Pages

Friday, May 17, 2013

ရေချိုးခုံ ကျိုးသည့်ကိစ္စမှ လူသတ်မှု ဖြစ်ပွား

မေလ ၁၇ ရက် ၂၀၁၃

မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် အတွင်း ယမန်နေ့က မိသားစု အတွင်း မိသားစုပိုင် ရေချိုး သစ်သားခုံ ကျိုးရာမှ တစ်ယောက်တစ်ခွန်း စကားများကာ ခယ်မက ခဲအို ဖြစ်သူအား ဓားဖြင့်ထိုး၍ လူသတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့သစ်ကြီး ရပ်ကွက် နယ်မြေ(၂) အိမ်အမှတ် (၈၉)၌ မိခင် ဖြစ်သူ ဒေါ်တင်ကြည်နှင့် သားဖြစ်သူ တင်မိုး၊ တင်ထွန်းအောင် တို့နှင့် အတူ နေထိုင်ကာ နေအိမ် ခြေရင်းဘက်တွင် သားဖြစ်သူ အောင်မိုးနှင့် ချွေးမဖြစ်သူ မြင့်မြင့်ဝင်းတို့ အတူ နေထိုင်ကြစဉ် မိသားစုပိုင် ရေချိုးခုံ (သစ်သား) ကျိုးသည့် ကိစ္စဖြင့် ခဲအို တော်စပ်သူ တင်မိုးနှင့် မြင့်မြင့်ဝင်းတို့ နှစ်ဦး စကားများ ရန်ဖြစ်ရာ မြင့်မြင့်ဝင်းက နေအိမ် အတွင်းရှိ အရိုးအသွား ၁ဝ လက်မ ခန့်ရှိ ဓားဖြင့် တင်မိုး၏ ဘယ်ဘက် ရင်အုံ အထက် လေးလက်မခန့်သို့ ထိုးခဲ့ရာ ၎င်းဓားဒဏ်ရာဖြင့် သေဆုံး သွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ထိုးသူ မြင့်မြင့်ဝင်း ၃၇ နှစ်(ဘ)ဦးစိန်ငွေ မြို့သစ်ကြီး ရပ်ကွက် နေသူအား မြစ်ကြီးနားမြို့ နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှ (ပ)၇၃/၂ဝ၁၃၊ ပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည် , Rangonnewsdaily
RND:  :17.5.2013

0 comments:

Post a Comment