Pages

Sunday, May 26, 2013

စင်ကာပူကျောင်းလခ နှုန်းထားဖြင့် သြစတြေးလျတွင် ကျောင်းတက်ရောက်နိုင်မည်

နိုင်ငံတကာ ကျောင်းများတွင် ကျောင်းတက်ရင်း အောင်မြင်မှု အခွင့်အလမ်းများ ရရှိလာရန် ကြိုးစားနေသော မြန်မာကျောင်းသားများအတွက် စီးပွားရေး ကဏ္ဍများကို သင်ယူလေ့လာနိုင်ပြီး စင်ကာပူဒေါ်လာ ၃၇၀၀ မှ ၅၀၀၀ အထိ ပညာသင်ဆုပါ လျှောက်ထားနိုင်သော အခွင့်အလမ်းကောင်းတစ်ခုရှိကြောင်း Crown Education မှ သိရသည်။ စီးပွားရေးနှင့် စီးပွားရေး ဆက်စပ်ဘာသာရပ်များ၊ US နှင့် NGO အဖွဲ့အစည်းများတွင် Project စီမံခန့်ခွဲ လိုသူများအတွက် MSc in Project Management၊ ဘွဲ့ရပြီး သူများအတွက် Graduate Dip in International Business စသည်တို့ကို သြစတြေးလျနိုင်ငံရှိ Curtin University တွင် တက်ရောက်ရန် မလိုအပ်ဘဲ စင်ကာပူရှိ Curtin Singapore တွင် တက်ရောက်ကာ ဘွဲ့များရရှိနိုင်ပြီး တက်ရောက်နေစဉ် မလေးရှားနှင့် သြစတြေးလျ Campus များသို့ တက်ရောက်နိုင်ခွင့်များလည်း ရှိကြောင်း သိရသည်။

ကျောင်းလခများကိုလည်း အရစ်ကျ ပေးသွင်းနိုင်ပြီး ဘွဲ့ရပြီးလျှင်လည်း နှစ်သက်ရာ Campus သို့ တက်ရောက်ရယူနိုင်ခွင့်များလည်း ရှိသည်။ ဘွဲ့ရရှိပြီးသူများ၊ တက္ကသိုလ်တန်း အောင်မြင်သူများ IELTS ၅.၅၊ ၆.၅ ရရှိထားသူများဖြစ်ရန် လိုအပ်ကြောင်း ဇူလိုင်၊ နိုဝင်ဘာ ၀င်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ပညာသင်ဆုကိုမူ ဇူလိုင်အတွက်သာ ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

ကျောင်းလျှောက်ထားလိုပါက Crown Education အမှတ် ၂၇၀၊ ပထမထပ်၊ အခန်း (၁ဃ)၊ မြေနီကုန်း၊ ပြည်လမ်း ဖုန်း ၀၉-၇၃၂ ၇၃၂၇၇ သို့ စုံစမ်းနိုင်ကြောင်း သိရသည်။

Eleven Media Group , Rangonnewsdaily
RND:  :26.5.2013

0 comments:

Post a Comment