Pages

Friday, May 17, 2013

ကမ္ဘောဒီးယားတွင် ဖိနပ်စက်ရုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး


ကမ္ဘောဒီးယား နိုင်ငံတွင်ဖိနပ်စက်ရုံတစ်ခု ပြိုကျရာလူ(၂)ဦးအနည်းဆုံး သေဆုံးပြီး အပျက်အစီးများအောက်
တွင် နောက်ထပ် ပိတ်မိနေသူများ ရှိနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကမ်ပွန်ဆီပူ ဒေသရှိ စက်ရုံ၏ ကွန်ကရစ် အမိုးကြီး ပြိုကျမှု ဖြစ်ပွားပြီး ယင်းနေရာတွင် အလုပ်လုပ်သူများ ရှိ
နေခဲ့ကြောင်း သတင်းများက ဆိုသည်။ ဖနွမ်ပင်မြို့တော် အနောက်ဘက်တွင် ဖြစ်ပေါ်လာသည့် မတော်တ
ဆမှုနှင့် စပ်လျဉ်းပြီး လတ်တလောတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အားချင်း ဆောင်ရွက်နေကြောင်း သိ
ရသည်။ ကယ်ဆယ်ရေး တပ်ဖွဲ့များသည် စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်းကာ အပျက်အစီးများကို လျင်
လျင်မြန်မြန် ဖယ်ရှား ရှင်းလင်းပြီး အောက်တွင် ပိတ်မိနေသူများကို ရှာဖွေနေခဲ့သည်။

ဖြစ်စဉ်အတွင်း အနည်းဆုံး (၆)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ဖိနပ်ချုပ်ခြင်းနှင့် အ
ထည်အလိပ်တင်ပို့ရောင်းချမှုလုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးမားဆုံးသော ကုန်သွယ်မှု လုပ်ငန်း တစ်
ခုလည်း ဖြစ်သည်။ 

အဆိုပါ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော လုပ်သား သန်းဝက်မျှ ရှိနေကြောင်းလည်း စစ်တမ်း
များက ဆိုသည်။ ယခုပြိုကျသော အဆောက်အအုံ အတွင်းတွင် အခင်းဖြစ်ချိန်က လူပေါင်း (၁၀၀)မျှ ရှိနေ
ကြောင်း သတင်းများက ရေးသားခဲ့သည်။ ထိုစက်ရုံမှ ထုတ်လုပ်သည့် ကုန်ချော ဖိနပ်များကို အမေရိကန်နှင့် ဥရောပသို့ အဓိက တင်ပို့လျှက် ရှိသည်။

"အပျက်အစီးတွေ အောက်မှာ ဘယ်လောက်တောင် ပိတ်မိနေသလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်သေး

ဘူး"ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများတွင် စက်ရုံ
လုပ်ငန်းခွင် လုံခြုံရေး တိုးမြှင့်မှုနှင့် ပတ်သက်ပြီး တောင်းဆိုမှုများ မြင့်တက်လာချိန်တွင် ယခုကိစ္စ ပေါ်ပေါက်
လာခြင်း ဖြစ်သည်။ 

မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ လူပေါင်း(၁၁၀၀)
ကျော် သေဆုံးခဲ့ရသည်။

Source: BBC

Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း)း ၁၆.၅.၂၀၁၃

0 comments:

Post a Comment