လေးကို ပြောပြထားတဲ့ အချက်အလက်တွေပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်
ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေ
ရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲ
ထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။
ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်း
လျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့
တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါလို့လှမ်းခေါ်လိုက်တယ် ရောက်လာတော့
ရေပုံးနှစ်ပုံးအဖွားကတစ်ပုံးအန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ်သားလေးတစ်
ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။
ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။
ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲ
သောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ်သားလေးကချက်ခြင်းအိမ်ပြန်သွားရောဒါနဲ့ ကျွန်တော်
က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ်
ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြု
စရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေး
အပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရောထပ်ရောက် လာ
တယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်
ဟင်း မစားရတာကြာပြီလေ။
ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေ
က မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေ
ပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာအဖွားမေး
ခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။
ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်
ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။
လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
Photo taken by my friends
Written by Myanmar Flashs
Phay Sit Gyi
0 comments:
Post a Comment