Pages

Wednesday, June 26, 2013

ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို

Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်
က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။
“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာ
ကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး
 ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း
 ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေ

အိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ဝ

ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ mizzima သတင်းဌာနသို့ ပြောပြသည်။

ကိုတိုးကြီး
Mizzima News , RangonNewsDaily
kolatt(PBDN): 26.6.2013

0 comments:

Post a Comment