Pages

Sunday, January 20, 2013

မွန်ပြည်နယ် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်မီးလောင်မှုနောက်ဆက်တွဲသတင်း

ဇန်န၀ါရီလ ၁၉  ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ်ပစ္စည်းဆိုင် တစ်ဆိုင်၏ အပေါ်မှ ဖြတ်ကျော်သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးရှော့ ဖြစ်ပြီး ထုတ်တန်းမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
          သံဖြူဇရပ်မြို့ ၊ မြို့ မဈေး မီးလောင်ရာသို့  မော်လမြိုင်မြို့နယ်၊ မုဒုံ မြို့နယ်၊ သံဖြူဇရပ်မြို့ နယ်တို့ မှ မီးသတ်ယာဉ် (၁၂) စီး ၊ ရေသယ်ယာဉ်များ ပြည်သူလူထုအားဖြင့် ငြိမ်းသတ်ခဲ့ရာ ဇန်န၀ါရီလ ၂၀ ရက်နေ့  တနင်္ဂနွေနေ့  နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးစွယ်ကြိုးသွားခဲ့သည်။
         မီးလောင်မှု ကြောင့် မြို့ မဈေးကြီးအတွင်းရှိ လျှပ်စစ်ပစ္စည်းဆိုင် (၂၇) ဆိုင်၊ ရွှေဆိုင် (၉၅) ဆိုင်၊ ကုန်ခြောက်ဆိုင် (၄၁) ဆိုင် ၊ အထည်ဆိုင် (၂၁၅) ဆိုင်၊ အခြားပစ္စည်းရောင်းဆိုင် (၇၆) ဆိုင်၊ ဆိုင်ခန်းလွတ် (၁၃၈) ခန်း၊ ပြင်ပဆိုင် (၅) ဆိုင်၊ စုစုပေါင်း (၅၉၇) ဆိုင်မှ ရောင်းကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးကြောင်း နှင့် သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု များမရှိကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ်ပစ္စည်းဆိုင် တစ်ဆိုင်၏ အပေါ်မှ ဖြတ်ကျော်သွယ်တန်းထားသော လျှပ်စစ်
ဝါယာကြိုးရှော့ ဖြစ်ပြီး ထုတ်တန်းမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သံဖြူဇရပ်မြို့ ၊ မြို့ မဈေး မီးလောင်ရာသို့  မော်လမြိုင်မြို့နယ်၊ မုဒုံ မြို့နယ်၊ သံဖြူဇရပ်မြို့ နယ်တို့ မှ မီးသတ်
ယာဉ် (၁၂) စီး ၊ ရေသယ်ယာဉ်များ ပြည်သူလူထုအားဖြင့် ငြိမ်းသတ်ခဲ့ရာ ဇန်န၀ါရီလ၂၀ ရက်နေ့  တနင်္ဂနွေ
နေ့  နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးစွယ်ကြိုးသွားခဲ့သည်။ 
 
မီးလောင်မှု ကြောင့် မြို မဈေးကြီးအတွင်းရှိလျှပ်စစ်ပစ္စည်းဆိုင်(၂၇) ဆိုင်၊ ရွှေဆိုင် (၉၅) ဆိုင်၊ ကုန်ခြောက်
ဆိုင် (၄၁) ဆိုင် ၊ အထည်ဆိုင် (၂၁၅) ဆိုင်၊ အခြားပစ္စည်းရောင်းဆိုင် (၇၆) ဆိုင်၊ ဆိုင်ခန်းလွတ် (၁၃၈) ခန်း
၊ ပြင်ပဆိုင် (၅) ဆိုင်၊ စုစုပေါင်း (၅၉၇) ဆိုင်မှ ရောင်းကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးကြောင်း နှင့် သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု များမရှိကြောင်း သတင်းရရှိပါသည်။
 
Eleven Media, Popular Myanmar

0 comments:

Post a Comment