Pages

Sunday, February 3, 2013

ထိုင်းလူမျိုးအစစ်မဟုတ်ပဲ ထိုင်းနိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းနေသူများအား ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းစစ်ဆေးလျှက်ရှိ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အနီးတစ်ဝိုက် နယ်စပ်တစ်လျှောက်တွင် ထိုင်းလူမျိုးစိစစ်ရေးကတ်ပြားနှင့် တောင်ပေါ်သားကတ်ပြားများကို ထိုင်းလူမျိုးအစစ်မဟုတ်ပဲ ပြုလုပ်ပေးခြင်းကိစ္စအား သတင်းပေးသူကို ခြိမ်းခြောက်မှုများ ရှိနေကြောင်း မယ်ဆိုင်သတင်းဌာနက ဖော်ထုတ်ရေးသားလိုက်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံတွင် နယ်စပ်ရှိ တောင်ပေါ်သားများ အမြောက်အများရှိသလို (၁၀)နှစ်အထက် ထိုင်းနိုင်ငံအတွင်း နေထိုင်ပြီးသူများကို တောင်ပေါ်သားကတ် အရောင်အမျိုးမျိုးရှိသော ကတ်ပြားကို ထောက်ခံချက်ပြည့်စုံစွာရှိပါက ထုတ်ပေးဖို့ စီမံကိန်းရှိခဲ့ပါတယ်။ သို့သော်လည်း ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင် ချင်းရိုင်းမှာ ထိုင်းလူမျိုးမစစ်ပဲ မှတ်ပုံတင်ကတ်ပြားရယူဖို့အတွက် နည်းလမ်းအမျိုးမျိုးသုံးကာ နိုင်ငံအတွင်းဝင်လာပြီး ရပ်ရွာလူကြီး နှင့် သက်ဆိုင်ရာဝန်ထမ်းတို့က လာဒ်စားမှုပြုလုပ်ကာ ကတ်ပြားများထုတ်ပေးခဲ့ကြတာကို တွေ့ရှိရကြောင်း မယ်ဆိုင်သတင်းဌာနအဖွဲ့က ဖော်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။

လာဒ်ပေးပြီး ကတ်ပြားရယူထားကြသူများဟာ မယ်ဆိုင်မြို့တွင် အိမ်ခြံမြေ ပိုင်ဆိုင်၍ လုပ်ငန်းရှင်ပုံစံအမျိုးမျိုးနှင့် နေထိုင်လျှက်ရှိပြီး မယ်ဆိုင်မြိုက ဆိုင်ခန်းများလဲ ထိုင်းဘတ်ငွေ (၃၀၀၀၀၀၀) အထက်မြင့်မားလာကြတာပါတယ်။

မယ်ဆိုင်သတင်းဌာနက အယ်ဒီတာ နထဖတ်ကီတီကန်း ဖိုင်းဆန်၏ ပြောဆိုချက်အရမှာ မယ်ဆိုင်သတင်းဌာနက ဒီကိစ္စနှင့် ပတ်သက်၍ (၁၀)နှစ်မက စုံစမ်းခဲ့ပြီးဖြစ်တာနဲ့အညီ သတင်းအမှန်အကန်မှာ မယ်ဆိုင်မြို့၌ (၇၀%) အိမ်ခြံမြေ ဆိုင်ခန်းပိုင်ဆိုင်နေထိုင်သူများမှာ ထိုင်းလူမျိုးအစစ်မဟုတ်ပဲ ထိုင်း တောင်ပေါ်သားကတ်များကို ကိုင်ဆောင်ထားသူတွေသာဖြစ်ကြောင်းနှင့် ဒီလိုမျိုးတွေက အမြောက်အများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်၍ ဖမ်းဆီးထိန်းချုပ်ရန်ခက်ခဲလှပြီး တစ်ချို့တွေမှာ မူးယစ်ဆေးဝါးနှင့် ချိတ်ဆက်နေသူတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ခါင်းဆောင် ဦးထိန်လစ်ဖင်းဒစ် မှလည်း ယခုလက်ရှိမှာ ချင်းမိုင် ၀ိန်းဟဲမြို့ကို အမှတ်(၁)အဖြစ် စတင်ကွင်းဆင်း၍ စစ်ဆေးရာ အဓိကစစ်ဆေးသောအချက်မှာ
(၁) နိုင်ငံအတွင်း လူဦးရေစာရင်း/ကျပျောက်စာရင်း စစ်ဆေးခြင်း
(၂) စာရင်းအမည် ခွင့်ပြုချက် မပေးခင် အမည်စာရင်းကြိုတင်ရှိနေခြင်း၊
(၃) အထောက်ခံပေးသူ ပြည့်စုံမှုမရှိခြင်း၊
(၄) ကိုယ်ရေးရာဇ၀င် အပြည့်အစုံမပါပဲ ဖောင်တွင် ကွက်လပ်သာ ချန်ထားခြင်း၊
စသည့် အချက်အလက်များဖြင့် ၀ိန်းဟဲမြို့ တစ်ခုတည်းမှာပင် လူဦးရေ (၁၉၀၀၀) ရှိနေတာကို တွေ့ရပြီး ထိုနည်းတူပင် ချင်းရိုင်း မယ်ဟောင်စွမ်းတွင်လည်း စစ်ဆေးခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

 တာချီလိတ်အွန်လိုင်း

0 comments:

Post a Comment