Pages

Friday, May 24, 2013

Samsung Galaxy S4 တစ်လမပြည့်မီ အလုံးရေ ၁၀ သန်းကျော် ရောင်းချရ

Samsung Galaxy S4 တစ်လမပြည့်မီ အလုံးရေ ၁၀ သန်းကျော် ရောင်းချရ

Samsung အနေဖြင့် ၎င်းတို့၏ နောက်ဆုံးမျိုးဆက် အဆင့်မြင့် စမတ်ဖုန်း Galaxy S4ကို ထုတ်လုပ်ရောင်းချရာ တစ်လမပြည့်မီ အလုံးရေ (၁၀)သန်းကျော် ရောင်းထွက်ခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီကြီးအဖြစ် အောင်မြင်လာသော တောင်ကို
ရီးယား နည်းပညာ လုပ်ငန်းစုကြီး အနေဖြင့် ဧပြီလ (၂၇)ရက်နေ့တွင် Galaxy S4ကို တရားဝင် စတင်ရောင်း
ချပြီးနောက် ယနေ့အခါ အလုံးရေ (၁၀)သန်းကျော် ရောင်းထွက်နှင့်ပြီး ဖြစ်သည်။

Galaxy S4သည် ယခင် Samsung၏ Galaxy Sမျိုးဆက်ဟောင်းများထက် အရောင်းပိုမို တွင်ကျယ်ခဲ့သလို Samsung၏ သမိုင်းတစ်လျှောက် စမတ်ဖုန်း အမျိုးအစား တစ်ခုအတွက် အရောင်းအသွက်ဆုံး စံချိန်သစ်ကို

လည်း ရေးထိုးနိုင်ခဲ့သည်။ Samsungသည် Galaxy S4ကိုစတင်မရောင်းချမီကတည်းက Marketing ကဏ္ဍတွင်
 တွင်တွင်ကျယ်ကျယ် အားကောင်းကောင်းနှင့် မြှင့်တင်ထားပြီး လက်တွေ့ ထုတ်ရောင်းချိန်တွင်လည်း
 အောင်မြင်မှုများ များစွာ ရရှိခဲ့သည်။

ယခင်မျိုးဆက် Galaxy S3သည် စတင်ရောင်းချပြီး ရက်ပေါင်း(၅၀)ပြည့်မှ အလုံးရေ (၁၀)သန်း ရောင်းထွက်ခဲ့

သည်။ Galaxy S2နှင့် Galaxy Sတို့တွင် ယင်းအရေအတွက် ရောင်းထွက်အောင် (၇)လနှင့် (၅)လစီ ကြာမြင့်
ခဲ့သည်။ Galaxy S4ကို ယခုအခါ နိုင်ငံပေါင်း (၁၁၀)ကျော်သို့ တင်ပို့ပေးထားပြီး Mobile Operator (၃၂၇
)ခုနှင့်လည်း လုပ်ငန်း ဆက်သွယ်ထားကြောင်း Samsungက ပြောကြားခဲ့သည်။

Source: Xinhua , Planet Myanmar Network, Rangonnewsdaily
RND:  :24.5.2013

0 comments:

Post a Comment