Pages

Friday, May 24, 2013

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

လူ့ပြည်နေလာ တခဏတာ
“သုမေဓါ” ရသေ့ဘ၀မှာ
ဒီပင်္ကရာမြတ်စွာဘုရား
နိယတဗျာဒိတ် ခံယူသွား
စံနမူထားကာ  သြချလာ
ဂေါတမမြတ်စွာဖြစ်လိမ့်မှာ
ဟောရှာပါတဲ့ဒီတနေ့ ကဆုန်လပြည့်နေ့။

ဂေါတမဘုရား အလောင်းတော်
အကြောင်းလျှော်ကာ လူဝင်စား
သိဒ္ဒတ္တမင်းသား အဖြစ်နဲ့ဖွား
မှတ်သားရတဲ့ဒီတနေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်နေ့)

ဂေါတမဘုရား ပရိနိဗ္ဗာန် စံသွား
မှတ်သားရပါပေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်နေ့)

ကောင်းမြတ်ပါပေ့ ကဆုန်လပြည့်နေ့
မမေ့ဖို့ကွယ် ညောင်ရေသွန်းကြတယ်
လွယ်လွယ်ခေါ်ပြု ဗုဒ္ဓနေ့ဟု
ခေါ်စမှတ်ပြုကြတယ်…။

ပါဠိအလာ “ကုဆုန်”ပါ
ကုဆိုတာက အမှန်မသွေ
ရေ-လို့ခေါ်ဆိုပေ
“ဆုန်” ဆိုတာက- လောင်း
နှစ်လုံးပေါင်းတော့ ရေလောင်းဖြစ်
ခေါ်ရစ်နောင်အမြဲ
ညောင်ရေသွန်းတဲ့ပွဲ…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၃ ၁၃)

မှတ်ချက် Po Po Chit တင်လာတဲ့
Myanmar New Update ဆောင်းပါးကို
ကဗျာဖွဲ့ဆိုလိုက်ပါတယ်…။

လူ့ပြည်နေလာ တခဏတာ
“သုမေဓါ” ရသေ့ဘ၀မှာ
ဒီပင်္ကရာမြတ်စွာဘုရား
နိယတဗျာဒိတ် ခံယူသွား
စံနမူထားကာ သြချလာ
ဂေါတမမြတ်စွာဖြစ်လိမ့်မှာ
ဟောရှာပါတဲ့ဒီတနေ့ ကဆုန်လပြည့်နေ့။ ဂေါတမဘုရား အလောင်းတော်
အကြောင်းလျှော်ကာ လူဝင်စား
သိဒ္ဒတ္တမင်းသား အဖြစ်နဲ့ဖွား
မှတ်သားရတဲ့ဒီတနေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်နေ့)

ဂေါတမဘုရား ပရိနိဗ္ဗာန် စံသွား
မှတ်သားရပါပေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်နေ့)

ကောင်းမြတ်ပါပေ့ ကဆုန်လပြည့်နေ့
မမေ့ဖို့ကွယ် ညောင်ရေသွန်းကြတယ်
လွယ်လွယ်ခေါ်ပြု ဗုဒ္ဓနေ့ဟု
ခေါ်စမှတ်ပြုကြတယ်…။

ပါဠိအလာ “ကုဆုန်”ပါ
ကုဆိုတာက အမှန်မသွေ
ရေ-လို့ခေါ်ဆိုပေ
“ဆုန်” ဆိုတာက- လောင်း
နှစ်လုံးပေါင်းတော့ ရေလောင်းဖြစ်
ခေါ်ရစ်နောင်အမြဲ
ညောင်ရေသွန်းတဲ့ပွဲ…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၃ ၁၃)
Rangonnewsdaily
RND:  :24.5.2013


0 comments:

Post a Comment