Pages

Wednesday, April 24, 2013

ဧရာဝတီမြစ် အတွင်း ပြေးဆွဲရန် အပျော်စီးသင်္ဘောတစ်စင်း တည်ဆောက်မည်

ရန်ကုန် ၊ ၂၄-၄-၂၀၁၃

၂၀၁၄ ခုနှစ်တွင် ဧရာဝတီမြစ် အတွင်း၌ အပျော်စီး သင်္ဘောအဖြစ် ပြေးဆွဲနိုင်ရန် အတွက် အမေရိကန် အခြေစိုက် Amawaterways အပျော်စီး သင်္ဘော ကုမ္ပဏီ မှ ခရီးသည် ၇၆ ဦး လိုက်ပါနိုင်သည့် သင်္ဘော တစ်စင်း အား တည်ဆောက် သွားမည်ဟု သိရသည်။ အမေရိကန် အခြေစိုက် Amawaterways နှင့် မြန်မာနိုင်ငံမှ ပူးပေါင်း ပါဝင်သော ကုမ္ပဏီမှာ Ayravata Cruises ဖြစ်ပြီး တည်ဆောက်မည့် သင်္ဘော အမည်ကို အမရပူရ ဟု အမည် ပေးထားကြောင်း သိရသည်။ အဆိုပါ အပျော်စီး သင်္ဘော တည်ဆောက်မည့် သတင်းနှင့် ပတ်သက်၍ Amawaterways ကုမ္ပဏီမှ ဥက္ကဋ္ဌ ရှု
ဒီရှရိန်နာ က ယခုထက် ပို၍ ပြောကြား ခဲ့ခြင်း မရှိပေ။ ယနေ့ အထိ အမေရိကန် အခြေစိုက် မြစ်ကြောင်း အပျော်စီး သင်္ဘောများ မြန်မာနိုင်ငံ တွင် လာရောက် ခဲ့ခြင်း မရှိသေးသော်လည်း အများစုမှာ လာရောင် ပြေးဆွဲရန် စိတ်ဝင်စားလျက် ရှိကြောင်း ကိုလည်း သိရသည်။ 
Ayravata Cruises မှာ လက်ရှိတွင် မြစ်ကြောင်း အပျော်စီး သင်္ဘော ၃ စင်းကို ဧရာဝတီမြစ် အတွင်း၌ ပြေးဆွဲနေပြီး ခရီးသည် ၅၅ ဦး ၊ ၃၄ ဦး နှင့် ၃၂ ဦး အသီးသီး လိုက်ပါ နိုင်သည့် အပျော်စီး သင်္ဘောများ ဖြစ်ကြောင်း သိရှိရသည်။
Myawaddy News, Rangonnewsdaily
RND:  :24.4.2013

0 comments:

Post a Comment