Pages

Wednesday, April 24, 2013

မိန်းကလေးတွေ ဘရာစီယာဝတ်တာ မကောင်းဘူးလို့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်ကပြောကြား

“ဒီသုတေသန တွေ့ရှိချက်မျိုးကိုတော့ ထောက်ခံတယ်”

မိန်းကလေးတွေ ဘရာဝတ်တာဟာ ဘာမှကောင်းကျိုး မပေးပါဘူးလို့ ပြင်သစ်သုတေသီတဦးက ပြောပါတယ်။ ဆေးဘက်ရော ဇီဝကမ္မပိုင်းဘက်ပါ အလုပ် မဖြစ်တဲ့အပြင် ဆိုးကျိုးတောင် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသုတေသနကို ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်က ဘရာဝတ်တာကြောင့် ကျောအောင့်တာ နည်းနည်း သက်သာသလို ရှိပေမယ့် စောစောစီးစီး သားမြတ်တွဲတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသက် ၁၈ ကနေ ၃၅ နှစ်ကြား အမျိုးသမီး ၃၃၀ နဲ့ ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ပြီးနောက်မှာ ဘရာဝတ်တာဟာ အပိုပါပဲလို့ ကောက်ချက်ဆွဲလိုက်တာလည်း ဖြစ်ပါတယ်။

သားမြတ်ကို ဘရာနဲ့ပင့်တင်ထားတယ်လို့ ကိုယ့်ဘာသာ ထင်ပေမယ့်လည်း မြေဆွဲအားကနေ လွတ်နေတာမျိုးလည်း မရှိဘူးလို့ သုတေသနက ပြောပါတယ်။ ဒါကြောင့် ဘရာမ၀တ်ကြဖို့နဲ့ မ၀တ်မှသာ တကယ့် အကျိုးကို ခံစားရမယ်လို့ ပါမောက္ခက ထောက်ပြပါတယ်။

သုတေသနထဲ ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးကတော့ နှစ်နှစ်ကြာ ဘရာမ၀တ်ဘဲ နေခဲ့ပြီးနောက်မှာ အသက်ရှုလို့ ပိုကောင်းလာတယ်၊ သွားလာရတာ ပေါ့ပါးလာတယ်၊ နောက်ကျောအောင့်တာလည်း မဖြစ်တော့ဘူးလို့ ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ အမျိုးသမီးတချို့က ပါမောက္ခရဲ့ တွေ့ရှိချက်ကို လက်မခံလိုကြပါဘူး။ မ၀တ်ဘူးဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်တော့မှာ မဟုတ်ဘူး၊ သားမြတ်ငယ်သူက မ၀တ်ဘဲနေလည်း အဆင်ပြေနိုင်ပေမယ့် ကြီးသူတွေကတော့ မ၀တ်လို့ မဖြစ်ဘူးလို့ ပြောကြပါတယ်။

အမျိုးသမီးတွေရဲ့ ရင်သားဟာ (နို့သီးခေါင်းဘက်) တနှစ်ကို ခုနစ်မီလီမီတာလောက် ဆန့်ထွက်တာမို့ ပခုံးနဲ့ဆို ထမ်းဖို့အတွက် အလိုက်သင့် ကြွက်သား အားရှိလာပေမယ့် ဘရာနဲ့ ဆိုင်းပင့်လိုက်တဲ့အခါ အဲဒီ ကြွက်သားတွေက အလုပ် မလုပ်ရတော့ဘဲ တခါစပြီး ဘရာဝတ်တာနဲ့ တသက်လုံး ၀တ်ရမယ့် အခြေအနေ ဆိုက်သွားတယ်လို့ ဒေါက်တာ ရူအီလန်က သုံးသပ်ပါတယ်။

သွေးဆုံးအမျိုးသမီးတွေနဲ့ ပြုလုပ်ထားတဲ့ ဗြိတိသျှသုတေသနတခုမှာလည်း အမျိုးသမီးကြီးတွေ ဘရာဝတ်ရင် ရင်သားနာကျင်တာတွေ ပိုခံစားနိုင်ရချေ ရှိတယ်လို့ ကောက်ချက်ဆွဲခဲ့ဖူးပါတယ်။

Source: Daily Star and yenghana.com

Myo Tha Htet


Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >New MyanmarFoundation<<Thank

မိန်းကလေးတွေ ဘရာဝတ်တာဟာ ဘာမှကောင်းကျိုး မပေးပါဘူးလို့ ပြင်သစ်သုတေသီတဦးက  ပြောပါ
တယ်။ ဆေးဘက်ရော ဇီဝကမ္မပိုင်းဘက်ပါ အလုပ် မဖြစ်တဲ့အပြင် ဆိုးကျိုးတောင် ရှိနိုင်တယ်လို့ သူက ပြော
ပါတယ်။ ဒီသုတေသနကို ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာ
ရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်က ဘရာဝတ်တာကြောင့် ကျောအောင့်တာ နည်းနည်း သက်
သာသလို ရှိပေမယ့် စောစောစီးစီး သားမြတ်တွဲတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အသက် ၁၈ ကနေ ၃၅ နှစ်ကြား အမျိုးသမီး ၃၃၀ နဲ့ ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ပြီးနောက်မှာ ဘရာဝတ်
တာဟာ အပိုပါပဲလို့ ကောက်ချက်ဆွဲလိုက်တာလည်း ဖြစ်ပါတယ်။

သားမြတ်ကို ဘရာနဲ့ပင့်တင်ထားတယ်လို့ ကိုယ့်ဘာသာ ထင်ပေမယ့်လည်း မြေဆွဲအားကနေ လွတ်နေတာ
မျိုးလည်း မရှိဘူးလို့ သုတေသနက ပြောပါတယ်။ ဒါကြောင့် ဘရာမ၀တ်ကြဖို့နဲ့ မ၀တ်မှသာ တကယ့် အကျိုး
ကို ခံစားရမယ်လို့ ပါမောက္ခက ထောက်ပြပါတယ်။

သုတေသနထဲ ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးကတော့ နှစ်နှစ်ကြာ ဘရာမ၀တ်ဘဲ နေခဲ့ပြီးနောက်မှာ အသက်ရှု
လို့ ပိုကောင်းလာတယ်၊ သွားလာရတာ ပေါ့ပါးလာတယ်၊ နောက်ကျောအောင့်တာလည်း မဖြစ်တော့ဘူးလို့
 ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ အမျိုးသမီးတချို့က ပါမောက္ခရဲ့ တွေ့ရှိချက်ကို လက်မခံလိုကြပါဘူး။ မ၀တ်ဘူး
ဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်တော့မှာ မဟုတ်ဘူး၊ သားမြတ်ငယ်သူက မ၀တ်ဘဲနေလည်း အဆင်ပြေနိုင်ပေ
မယ့် ကြီးသူတွေကတော့ မ၀တ်လို့ မဖြစ်ဘူးလို့ ပြောကြပါတယ်။

အမျိုးသမီးတွေရဲ့ ရင်သားဟာ (နို့သီးခေါင်းဘက်) တနှစ်ကို ခုနစ်မီလီမီတာလောက် ဆန့်ထွက်တာမို့ ပခုံး
နဲ့ဆို ထမ်းဖို့အတွက် အလိုက်သင့် ကြွက်သား အားရှိလာပေမယ့် ဘရာနဲ့ ဆိုင်းပင့်လိုက်တဲ့အခါ အဲဒီ ကြွက်
သားတွေက အလုပ် မလုပ်ရတော့ဘဲ တခါစပြီး ဘရာဝတ်တာနဲ့ တသက်လုံး ၀တ်ရမယ့် အခြေအနေ ဆိုက်
သွားတယ်လို့ ဒေါက်တာ ရူအီလန်က သုံးသပ်ပါတယ်။

သွေးဆုံးအမျိုးသမီးတွေနဲ့ ပြုလုပ်ထားတဲ့ ဗြိတိသျှသုတေသနတခုမှာလည်း အမျိုးသမီးကြီးတွေ ဘရာဝတ်
ရင် ရင်သားနာကျင်တာတွေ ပိုခံစားနိုင်ရချေ ရှိတယ်လို့ ကောက်ချက်ဆွဲခဲ့ဖူးပါတယ်။

Source: Daily Star and yenghana.com
Myo Tha Htet
New MyanmarFoundation, Rangonnewsdaily
RND:  :24.4.2013

0 comments:

Post a Comment