Pages

Thursday, December 13, 2012

မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးမည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီး ရန်ကုန်မြို့သို့ရောက်ရှိ


မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးမည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီး ရန်ကုန်မြို့သို့ရောက်ရှိ  

WEDNESDAY, 12 DECEMBER 2012

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။

တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုး ပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး၊ ပထမဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ် ၂ စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့်စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

“ဒီ EMBRAER 190 လေယာဉ်တွေက ခရီးသည် ၁၀၀ ဦးကို တင်ဆောင်နိုင်မှာဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်တွေအပြင် ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။

ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A320 လေယာဉ်များထက် ထိုင်ခုံနေရာကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းများ ဈေးနှုန်းသက်သာခြင်းနှင့် လေယာဉ်ပျံသန်းမှု သမိုင်းတစ်လျှောက်တွင် လေယာဉ်မတော်တဆထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လေကြောင်းလိုင်းများမှ ယင်းလေယာဉ်များကို ၀ယ်ယူရန် စိတ်ဝင်စားလာကြကြောင်း သိရသည်။

မြန်မာ့လေကြောင်းအနေဖြင့် ယခုရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ် ၂ စီးအား အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်းရှိ လက်ရှိအသုံးပြုနေသည့် နှစ် ၃၀ ကျော် သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။

မြန်မာ့လေကြောင်းတွင် ပျံသန်းလျက်ရှိသည့် လေယာဉ်အမျိုးအစား ၄ မျိုးဖြစ်သည့် F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးရှိသည့်အနက် F-28 လေယာဉ်များသည် သက်တမ်းရင့်လာပြီဖြစ်သဖြင့် ယခုကဲ့သို့ EMBRAER 190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲသည့် သက်တမ်းကြာမြင့်ပြီဖြစ်သည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲခဲ့ရာ ၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်သုံးစင်းဖြင့် အစားထိုးပြေးဆွဲခဲ့သည်။

နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက် ရှိသည်။  

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် EMBRAER 190 အားတွေ့ရစဉ်          


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် EMBRAER 190 အားတွေ့ရစဉ်
မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်
တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုး ပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး၊ ပထမ
ဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ် ၂ စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ
္ပဏီမှ အငှားဝယ်ယူသည့်စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဒီ EMBRAER 190 လေယာဉ်တွေက ခရီးသည် ၁၀၀ ဦးကို တင်ဆောင်နိုင်မှာဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်တွေအပင်
ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံ
ပးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။
ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A320 လေယာဉ်များ
ထက် ထိုင်ခုံနေရာကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းများ ဈေးနှုန်းသက်သာခြင်းနှင့် လေယာဉ်ပျံသန်းမှု သမိုင်း
တစ်လျှောက်တွင် လေယာဉ်မတော်တဆထိခိုက်မှုတစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်းစသည့်အချက်များကြောင့် ကမ္ဘာ
့နိုင်ငံအသီးသီးရှိ လေကြောင်းလိုင်းများမှ ယင်းလေယာဉ်များကို ၀ယ်ယူရန် စိတ်ဝင်စားလာကြကြောင်း သိရ
သည်။
မြန်မာ့လေကြောင်းအနေဖြင့် ယခုရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ် ၂ စီးအား အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်းရှိ လက်ရှိအသုံးပြုနေသည့် နှစ် ၃၀ ကျော် သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။

မြန်မာ့လေကြောင်းတွင် ပျံသန်းလျက်ရှိသည့် လေယာဉ်အမျိုးအစား ၄ မျိုးဖြစ်သည့် F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးရှိသည့်အနက် F-28 လေယာဉ်များသည် သက်တမ်းရင့်လာပြီဖြစ်သဖြင့် ယခုကဲ့သို့ EMBRAER 190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်း ဖြစ်
သည်။
မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲသည့် သက်တမ်းကြာမြင့်ပြီဖြစ်သည့် လေယာဉ်များနေရာတွင် လေယာဉ်အ
သစ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲခဲ့ရာ ၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်သုံးစင်းဖြင့် အစားထိုးပြေးဆွဲခဲ့သည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးဖြင့် ခရီးစဉ်များ
ကို ပျံသန်းပြေးဆွဲလျက် ရှိသည်။
  
 
Eleven Media Group

0 comments:

Post a Comment