Pages

Wednesday, June 26, 2013

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများအား မြို့ကြီးများ၌ တပြိုင်တည်း မီးရှို့ဖျက်ဆီး

Photo: မူးယစ်ဆေးဝါးများအား မြို့ကြီးများ၌ တပြိုင်တည်း မီးရှို့ဖျက်ဆီး
Wednesday, June 26, 2013

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားများအား  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်တောင်ကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့က တပြိုင်တည်းကျင်းပခဲ့သည်။ 

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှုများကို တိုက်ဖျက်သောအားဖြင့် ရန်ကုန်တိုင်း ဒေသ ကြီး လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းသင်တန်းကျောင်း အားကစားကွင်းအတွင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖမ်းဆီးရရှိမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။ 

အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ပွဲသို့ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများမှ သံတမန် အယောက် (၂၀)နှင့် အစိုးရ ဌာနများမှ အရာရှိကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာတို့နှင့် တကွ မြို့နယ် အချို့မှကျောင်းသားများ ဘင်ခရာတီးဝိုင်းများအစရှိသည့် လူပေါင်း(၄၀၀)ခန့် တက်ရောက်သည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူများ၊ စိတ်ကြွဆေးများ အရည်၊ အခဲ၊ အမှုန့်၊ ထိုးဆေးနှင့် ဆေးပြားများအား မီးရှို့ဖျက်ဆီးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ၄ ၄၀၇ ၀၀၇ ၁၀၀ (သိန်း လေးသိန်းလေးထောင့် ခုနှစ်ဆယ် ဖိုးခန့်)US $ ၄.၆ သန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

တောင်ကြီးမြို့၌ ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ကာလပေါက်ဈေးအရ  အမေရိကန်ဒေါ်လာ ၆၄ သန်းဖိုး ဖျက်စီးခဲ့ပြီး၊ မန္တလေးတောင်ခြေ၌ မူးယစ် ၈.၂ သန်းဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 

“ဘိန်းစိုက်တောင်သူတွေက အစားထိုးသီးနှံကလည်း စိုက်ပြီးရင်ဈေးကွက်ရှာဖို့က မလွယ် ဘူးလေ။ ဈေးကွက် ရမှသာ သူတို့က ဒါကိုစွန့်လွှတ်ပြီး တခြားဟာလုပ်နိုင်မှာ။အခက်အခဲတွေကတော့ အများကြီး ရှိတာပေါ့။   ဒေသခံဘိန်းစိုက်တောင်သူတွေကို   အသိပညာပေးဖို့လည်း လိုတယ်လေ။ ကျွန်တော်တို့နဲ့ တရုတ်တို့ ထိုင်း တို့ နဲ့ပေါင်းပြီးတော့ သူတို့အတွက် အစားထိုးဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ပရောဂျက်တွေ စီစဉ်ထားပြီးသားပါ နယ်မြေ အပိုင်းတွေ သတ်မှတ်ပြီးတော့ ဘိန်းအစားထိုးမှု ကျယ်ပြန့်လာအောင် ဆောင်ရွက်သွားမှာပါ။”ဟု ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအထူးအဖွဲ့မှ ဒုရဲမှူး ဦးခင်မောင်သိန်းက ပြောသည်။ 

ယခုနှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့ခြင်းမှာ ကမ္ဘာတွင်ဘိန်းဖြူဈေးကွက်မှာ ပိုမို မြင့် တက်လာလျက်ရှိပြီး ၀ယ်လိုအားများ ပိုများလာသောကြောင့် တောင်သူများမှာယခင်လိုပြန်လည်စိုက်ပျိုး လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၁၂ ခုနှစ်၌ ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၄.၈ သန်း၊ မန္တလေးတိုင်းအတွင်း ၅.၀၅ သန်းနှင့် ရှမ်းပြည်နယ်တွင် ၈၃.၂၅ သန်းဖိုး ဖျက်စီးခဲ့ကြောင်း သိရသည်။ 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့သည့်ပွဲများကို မြန်မာနိုင်ငံ   တွင် ၁၉၉၇ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုမှာ ၁၆ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ရန်ကုန်၊မန္တလေးနှင့်တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ်မှစ၍ တပြိုင်နက် ကျင်းပခဲ့ခြင်းဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=4990

Wednesday, June 26, 2013

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနား
များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်တောင်ကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့က တပြိုင်တည်းကျင်းပခဲ့သည်။ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှုများကို တိုက်ဖျက်သောအားဖြင့် ရန်ကုန်တိုင်း ဒေသ ကြီး လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းသင်တန်းကျောင်း အားကစားကွင်းအတွင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖမ်းဆီးရရှိမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ပွဲသို့ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများမှ သံတမန် အယောက် (၂၀)နှင့် အစိုးရ ဌာနများမှ အရာရှိကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာတို့နှင့် တကွ မြို့နယ် အချို့မှကျောင်းသားများ ဘင်ခရာတီးဝိုင်းများအစရှိသည့် လူပေါင်း(၄၀၀)ခန့် တက်ရောက်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူများ၊ စိတ်ကြွဆေးများ အရည်၊ အခဲ၊ အမှုန့်၊ ထိုး
ဆေးနှင့် ဆေးပြားများအား မီးရှို့ဖျက်ဆီးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ၄ ၄၀၇ ၀၀၇ ၁၀၀ (သိန်း လေးသိန်းလေးထောင့် ခုနှစ်ဆယ် ဖိုးခန့်)US $ ၄.၆ သန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။

တောင်ကြီးမြို့၌ ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၆၄သန်းဖိုး
ဖျက်စီးခဲ့ပြီး၊ မန္တလေးတောင်ခြေ၌ မူးယစ် ၈.၂ သန်းဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

“ဘိန်းစိုက်တောင်သူတွေကအစားထိုးသီးနှံကလည်းစိုက်ပြီးရင်ဈေးကွက်ရှာဖို့ကမလွယ် ဘူးလေ။ ဈေးကွက်
ရမှသာ သူတို့က ဒါကိုစွန့်လွှတ်ပြီးတခြားဟာလုပ်နိုင်မှာ။အခက်အခဲတွေကတော့အများကြီးရှိတာပေါ့။ ဒေသ
ခံဘိန်းစိုက်တောင်သူတွေကို အသိပညာပေးဖို့လည်း လိုတယ်လေ။ ကျွန်တော်တို့နဲ့ တရုတ်တို့ ထိုင်း တို့ နဲ
့ပေါင်းပြီးတော့ သူတို့အတွက် အစားထိုးဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ပရောဂျက်တွေ စီစဉ်ထားပြီးသားပါ နယ်မြေ အပိုင်းတွေ သတ်မှတ်ပြီးတော့ ဘိန်းအစားထိုးမှု ကျယ်ပြန့်လာအောင် ဆောင်ရွက်သွားမှာပါ။”ဟု ရန်ကုန်
တိုင်း ဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအထူးအဖွဲ့မှ ဒုရဲမှူး ဦးခင်မောင်သိန်းက ပြောသည်။

ယခုနှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့ခြင်းမှာ ကမ္ဘာတွင်ဘိန်းဖြူဈေးကွက်မှာ ပိုမို မြင့် တက်လာလျက်ရှိပြီး ၀ယ်လိုအားများ ပိုများလာသောကြောင့် တောင်သူများမှာယခင်လိုပြန်လည်စိုက်ပျိုး လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၂ ခုနှစ်၌ ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၄.၈ သန်း၊ မန္တလေးတိုင်းအတွင်း ၅.၀၅ သန်းနှင့် ရှမ်းပြည်နယ်တွင် ၈၃.၂၅ သန်းဖိုး ဖျက်စီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့သည့်ပွဲများကို မြန်မာနိုင်ငံ တွင် ၁၉၉၇ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုမှာ ၁၆ကြိမ်မြောက်
ရှိပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ရန်ကုန်၊မန္တလေးနှင့်တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ်မှစ၍ တပြိုင်နက် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြစ်မခမီဒီယာ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၆.၆.၂၀၁၃

0 comments:

Post a Comment