Pages

Wednesday, June 26, 2013

ပါကစ္စတန် လေပိုင်နက်အတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်များ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်

Photo: ပါကစ္စတန် လေပိုင်နက်အတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်များ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင် 
Wednesday, June 26, 2013

ပါကစ္စတန်နှင့် နေတိုး အဖွဲ့ဝင်များ အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာသည့် အလျောက် အစ္စလာမ် မာဘတ် အစိုးရသည် ၎င်းတို့၏ နယ်နိမိတ် အတွင်းသို့ ကျူးကျော် ဝင်ရောက်လာသည့် မည် သည့် လေယာဉ် သို့မဟုတ် မောင်းသူမဲ့ လေယာဉ်မျိုးကို မဆို

ပစ်ချသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ ပါသည်။ အာဖဂန် နယ်စပ် တစ်လျှောက်၌  နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန် ရဟတ်ယာဉ်များ၏ ပစ် ခတ်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ဦး မတော်တဆ သေဆုံးမှု ဖြစ်ပွားပြီး နောက်ပိုင်း ပါကစ္စတန် ဝေဟင် ပိုင်နက်အတွင်း နိုင်ငံခြား တပ်ဖွဲ့များ စစ်ဆင်ရေး ပြုလုပ်မှုများနှင့် ပတ်သက်၍ ပါကစ္စတန်၏ အခိုင်အမာ ရပ်တည်ချက် သဘောထားမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့ပါသည်။

          အမေရိကန် မောင်းသူမဲ့ လေယာဉ်များ အပါအဝင် မိမိတို့၏ လေပိုင်နက် အတွင်းသို့ ခွင့်ပြုချက် မရဘဲ ဝင်ရောက်လာသော မည်သည့် အရာဝတ္ထုကို မဆို ရန်သူအဖြစ် သတ်မှတ်သွား မည် ဖြစ်ပြီး ပစ်ချ မည်ဖြစ်ကြောင်း အမည် မဖော်လိုသူ ပါကစ္စတန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦး၏ ပြောကြားချက်အား NBC သတင်း ဌာနမှ ကိုးကားဖော်ပြ ခဲ့ပါသည်။ မတော်တ ဆမှု ဖြစ် ပွားပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံသည် နေတိုး အဖွဲ့ဝင်များ၏ ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို ပိတ်ပစ်ခဲ့ပြီး စီအိုင်အေတို့ လှုပ်ရှား လျက်ရှိသည့် Balochistan ပြည်နယ် Shamsi လေ ယာဉ်ကွင်းမှ ထွက်ခွာသွားရန် အမေရိကန် တို့အား အကြောင်း ကြားခဲ့ပါသည်။ အဆိုပါ လေယာဉ်ကွင်းသည် ယင်းနယ်မြေ အတွင်း မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကို အထောက် အကူ ပေးသည့် လေယာဉ်ကွင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့က အမေရိကန် တပ်ဖွဲ့များ အားလုံး ၎င်းအခြေစိုက် စခန်းမှ ထွက်ခွာသွားပြီး ဖြစ်ကြောင်း ပါကစ္စတန် သတင်း အရင်း အမြစ် များက အတည်ပြု ပြောကြား ခဲ့ပါသည်။

          လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani က ၎င်း၏ တပ်ဖွဲ့ဝင်များသို့ တရားဝင် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုများ အတွက် အထက်သို့ တင်ပြရန် မလိုဘဲ ချက်ချင်း တုံ့ပြန် တိုက်ခိုက်သွားရန် လုပ်ပိုင်ခွင့် အပြည့်အဝ ပေးခဲ့ပါသည်။ ထို့ပြင် Kayani သည် နိုဝင်ဘာ ၂၆ ရက် တိုက်ခိုက်ခံရမှု နောက်ပိုင်း ညွှန်ကြားချက်များစွာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်များတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် များပါ ပစ်ချသွားရန် ပါဝင်ကြောင်း စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

          အမေရိကန် သတင်း အရင်းအမြစ်များ၏ အတည်ပြု ပြောကြားချက်အရ မကြာသေးမီ နှစ်များက ပါကစ္စတန် နိုင်ငံ အတွင်း၌ အယ်လ်ကိုင်ဒါနှင့် တာလီဘန် ထောက်ပံ့ အားပေးသူများ အား မောင်းသူမဲ့ လေ ယာဉ်များဖြင့် ရှာဖွေ တိုက်ခိုက်မှုပေါင်း ၃ဝဝ ကျော် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ပါကစ္စတန် လေ ကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း အာဖဂန် နယ် စပ်တစ်လျှောက် တပ်ဖြန့်နေရာ ယူခဲ့ပြီး ၎င်းတို့၏ အသင့်ဖြစ်မှုကို တိုးမြှင့် ခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံ အနောက်မြောက် နယ်စပ်ရှိ Waziristan ဒေသ၌ သံသယရှိသော အကြမ်းဖက်မှု ထောက် ပံ့ရေး သမားများနှင့် အကြမ်းဖက် သမားများအား တိုက် ခိုက် ချေမှုန်းရန် နေတိုး အနေဖြင့် တိုက်ပွဲ လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာပြီးနောက် ပါကစ္စတန် နိုင်ငံ Abbottabad မြို့ရှိ အိုစမာ ဘင်လာဒင် ပုန်းအောင်းရာ နေရာသို့ စီးနင်းဝင်ရောက် တိုက်ခိုက်မှုနှင့်ပါ ဆက်စပ်မည် ဆိုပါက ၂ဝ၁၁ ခုနှစ်အတွင်း နေတိုး၏ တိုက်ခိုက်မှုများမှာ အထွတ်အထိပ် သို့ ရောက်ရှိ ခဲ့ပါ သည်။

          ပါကစ္စတန် လေတပ်သည် ဥရောပနှင့် တရုတ် နိုင်ငံတို့မှ ထုတ်လုပ်သော လေကြောင်းရန် ကာ ကွယ်ရေး လက်နက်များကို ရောနှောပိုင်ဆိုင် ထားပါသည်။ အဆိုပါ လက်နက်များထဲတွင်  တရုတ် မျိုးကွဲ S-300 နှင့် SA-2 ဒုံးကျည်များနှင့် အကြမ်းဖျင်း တူညီသည့် တရုတ်လုပ် HQ-9 နှင့် HQ-2 ဒုံးကျည်များ၊ တာလတ်နှင့် တာတိုပစ် Crotale နှင့် Spada 2000 ဒုံးကျည်များ ပါဝင်ပါ သည်။ လေကြောင်းရန် ကာကွယ် ရေး စနစ်များကို ပုံမှန်အားဖြင့် လေတပ်စခန်းများ၊ စစ်ဘက် ဆိပ်ကမ်းများနှင့် နျူကလီးယား စက်ရုံများ ကဲ့သို့သော ကာကွယ်ရေး မဟာဗျူဟာ နေရာများတွင် တပ်ဖြန့် ချထားလျက် ရှိပါသည်။ ၎င်း မဟာဗျူဟာ နေရာများကို ပုံမှန်အားဖြင့် ၃၅ မီလီမီတာ စက်အမြောက် နှစ်လက်ပါ Oerlikon GDF-005 လက်နက် များနှင့် ၄ဝ မီလီမီတာ Bofors စက်သေ နတ်များ ပါဝင်သော လေကြောင်းရန် ကာကွယ်ရေး အမြောက် တပ်ဖွဲ့ဖြင့် ကာကွယ်ပေးလျက် ရှိပါသည်။

အလွန် တိုတောင်းသော အကွာအဝေး အတွင်းသာ ပစ်ခတ်နိုင်သည့် VSHORAD (Very Short Range Air Defense) လေကြောင်းရန် ကာကွယ်ရေး လက်နက်များသည် ပါကစ္စတန်တို့ အေ နဖြင့် အာဖဂန် နယ်စပ် ဒေသ၌ အသစ်ထပ်မံ ဖြန့်ထားနိုင်ခြေ ရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များ အဖြစ် ယူဆရပါ သည်။ ထိုအထဲတွင် အကွာအဝေး ၈ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သည့် အမေရိကန်လုပ် Stinger နှင့် ဆွီဒင်လုပ် RBS-70 လေဆာရောင်ခြည်သုံး ဒုံးကျည်များ ကဲ့သို့ပင် ပြည်တွင်း၌ တည်ဆောက်ထားသည့် Anza ဒုံးကျည် (SA-7 ပုံပြောင်း)နှ င့် ပြင်သစ်လုပ် Mistral ဒုံးကျည်များလည်း ပါဝင်ပြီး အကွာအဝေး ၆ ကီလိုမီတာ အထိ လွှမ်းခြုံပစ်ခတ် နိုင်ပါသည်။ ပါကစ္စတန်တို့သည် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်များသို့ သီးခြား လုပ်ပိုင်ခွင့် ပေးထားပြီး ဒုံးကျည်များဖြင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် အဖွဲ့ငယ်များအား လေကြောင်းရန် ကာကွယ်ရေး စွမ်းအား လစ်ဟာနေသည့် နေရာများသို့ အလျင်အမြန် သွားရော က် ဖြည့် တင်းနိုင်ရန် အခြားသော တပ်ဖွဲ့များနှင့် အတူ နယ်မြေအတွင်း နေရာ အနှံ့အပြား၌ တပ်ဖြန့် ချထားလျက် ရှိ ပါသည်။

          လက်ရှိ အခြေအနေ အရ အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ ရရှိထားသော ဒုံး ကျည်များ၏ အနီးကပ် ခြိမ်းခြောက်မှု အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ နေရချိန်တွင် တစ်ဘက်မှလည်း ပါကစ္စတန်တို့၏ အခြားသော လေကြောင်းရန် ကာကွယ်ရေး လက်နက်များနှင့် ပိုမို အဆင့်မြင့်သော အာရုံခံ စနစ်များ၏ ကြိုတင် သတိပေးခြင်းနှင့် ခြိမ်းခြောက်မှု အန္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ် ရှိနေပါ သည်။ ပါကစ္စတန်တို့၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များထဲတွင် JF-17 နှင့် F-16 ကဲ့သို့သော တိုက်လေယာဉ်များလည်း ပါဝင်နိုင်ပြီး ထောက် လှမ်းရေး အာရုံခံ စနစ်များထဲတွင် Erieye ကဲ့သို့သော ဝေဟင် ကြိုတင် သတိပေး စနစ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အမေရိကန်တို့ အနေ ဖြင့် ပါကစ္စတန်၏ Waziristan ဒေသနှင့် အာဖဂန်နစ္စတန် တောင်ပိုင်းဒေသ ဝေဟင်ပိုင်နက် အတွင်း၌ ၎င်း တို့၏ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များကို ယခင်ကလို လွတ်လပ်စွာ လှုပ်ရှား စစ်ဆင်ခွင့် မရရှိနိုင်တော့ မည်မှာ သေချာပါသည်။ 

မြ၀တီ


Wednesday, June 26, 2013

ပါကစ္စတန်နှင့် နေတိုး အဖွဲ့ဝင်များ အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာသည့်အလျောက်အစ္စလာမ်မာဘတ်
အစိုးရသည်၎င်းတို့၏နယ်နိမိတ်အတွင်းသို့ကျူးကျော် ဝင်ရောက်လာသည့် မည် သည့် လေယာဉ် သို့မဟုတ်
 မောင်းသူမဲ့ လေယာဉ်မျိုးကို မဆို ပစ်ချသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ သည်။
အာဖဂန်နယ်စပ်တစ်လျှောက်၌ နိုဝင်ဘာလ၂၆ ရက်နေ့က အမေရိကန် ရဟတ်ယာဉ်များ၏ ပစ် ခတ်မှု
ကြောင့်
 ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ဦး မတော်တဆ သေဆုံးမှု ဖြစ်ပွားပြီး နောက်ပိုင်း ပါကစ္စတန် ဝေဟင်ပိုင်
နက်အတွင်း နိုင်ငံခြားတပ်ဖွဲ့များစစ်ဆင်ရေး ပြုလုပ်မှုများနှင့်ပတ်သက်၍ပါကစ္စတန်၏ အခိုင်အမာ ရပ်တည်
ချက် သဘောထားမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့ပါသည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ်များ အပါအဝင် မိမိတို့၏ လေပိုင်နက် အတွင်းသို့ ခွင့်ပြုချက် မရဘဲ ဝင်
ရောက်လာသောမည်သည့်အရာဝတ္ထုကိုမဆို ရန်သူအဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီးပစ်ချမည်ဖြစ်ကြောင်း 
အမည် မဖော်လိုသူ ပါကစ္စတန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦး၏ ပြောကြားချက်အား NBC သတင်း ဌာ
နမှ ကိုးကားဖော်ပြ ခဲ့ပါသည်။ မတော်တ ဆမှု ဖြစ် ပွားပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံသည် နေတိုး အဖွဲ့ဝင်
များ၏ ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို ပိတ်ပစ်ခဲ့ပြီး စီအိုင်အေတို့ လှုပ်ရှား လျက်ရှိသည့် Balochista
n ပြည်နယ် Shamsi လေ ယာဉ်ကွင်းမှ ထွက်ခွာသွားရန် အမေရိကန် တို့အား အကြောင်း ကြားခဲ့ပါသည်။ 
အဆိုပါ လေယာဉ်ကွင်းသည် ယင်းနယ်မြေ အတွင်း မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကို အထောက် အကူ ပေးသည့် လေယာဉ်ကွင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့က အမေရိကန် တပ်ဖွဲ့များ အားလုံး ၎င်းအခြေစိုက် စခန်းမှ ထွက်ခွာသွားပြီး ဖြစ်ကြောင်း ပါကစ္စတန် သတင်း အရင်း အမြစ် များက အတည်ပြု
ပြောကြား ခဲ့ပါသည်။

လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani က ၎င်း၏ တပ်ဖွဲ့ဝင်များသို့ တရားဝင် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှု
များ အတွက် အထက်သို့ တင်ပြရန် မလိုဘဲ ချက်ချင်းတုံ့ပြန်တိုက်ခိုက်သွားရန်လုပ်ပိုင်ခွင့်အပြည့်အဝ  ပေးခဲ့
ပါသည်။ထို့ပြင်Kayaniသည် နိုဝင်ဘာ ၂၆ ရက် တိုက်ခိုက်ခံရမှု နောက်ပိုင်း ညွှန်ကြားချက်များစွာ ထုတ်ပြန်
ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်များတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် များပါ ပစ်ချသွားရန် ပါဝင်ကြောင်း စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

အမေရိကန် သတင်း အရင်းအမြစ်များ၏ အတည်ပြု ပြောကြားချက်အရ မကြာသေးမီ နှစ်များက ပါကစ္စတန်
နိုင်ငံ အတွင်း၌ အယ်လ်ကိုင်ဒါနှင့် တာလီဘန် ထောက်ပံ့ အားပေးသူများ အား မောင်းသူမဲ့ လေ ယာဉ်များ
ဖြင့် ရှာဖွေ တိုက်ခိုက်မှုပေါင်း ၃ဝဝ ကျော် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
ပါကစ္စတန် လေ ကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း အာဖဂန် နယ် စပ်တစ်လျှောက် တပ်
ဖြန့်နေရာ ယူခဲ့ပြီး ၎င်းတို့၏ အသင့်ဖြစ်မှုကို တိုးမြှင့် ခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံ အနောက်မြောက် နယ်စပ်ရှိ Waziristan ဒေသ၌သံသယရှိသောအကြမ်းဖက်မှု ထောက် ပံ့ရေး သမားများနှင့် အကြမ်းဖက် သမားများအား
တိုက် ခိုက် ချေမှုန်းရန် နေတိုး အနေဖြင့် တိုက်ပွဲ လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာပြီး
နောက် ပါကစ္စတန် နိုင်ငံ Abbottabad မြို့ရှိ အိုစမာ ဘင်လာဒင် ပုန်းအောင်းရာ နေရာသို့ စီးနင်းဝင်ရောက် တိုက်ခိုက်မှုနှင့်ပါ ဆက်စပ်မည် ဆိုပါက ၂ဝ၁၁ ခုနှစ်အတွင်း နေတိုး၏ တိုက်ခိုက်မှုများမှာ အထွတ်အထိပ် သို့ ရောက်ရှိ ခဲ့ပါ သည်။

ပါကစ္စတန် လေတပ်သည် ဥရောပနှင့် တရုတ် နိုင်ငံတို့မှ ထုတ်လုပ်သော လေကြောင်းရန် ကာ ကွယ်ရေး လက်နက်များကို ရောနှောပိုင်ဆိုင် ထားပါသည်။ အဆိုပါ လက်နက်များထဲတွင် တရုတ် မျိုးကွဲ S-300 နှင့် SA-2 ဒုံးကျည်များနှင့် အကြမ်းဖျင်း တူညီသည့် တရုတ်လုပ် HQ-9 နှင့် HQ-2 ဒုံးကျည်များ၊ တာလတ်နှင့် တာတိုပစ် Crotale နှင့် Spada 2000 ဒုံးကျည်များ ပါဝင်ပါ သည်။
လေကြောင်းရန် ကာကွယ် ရေး စနစ်များကို ပုံမှန်အားဖြင့် လေတပ်စခန်းများ၊ စစ်ဘက် ဆိပ်ကမ်းများနှင့် 
နှုးကလီးယား စက်ရုံများ ကဲ့သို့သော ကာကွယ်ရေး မဟာဗျူဟာ နေရာများတွင် တပ်ဖြန့် ချထားလျက် ရှိပါ
သည်။၎င်းမဟာဗျူဟာ နေရာများကိုပုံမှန်အားဖြင့် ၃၅ မီလီမီတာ စက်အမြောက် နှစ်လက်ပါ Oerlikon GDF
-005 လက်နက် များနှင့် ၄ဝ မီလီမီတာ Bofors စက်သေ နတ်များ ပါဝင်သော လေကြောင်းရန် ကာကွယ်ရေး အမြောက် တပ်ဖွဲ့ဖြင့် ကာကွယ်ပေးလျက် ရှိပါသည်။

အလွန် တိုတောင်းသော အကွာအဝေး အတွင်းသာ ပစ်ခတ်နိုင်သည့် VSHORAD (Very Short Range Air Defense) လေကြောင်းရန် ကာကွယ်ရေး လက်နက်များသည် ပါကစ္စတန်တို့ အေ နဖြင့် အာဖဂန် နယ်စပ်
ဒေသ၌ အသစ်ထပ်မံ ဖြန့်ထားနိုင်ခြေ ရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များ အဖြစ် ယူဆရပါ သည်။ ထိုအထဲတွင် အကွာအဝေး ၈ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သည့် အမေရိကန်လုပ် Stinger နှင့် ဆွီဒင်လုပ် RBS-70 လေဆာရောင်ခြည်သုံး ဒုံးကျည်များ ကဲ့သို့ပင် ပြည်တွင်း၌ တည်ဆောက်ထားသည့် Anza ဒုံးကျည် (SA-7 ပုံပြောင်း)နှ င့် ပြင်သစ်လုပ် Mistral ဒုံးကျည်များလည်း ပါဝင်ပြီး အကွာအဝေး ၆ ကီလိုမီတာ အထိ လွှမ်းခြုံပစ်ခတ် နိုင်ပါသည်။ 
ပါကစ္စတန်တို့သည် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်များသို့ သီးခြား လုပ်ပိုင်ခွင့် ပေးထားပြီး ဒုံး
ကျည်များဖြင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် အဖွဲ့ငယ်များအား လေကြောင်းရန် ကာကွယ်ရေး စွမ်းအား လစ်
ဟာနေသည့် နေရာများသို့ အလျင်အမြန် သွားရော က် ဖြည့် တင်းနိုင်ရန် အခြားသော တပ်ဖွဲ့များနှင့် အတူ နယ်မြေအတွင်း နေရာ အနှံ့အပြား၌ တပ်ဖြန့် ချထားလျက် ရှိ ပါသည်။

လက်ရှိ အခြေအနေ အရ အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ ရရှိထားသောဒုံး ကျည်များ
၏ အနီးကပ် ခြိမ်းခြောက်မှု အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ နေရချိန်တွင် တစ်ဘက်မှလည်းပါကစ္စတန်တို့
၏အခြားသော လေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် ပိုမို အဆင့်မြင့်သော အာရုံခံ စနစ်များ၏ ကြို
တင် သတိပေးခြင်းနှင့် ခြိမ်းခြောက်မှု အန္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ် ရှိနေပါ သည်။ 
ပါကစ္စတန်တို့၏ လေကြောင်းရန် ကာကွယ်ရေးလက်နက်များထဲတွင်JF-17 နှင့် F-16 ကဲ့သို့သော တိုက်လေ
ယာဉ်များလည်း ပါဝင်နိုင်ပြီး ထောက် လှမ်းရေး အာရုံခံ စနစ်များထဲတွင် Erieye ကဲ့သို့သော ဝေဟင် ကြိုတင် သတိပေး စနစ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။ 
ထို့ကြောင့် အမေရိကန်တို့ အနေ ဖြင့် ပါကစ္စတန်၏ Waziristan ဒေသနှင့် အာဖဂန်နစ္စတန် တောင်ပိုင်းဒေသ
ဝေဟင်ပိုင်နက်အတွင်း၌၎င်းတို့၏ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များကို ယခင်
ကလို လွတ်လပ်စွာ လှုပ်ရှား စစ်ဆင်ခွင့် မရရှိနိုင်တော့ မည်မှာ သေချာပါသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၆.၆.၂၀၁၃

0 comments:

Post a Comment