Pages

Sunday, January 20, 2013

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ် ထည့်သွင်း ပြသနိုင်ခြင်း မရှိ

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ် ထည့်သွင်း ပြသနိုင်ခြင်း မရှိ
.........................................................................................................
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ခြင်္သေ့လှောင်အိမ် တစ်ခုအား တွေ့ရစဉ်
နိုင်ငံတော် အစိုးရမှ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ်များ ထပ်မံထည့်သွင်း ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၀င်ကြေးနှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ရာ လာရောက် လည်ပတ်သူဦးရေ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရသည်။
“ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကို ထူးကုမ္ပဏီ ယူပြီးနောက်ပိုင်းမှာ တိရစ္ဆာန်အသစ် ထပ်ထည့်တာမျိုး မရှိပါဘူး။ လောလောဆယ် ထပ်ရောက်ဖို့လည်း အစီအစဉ် မရှိသေးပါဘူး” ဟု သစ်တောဦးစီးဌာန၊ တိရစ္ဆာန် ဥယျာဉ်များ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ နို့တိုက်သတ္တ၀ါ ၄၅ မျိုး၊ ကျေးငှက် သတ္တ၀ါ ၆၈ မျိုး၊ တွားသွား သတ္တ၀ါ ၁၈ မျိုး စုစုပေါင်း ၁၃၁ မျိုးကို ပြသထားပြီး ပြကွက်ပေါင်း ၄၆ ကွက် ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးကလည်း “စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ဆိုရင်တော့ လူဦးရေ ပျမ်းမျှ ၄၀၀၀ ကျော်လောက် ၀င်တယ်။ ကြားရက် တွေမှာတော့ တစ်ရက်ကို ၁၀၀၀ လောက်ပဲ ၀င်တယ်” ဟု ပြောပါသည်။
ထူးကုမ္ပဏီများ အုပ်စုသည် ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အပါအ၀င် လှော်ကားဥယျာဉ် (ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) တို့ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခဲ့သည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်၊ ဗဟုသုတ ရှာဖွေနိုင်ရန်၊ ကျောင်းသား ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးနိုင်ရန်၊ တောရိုင်းတိရစ္ဆာန် ကျေးငှက်များ ထိန်းသိမ်း ကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာ ပေးနိုင်ရန်၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှားပါးသော တိရစ္ဆာန် ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အတွက် သားဖောက် မျိုးပွားရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အစိုးရကနေ ပုဂ္ဂလိကကို လွှဲလိုက်တာ ၀င်ကြေးတက်တာအပြင် ဘာမှထူးခြားမှု မရှိဘူး။ အကောင် တွေကလည်း နေပြည်တော် တိရစ္ဆာန် ဥယျာဉ်လောက်တောင် မစုံဘူး” ဟု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သို့ လာရောက် လည်ပတ်သည့် မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုပါသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကို ၁၉၀၁ ခုနှစ်တွင် ၀ိတိုရိယ ဘုရင်မကြီး၏ နန်းသက် ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အလှူငွေများဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် နှစ်ပေါင်း ၁၀၇ ရှိပြီဖြစ်ကြောင်း သိရသည်။
EMG

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ခြင်္သေ့လှောင်အိမ် တစ်ခုအား တွေ့ရစဉ်နိုင်ငံတော် အစိုးရမှ ရန်ကုန်
တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ်များ ထပ်မံထည့်သွင်း ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ငှား
ရမ်းလုပ်ကိုင်ခဲ့ပြီး၂၀၁၂ ခုနှစ် ဧပြီလ၁ရက်နေ့တွင်ဝင်ကြေးနှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ရာ လာရောက် လည်
ပတ်သူဦးရေသိသိသာသာ လျော့ကျသွားခဲ့ကြောင်းသိရသည်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုထူးကုမ္ပဏီ ယူပြီး
နောက်ပိုင်းမှာတိရစ္ဆာန်အသစ်ထပ်ထည့်တာမျိုး မရှိပါဘူး။ လောလောဆယ် ထပ်ရောက်ဖို့လည်း အစီအစဉ် မရှိသေးပါဘူး” ဟု သစ်တောဦးစီးဌာန၊ တိရစ္ဆာန် ဥယျာဉ်များ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

လက်ရှိတွင်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နို့တိုက်သတ္တ၀ါ ၄၅ မျိုး၊ ကျေးငှက် သတ္တ၀ါ ၆၈ မျိုး၊ တွားသွား သတ္တ၀ါ

၁၈ မျိုး စုစုပေါင်း ၁၃၁ မျိုးကို ပြသထားပြီး ပြကွက်ပေါင်း ၄၆ ကွက် ရှိကြောင်း သိရသည်။ထို့ပြင် ရန်ကုန်
တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးကလည်း “စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ဆိုရင်တော့ လူဦးရေ ပျမ်းမျှ ၄၀၀၀ ကျော်လောက် ၀င်တယ်။ ကြားရက် တွေမှာတော့ တစ်ရက်ကို ၁၀၀၀ လောက်ပဲ ၀င်
တယ်” ဟု ပြောပါသည်။

ထူးကုမ္ပဏီများ အုပ်စုသည် ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အပါအ၀င် လှော်ကားဥယျာဉ် (ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) တို့ကို ၂၀၁၁ ခုနှစ်

 အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခဲ့သည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်၊ ဗဟုသုတ ရှာဖွေနိုင်ရန်၊

 ကျောင်းသား ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးနိုင်ရန်၊ တောရိုင်းတိရစ္ဆာန် ကျေး
ငှက်များ ထိန်းသိမ်း ကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာ ပေးနိုင်ရန်၊ သုတေသန လုပ်
ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှားပါးသော တိရစ္ဆာန် ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အတွက် သားဖောက် မျိုးပွားရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“အစိုးရကနေ ပုဂ္ဂလိကကို လွှဲလိုက်တာ ၀င်ကြေးတက်တာအပြင် ဘာမှထူးခြားမှု မရှိဘူး။ အကောင် တွေ

ကလည်း နေပြည်တော် တိရစ္ဆာန် ဥယျာဉ်လောက်တောင် မစုံဘူး” ဟု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သို့ လာ
ရာက် လည်ပတ်သည့် မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုပါသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကို ၁၉၀၁ ခုနှစ်တွင် ၀ိတိုရိယ ဘုရင်မကြီး၏ နန်းသက် ၂၅ နှစ်မြောက် အထိမ်း

အမှတ်အဖြစ် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အလှူငွေများဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု
အခါတွင် နှစ်ပေါင်း ၁၀၇ ရှိပြီဖြစ်ကြောင်း သိရသည်။


EMG

0 comments:

Post a Comment