Pages

Wednesday, April 24, 2013

ရခိုင် အကြမ်းဖက် များကြောင့် ထွက်ပြေးလာရတဲ့ ရိုပာင်ဂျာ (၄၆)ဦး စက်လှေနစ် သေဆုံး

ရန်ကုန်၊ ဧပြီလ၂၃ စစ်တွေပွိုင့်အနီးမှာ ရခိုင်အကြမ်းဖက် စက်လှေတိုက်ခိုက်မှုကြောင့် တောမြို့နယ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေတစ်စီး နစ်မြုပ်ပြီး လူ(၄၆)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ၂၁ရက်နေ့မနက် (၉)နာရီဝန်းကျင်ခန့်က စစ်တွေသဲချောင်း ဆိပ်ကနေ ပေါက်တောဆော်လမွန် ဆိပ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေကို ရခိုင်အကြမ်းဖက် စက်လှေက တိုက်ခိုက်နစ်မြုပ် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာ စက်လှေပေါ်တွင် ရိုဟင်ဂျာ(၅၀)ဦး ပါလာတယ်လို့ သိရပါတယ်။ စစ်တွေပွိုင့်အနီး နှစ်မိုင်ခွဲလောက်မှာ ရခိုင်အကြမ်းဖက်စက်လှေက ထားဝယ်၉၆၉ အဖွဲ့ကလိုထင်ရတယ်။ ၉၆၉တံဆိပ်တွေ အင်္ကျိတွေဝတ်ထားတယ်။ သူတို့ကရိုဟင်ဂျာ စက်လှေပေါ်မှာ ပါလာတဲ့ ရိုဟင်ဂျာအမျိုးသမီး (၅)ယောက်ကိုတောင်းတယ်မပေးတော့ သူတို့ စက်လှေနဲ့ တိုက်ပြီးနစ်လိုက်တာ သူတို့စက်လှေက ပိုကြီးတယ်လို့ စစ်တွေဒေသခံတစ်ဦးက အကြမ်းဖက်ဖြစ်စဉ်ကို ရှင်းပြပါတယ်။

ရခိုင်အကြမ်းဖက် စက်လှေပေါ်တွင် ရခိုင်အကြမ်းဖက်သမား (၁၅၀)ခန့် ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါ
တယ်။ အဆိုပါ အကြမ်းဖက် ဖြစ်စဉ်ကြောင့် ရိုဟင်ဂျာ (၄၆)ဦးသေဆုံးခဲ့ပြီး (၄)ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားတဲ့ လူဦးရေးစာရင်းကတော့

(၁) စစ်တွေမြို့နယ်မှ (၁၄) ဦး

(၂) ပေါက်တောတောင်ရွာမှ(၇) ဦး

(၃) ပေါက်တောချောင်းဝကုန်တန်း(၅) ဦး

(၄) ပေါက်တော စကိတ်ပြင်ကျေးရွာမှ (၆) ဦး

(၅) ပေါက်တောကွမ်းသီးပင်ကျေးရွာမှ (၄) ဦး

(၆) ပေါက်တော ကန်နီပလောင်ကျေးရွာမှ(၂) ဦး

(၇) ပေါက်တော နက်ချောင်းကျေးရွာမှ (၅) ဦး

သေဆုံးသူ(၄၆) ဦးထဲမှ ရုပ်အလောင်(၂၆)လောင်းကိုတော့ ဧပြီ၂၂ရက်နေ့က ပြန်လည်ကောက်ယူနိုင်ခဲ့ပြီး ကျန်အလောင်းတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဆယ်ယူထားတဲ့ ရုပ်အလောင်းတွေမှာ မည်သူမည်ဝါဖြစ်တယ်လို့ မှန်းလို့ မရနိုင်တော့ဘူးလို့လည်း ဒေသခံ တွေက ဆိုပါတယ်။
သတင်း – မိုးကြယ်စင်
Myanmar Muslim.Net, Rangonnewsdaily
RND:  :24.4.2013
 

0 comments:

Post a Comment