Pages

Sunday, May 26, 2013

ယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရေး လမ်း (၃၀) မှတ်တိုင်အား ပြောင်းရွှေ့

25/May/2013
ရန်ကုန်မြို့တွင် ယာဉ်မောင်းသူများ အဆင်ပြေစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရေးအတွက် မြို့တွင်းမီးပွိုင့်နှင့် ကပ်လျက်ရှိသော လမ်း(၃၀) မှတ်တိုင်အား ကုန်ဈေးတန်း မှတ်တိုင်သို့ ပြောင်းရွှေ့ထား ကြောင်း ကြော်ငြာ ဆိုင်းဘုတ် ထားရှိသည်ကို ယင်းမှတ်တိုင်အနီးတွင် မေ ၂၁ ရက် နံနက်ပိုင်းက တွေ့မြင်ရသည်။ “မျက်မြင်အရ မီးပွိုင့်နဲ့လည်း နီးကပ်နေတယ်။ ခရီးသည်တင် ယာဉ်လိုင်းတွေက မှတ်တိုင်မှာရပ်ရင် မီးပွိုင့်အထိ ပိတ်ဆို့သွားတယ်။ မီးပွိုင့်လည်း စိမ်းရော မီးပွိုင့်က ထွက်လာတဲ့ ယာဉ်တွေက ထွက်လို့မရတော့ဘူး။
အားလုံးတောက်လျှောက် ပိတ်ကုန်ရော၊ ဒါကြောင့် ယာဉ်မောင်းသူတွေ အားလုံး အဆင်ပြေစေဖို့အတွက် ပြောင်းရွှေ့ရတာပါ” ဟု မထသ(မြောက်ပိုင်းခရိုင်) ဒု-ဌာနခွဲမှူးက ပြောသည်။ အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရေးအတွက် ယင်းမှတ်တိုင်အား ပြောင်းရွှေ့ရန် သတ်မှတ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးမှ စုပေါင်းညှိနှိုင်းပြီး ယခုလို သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
ကြေးမုံ , Rangonnewsdaily
RND:  :26.5.2013

0 comments:

Post a Comment