Pages

Sunday, May 26, 2013

လုပ်ချင်သလိုလုပ်ခွင့်မရလို့ ဖြစ်ချင်သလိုဖြစ် ဆိုပြီး ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့ လပွတ္တာမြို့မှ ၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ


မြို့နယ်အာဏာပိုင်ဦးဆောင်သောကော်မတီ အစီအစဉ်ဖြင့် ၂၄.၅.၂၀၁၃ နောက်ဆုံးသတ်မှတ် တင်ထား
သောလျှောက်လွှာများကို ရပ်ကွက်ကျေးရွာရုံးများသို့ပြောင်းလဲလျှောက်ထားရန် ညဖက်မှာမိုက်နဲ့ကြေငြာပြီး ၂၅ မနက် ဆက်သွယ်ရေးရုံးရှေ့ကြမ်းပြင် နှင့် မြက်ခင်းပေါ်တွင်စက္ကူစုတ်များလိုပစ်ချထားရာမြို့သူမြို့သား
များ လေးဘက်ထောက်၍မိမိတို့လျှောက်လွာများကို ရှာဖွေယူနေကြရကြောင်းသတင်းရရှိသည်။ ကြိုက်တဲ့လူယူ ကြိုက်သလောက်ယူ ကြိုက်သလိုသုံး(ကွမ်းယာပဲထုတ်ထုတ်)စနစ်ဖြင့် စည်းကမ်းမဲ့တာဝန်မဲ့
စွာ ပြည်သူကို စော်ကားနှိပ်ကွပ်သော လူသားမဆန်သောလုပ်ရပ်ကို ဦးဆောင်စီစဉ်သည့် မြို့နယ်မှတာဝန်
ရှိပုဂ္ဂိုလ်တို့၏ တာဝန်မဲ့လုပ်ရပ်ကို နိင်ငံတော်နှင့်ပြည်သူအားလုံး မျက်ဝါးထင်ထင်မြင်ကြရအောင် အဆင့်
ဆင့်တင်ပြပေးကြပါဦး။

အရင်တစ်ပတ်က၁၅၀၀ကဒ်များကိုလည်း မြို့ပေါ်ဆိုင်တစ်ချို့မှာ၎/၅၀၀၀၀ ဖြင့်လက်သိပ်ထိုးလိုသေ
လာက်
ရနေပါတယ်။ရှုပ်ထွေးသောခွဲဝေမှူ့ပုံစံအမျိုးမျိုးဖြင့် တစ်သုတ်ကိုသုံးခါခွဲမဲနှိုက် ခေါင်းစဉ်အမျိုးမျိုးပြခွဲတမ်းခ
စားနေသည့်အတွက် မြို့သူမြို့သားများ နစ်နာခံပြင်းနေကြရသည်ကို သက်ဆိုင်ရာအထက်လူကြီးမင်းများမှ စီစစ်ရှင်းလင်း သိက္ခာဆယ်ကြပါဦးဗျို့..

Sawtinmaung Lupyogyi
Tun Wai , Rangonnewsdaily
RND:  :26.5.2013

0 comments:

Post a Comment