လာမည့် ၂၀၁၃ အတွက် ကမ္ဘာလှည့်ခရီးသည်တို့ သွားရောက်စရာနေရာများစာရင်းတွင်
မြန်မာ၊ မာဆေးလ်မြို့(ပြင်သစ်)၊ နယူးဇီလန်၊ ဂတ်တီစဘာ့ဂ် (အမေရိကန်)
တို့ကို ထိပ်တန်းနေရာများအဖြစ် ဟတ်ဖင်တန်ပို့စ် စာစောင်၏ Ireland, Myanmar,
Gettysburg on 2013 travel list ဟူသော ဆောင်းပါးတွင် ဆောင်းပါးရှင်
ဘတ်သ်ဂျေဟာပတ်ဇ်က မြန်မာအပါအ၀င် အထက်ပါ နေရာများမှာ ၂၀၁၃ တွင်
ခရီးသွားလိုသူများ ရွေးချယ်သင့်သည့် နေရာများဟု ညွှန်းဆိုထားပြီး
နေရာတစ်ခုချင်းအလိုက် ခရီးသွားများ နှစ်သက်နိုင်ဖွယ်ရှိသည့် ခရီးစဉ်များ၊
ပွဲများ၊ နှစ်ပတ်လည် အခမ်းအနားများအကြောင်းကိုပါ အသေးစိတ်တင်ပြထားသည်။
မြန်မာနှင့်ပတ်သက်၍လည်း ဆောင်းပါး၌ သမ္မတအိုဘားမား၏ မကြာမီက
မြန်မာသို့သွားရောက်ခဲ့သော ခရီးစဉ်
သည် ထိုတိုင်းပြည်ကို လူစိတ်ဝင်စားမှု
မြင့်တက်စေခဲ့ကြောင်းဆိုသည်။
မြန်မာသည် ခရီးသွားလေ့ရှိသူ
ခရီးသွားလိုသူများအတွက် ဆွဲဆောင်မှုရှိသော သွားလည်ရမည့်နေရာသစ်ဖြစ်
ကြောင်းဆိုထားပြီး
ခရီးသွားကုမ္ပဏီ အများအပြားသည်လည်း ခရီးသည်တို့ တောင်းဆိုမှုကြောင့်
မြန်မာသို့ အ
လည်အပတ်ခရီးစဉ်များ ပြုလုပ်လာကြကြောင်း
အမေရိကန်ခရီးသွားလုပ်ငန်းများအသင်း
American Operators Association ကလည်း မြန်မာသည် ၂၀၁၃ တွင်
လူကြိုက်များသည့် ခရီးသွားစရာ နေရာစာရင်းတွင် နံပါတ်တစ်
ဖြစ်လာနိုင်ကြောင်း
ကိုးကားညွှန်းဆိုထားသည်။
Ref : Huffington post, 7days News:

0 comments:
Post a Comment