Pages

Sunday, February 3, 2013

တမူးမြို့နယ်တရားရုံးစာရေးမနေအိ မ်မှသိန်းတစ်သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးများနှင့်လက်နှက်(၇၀)ကျော်ဖမ်းမိ


မူး၊ ဖေဖော်ဝါရီ၊ ၃။

ယနေ့နံနက် (၈)နာရီခန့်၌ တမုးမြို့၊ စန္ဒကူး ရပ်ကွက်တွင် လက်နှက်(၇၀)ကျော်နှင့် သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်က ပြောကြားသည်။ လက်ရှိစာရင်းများအရ သေနပ်မျိုးစုံ (၇၀)ကျော်နှင့် မူးယစ်ဆေးပြားအရေအတွက် ဆယ်သိန်းနှင့်ရှစ်ထောင်
ဖစ်ပြီး ဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း သောင်းနှစ်ထောင်ကျော် ရှိကျောင်းဒေသခံတစ်
ဦးကပြောကြားသည်။ အဆိုပါပစ္စည်းများ ဖမ်းမိသောအိမ်မှ ဦးစိုးမြင့်ဝင်းသည် ကသဲလက်နှက်ကိုင် အဖွဲ့အစည်းမှအဖွဲ့ဝင်တစ်ဦးဟု
ဒေသခံများကသိရှိထားပြီး ဇနီးဖြစ်သူဒေါ်ဖြူဝင်းသည် တမူးမြို့နယ် တရားရုံးမှ ဘိလပ်စာရေးမ တစ်ဦး ဖြစ်
ကြောင်း အုပ်ချုပ်ရေးမှူးကပြောကြားသည်။

ယင်းကိစ္စအား တမူးနှင့် ကလေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး စာရင်း
မထုတ်ပြန်သေးကြာင်း မြို့နယ်မဆင့်ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောင်သိုက်
Myanmar Age

0 comments:

Post a Comment