Pages

Friday, May 24, 2013

" အီမရိတ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေရောက်ရှိလာပြီဖြစ်တဲ့ ဆွမ်ဆီး ခံစစ်မှုး ၀ီလီယံ "

" အီမရိတ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေရောက်ရှိလာပြီဖြစ်တဲ့ ဆွမ်ဆီး ခံစစ်မှုး ၀ီလီယံ "

အာဆင်နယ်အသင်းဟာ ၀ီလီယံ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် ၆သောင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အသက်၂၈နှစ်အရွယ်ရှိ ဝေးလက်ရွေးစင်ကစားသမားအတွက် ပေါင် ၈သန်းမှ ၁၀သန်းခန့်အထိ ကုန်ကျမှာဖြစ်ကာ နှစ်ဘက်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဆွေးနွေးနေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကြောင့် အသင်းခေါင်းဆောင် ဗာမေးလန်းရဲ့ အသင်းမှ ထွက်ခွာဖို့သတင်းတွေဟာ ပိုလို့ပင် လှုပ်ခတ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း လပိုင်းသာကျန်တော့တဲ့ စကွီလာစီကိုလည်း အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်တော့မှာဖြစ်သလို ဂျိုရူးကိုလည်း ကစားသမားရဲ့ဆန္ဒအရ ဟန်နိုဗာအသင်းမှာ ဆက်လက်ပြီး အဌားချထားမယ်လို့လည်း ဆိုပါတယ်။

ဝီလီယံဟာ ဆွမ်ဆီးအသင်းသို့ ၂၀၀၈ခုနှစ်ကတည်းက ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ဆွမ်ဆီးအသင်းနှင့်အတူ ၂၂၉ပွဲ ပွဲထွက်ကစားခဲ့ပြီးပြီဖြစ်ကာ ၂၀၁၁ခုနှစ်က ပရီးမီးယားလိဒ်သို့ တန်းတက်ကစားခွင့်ရရာနှင့် ပြီးခဲ့တဲ့ရာသီက Capital one Cup ဖလားရရှိရာမှာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

source :  http://bit.ly/11hDSE6

-Cloud-

အာဆင်နယ်အသင်းဟာ ၀ီလီယံ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ သိရပြီး တစ်ပတ်လုပ်
ခ ပေါင် ၆သောင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အသက်၂၈နှစ်အရွယ်ရှိ ဝေးလက်ရွေးစင်ကစားသမားအတွက် ပေါင် ၈သန်းမှ ၁၀သန်းခန့်အထိ ကုန်ကျမှာ
ဖြစ်ကာ နှစ်ဘက်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဆွေးနွေးနေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါ
တယ်။

ဒီသတင်းကြောင့် အသင်းခေါင်းဆောင် ဗာမေးလန်းရဲ့ အသင်းမှ ထွက်ခွာဖို့သတင်းတွေဟာ ပိုလို့ပင် လှုပ်
ခတ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း လပိုင်းသာကျန်တော့တဲ့ စကွီလာစီကိုလည်း အသင်းမှ ပြောင်း
ရွှေ့ကြေးအလွတ်ဖြင့်လက်လွှတ်တော့မှာဖြစ်သလို ဂျိုရူးကိုလည်းကစားသမားရဲ့ဆန္ဒအရဟန်နိုဗာအသင်း
မှာ ဆက်လက်ပြီး အဌားချထားမယ်လို့လည်း ဆိုပါတယ်။

ဝီလီယံဟာ ဆွမ်ဆီးအသင်းသို့ ၂၀၀၈ခုနှစ်ကတည်းက ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ဆွမ်ဆီးအသင်းနှင့်အ
တူ ၂၂၉ပွဲ ပွဲထွက်ကစားခဲ့ပြီးပြီဖြစ်ကာ ၂၀၁၁ခုနှစ်က ပရီးမီးယားလိဒ်သို့ တန်းတက်ကစားခွင့်ရရာနှင့် ပြီး
ခဲ့တဲ့ရာသီက Capital one Cup ဖလားရရှိရာမှာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ကစားသမား
တစ်ဦးပဲ ဖြစ်ပါတယ်။

Cloud News, Rangonnewsdaily
RND:  :24.5.2013

0 comments:

Post a Comment