
အရ မှန်ကန်သော ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ပညာရေးနှင့် အတွေးအခေါ် မြင့်မားရေး၊ လူမှုဘ၀ အဆင့်အ
တန်းမြင့်မားရေးတို့အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအတွင်း စစ်မှန်သော အစ္စလာမ်သာသနာပျံ့ပွားရေးနှင့် ဘာသာ
တရား၏ ဆုံးမလမ်းညွှန်သွန်သင်ချက်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေးနှင့် အခြားဘာသာဝင်များနှင့် သဟ
ဇာတ ဖြစ်စေရေး အတွက် စနစ်တကျ ဦးဆောင်မှုပေးရန်။

အစ္စလာမ်သာသနာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားမှုများ ကင်းစင်ပြီး ဖွဲ့စည်းပုံ အခြေ
ခံဥပဒေပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်းဖြင့် ဥပ
ဒေဘောင်အတွင်း အေးချမ်းသာယာစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။အစရှိ
သော ရည်ရွယ်ချက်တို့ ဖြင့် ဖွဲစည်းတည်ဆောက်ကြောင်းကိုလဲ အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါတယ်။
 
အလင်းမျက်ဝန်း , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၄.၇.၂၀၁၃

0 comments:

Post a Comment