Pages

Thursday, July 4, 2013

မြန်မာမွတ်စလင်မ်တွေ ပြည်တွင်းမှာ နေရာအနှံ့အကွက်ချ တိုက်ခိုက်ခံနေရပြီလော

ဇူလိုင် ၄၊ ၂၀၁၃

ကျမသည် ယနေ့(၃.၇.၂၀၁၃)ညတွင် ၃၉အထူးကိုစံပြဈေးမှစီးလာခဲ့သည်။တာမွေဈေးမှတ်တိုင်မှ အစ္စလာမ်
ဘာသာဝင် လူငယ်တစ်ဦးသည် ဒူးရင်းသီးအမွှာထဲ့ထားသော ကြွပ်ကြွပ်အိတ် ကိုင်လျှက်တက်လာရာ သုံး
ယောက်ထိုင်ခုံတန်းမှ အသားဖြူဖြူ ထောင်ထောင် မောင်းမောင်း၊ ရှပ်အင်္ကျီအဖြူ ဘောင်းဘီခဲရောင်ဝတ်လူ
ရည်သန့်တစ်ဦးက သူ့ကို နေရာပေးလိုက်သည်။ လူငယ်သည် သုံးယောက်ထိုင်ခုံ၏ အလယ်တွင်ထိုင်လိုက်ရ
သည်။ လူငယ်၏ ဘယ်ဘက်တွင်မိန်းကလေးတစ်ဦးရှိ၍ညာဖက်တွင် နေရာပေးသောသူက ပြန်ဝင်ထိုင်လိုက်သည်။
နေရာပေးသူက ကားကို ရှေ့လှည့်မစီးပဲ ဘေးတိုက်ထိုင်၍ မိမိခန္ဓာကိုယ်အားဖြင့် မွတ်စ်လင်မ်လူငယ်ကို ဖိ
ထားသည်။ ကျောက်မြောင်းမှတ်တိုင် ရောက်ခါနီးတွင်ထိုလူငယ်သည်ကားပေါ်မှ ဆင်းရန် ဘားကွင်းကို ကိုင်
လိုက်ရာ နေရာပေးလိုက်သောသူက ချက်ခြင်းထ၍ မွတ်စ်လင်မ်လူငယ်ကို ဟေ့ကောင် မင်းဘာလုပ်တာလဲ ဟုပြောကာ မျက်နှာကို ဖြတ်ရိုက်လိုက်ပါသည်။ မွတ်စ်လင်မ်လူငယ်၏ မျက်မှန်ကျွတ်သွားပါသည်။ လူငယ်
က ထီးဖြင့်ကာလိုက်သည်။

အကြမ်းဖက်သမားက မင်းထီးကိုဖယ်လိုက် ဟုပြောကာ ဆက်လက်၍ ရိုက်ပုတ်နေသည်။ လူငယ်ကလည်း မင်းကို ဘာလုပ်လို့လဲ ဟုပြန်ပြောသည်။ ကားပေါ်မှ လူများမှာ မှင်သေသေဖြင့် ဘာဖြစ်မှန်းမသိပဲ ကြည့်နေ
ကြသည်။ အကြမ်းဖက်သမား၏ လက်ထဲတွင် စကေဘာ (သို့) ၀က်အူလှည့် ကဲ့သို့ပစ္စည်းကို ထုတ်၍ လူငယ်
ကို ထိုးရန်ပြင်သည်။ လူငယ်ကလဲ ကားမှတ်တိုင်တွင် ကားရပ်လျှင်ရပ်ခြင်းကားပေါ်မှဆင်းပြေးသွားလိုက်ရ
သည်။

အထက်ပါအဖြစ်အပျက်ကိုကြည့်ခြင်းဖြင့်မွတ်စ်လင်မ်များကိုရန်ကုန်ကဲ့သို့မြို့ကြီးတွင်ပါ လူအများစီးရာ ကား
ပေါ်တွင် ပြောင်ပြောင်တင်းတင်း အကြမ်းဖက်သည်ကို တွေ့ရပါသည်။ ထိုအချိန်တွင် ကျမလည်း အလွန်
ကြောက်ပြီး ဘုရားစာများကို ရွတ်ဖတ်နေခဲ့ပါသည်။ မြန်မာမွတ်စ်လင်မ်များ နေရာတကာတွင် သတိထား၍ သွားလာကြပါရန် အသိပေးလိုက်ပါသည်။ (အမြင်မတော်သူ)

Myanmar Muslim Cyber Friend
RangonNewsDaily
kolatt(PBDN): 4.7.2013

0 comments:

Post a Comment