Pages

Thursday, December 13, 2012

ရန်ကုန် စီးပွားရေးဇုန်နှစ်ခုအတွက် စီမံကိန်းရေးဆွဲနေ

ရန်ကုန် စီးပွားရေးဇုန်နှစ်ခုအတွက် စီမံကိန်းရေးဆွဲနေ

မြတ်မိုးကျော်(မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးဇုန်အဖြစ် နေရာ(၂)ခုကို သတ်မှတ်လျာထားကာ စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

(၈) မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်း MCC ခန်းမနှင့် ၀ိတိုရိယ ဆေးရုံအနီးတွင်ရှိသော မြေလွတ်မြေရိုင်းများကို စီးပွားရေးဇုန်အဖြစ် ပြုလုပ်ဆောင်ရွက်ရန် လျာထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စီးပွားရေးဇုန် သတ်မှတ်ရန်အတွက် စည်ပင်သာယာရေးကော်မတီမှ ဒီဇိုင်း ရေးဆွဲနေပြီ ဖြစ်ကြောင်းကိုလည်း သိရသည်။ ထို့အပြင် အဆိုပါ စီးပွားရေးဇုန် လုပ်ငန်းလုပ်ကိုင်ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူတော့မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလောလောဆယ်မှာတော့ ဘာမှ မြေယာပိုင်ဆိုင်မှု ပြနိုင်တဲ့သူတွေ
ကလွဲလို့ကျန်တာတွေကတော့ စီမံကိန်းထဲ ပါမှာပါ။ ဒီဇိုင်းဆွဲဖို့ကတော့ ပြည်တွင်းက ပညာရှင်တွေနဲ့ပဲ လုပ်ဆောင် သွားမှာပါ။ ပြည်ပက ခေါ်ယူဖို့ လောလောဆယ်တော့ အစီအစဉ် မရှိသေးပါဘူး။ စီမံကိန်းအတွက် တွဲဖက်လုပ်ကိုင်ဖို့လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူသွားမှာပါ။ လုပ်ငန်းရှင်တွေထဲမှာ ပြည်တွင်း က ပါနိုင်သလို ပြည်ပကလည်း ပါနိုင်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းဓမ္မပန်းကွင်းတွင် နေထိုင်သူများမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ဒီလိုလုပ်ပေးတာတော့ အများအတွက်တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဒီကွင်းထဲမှာ တချို့ဆို နေသားကျနေပြီ အခုမှ ပြောင်းရမယ်ဆိုတော့ အခက်အခဲ အများကြီးရှိပါတယ်။ လောလောဆယ် ဒီထဲက သူတွေ အဆင်ပြေအောင် အရင် ဆောင်ရွက်ပေးသင့်ပါတယ်”ဟု မင်းဓမ္မပန်းကွင်း မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်း တည်ဆောက်မည့်နေရာတွင် ကျန်အခက်အခဲများ မရှိသော်လည်း ကျူးကျော် နေထိုင်သူများနှင့် အချို့မြေနေရာများတွင်
နိုင်ငံခြားမှ ပိုင်ဆိုင်သည့်မြေများ ဖြစ်သောကြောင့် ညှိနှိုင်း နေဆဲဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ စီးပွားရေးဇုန်များ၌ အဆင့်မြင့်ရုပ်ရှင်ရုံများ၊ အဆင့်မြင့်ဟိုတယ်များ၊ ကားပါကင်များ၊ စီးပွားရေး အဆောက်အအုံများနှင့် ကုမ္ပဏီရုံးခန်းများ စသည်ဖြင့် စုံလင်စွာ ပါဝင်မည်ဖြစ်သည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Myit Makha Mediagroup

ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးဇုန်အဖြစ် နေရာ(၂)ခုကို သတ်မှတ်လျာထားကာ စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
(၈) မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်း MCC ခန်းမနှင့် ၀ိတိုရိယ ဆေးရုံအနီးတွင်ရှိသော မြေ
လွတ်မြေရိုင်းများကို စီးပွားရေးဇုန်အဖြစ် ပြုလုပ်ဆောင်ရွက်ရန် လျာထားကြောင်း ရန်ကုန် မြို့တော် စည်
ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စီးပွားရေးဇုန် သတ်မှတ်ရန်အတွက်စည်ပင်သာယာရေးကော်မတီမှဒီဇိုင်း ရေးဆွဲနေပြီ ဖြစ်ကြောင်း
ကိုလည်း သိရသည်။ ထို့အပြင် အဆိုပါစီးပွားရေးဇုန်လုပ်ငန်းလုပ်ကိုင်ရန်အတွက်လုပ်ငန်းရှင်များအားတင်
ဒါခေါ်ယူတော့မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလောလောဆယ်မှာတော့ ဘာမှ မြေယာပိုင်ဆိုင်မှု ပြနိုင်တဲ့သူတွေကလွဲလို့ကျန်တာတွေကတော့ စီမံ
ကိန်းထဲ ပါမှာပါ။ ဒီဇိုင်းဆွဲဖို့ကတော့ ပြည်တွင်းက ပညာရှင်တွေနဲ့ပဲ လုပ်ဆောင် သွားမှာပါ။ ပြည်ပက ခေါ်
ယူဖို့ လောလောဆယ်တော့ အစီအစဉ် မရှိသေးပါဘူး။ စီမံကိန်းအတွက် တွဲဖက်လုပ်ကိုင်ဖို့လုပ်ငန်းရှင်တွေ
ကို တင်ဒါခေါ်ယူသွားမှာပါ။ လုပ်ငန်းရှင်တွေထဲမှာ ပြည်တွင်း က ပါနိုင်သလို ပြည်ပကလည်း ပါနိုင်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းဓမ္မပန်းကွင်းတွင် နေထိုင်သူများမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ဒီလိုလုပ်ပေးတာတော့ အများအတွက်တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဒီကွင်းထဲမှာ တချို့ဆို နေသားကျ
နပြီ အခုမှ ပြောင်းရမယ်ဆိုတော့ အခက်အခဲ အများကြီးရှိပါတယ်။ လောလောဆယ် ဒီထဲက သူတွေ အ
ဆင်ပြေအောင် အရင် ဆောင်ရွက်ပေးသင့်ပါတယ်”ဟု မင်းဓမ္မပန်းကွင်း မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်း တည်ဆောက်မည့်နေရာတွင် ကျန်အခက်အခဲများ မရှိသော်လည်း ကျူးကျော် နေထိုင်သူ
များနှင့် အချို့မြေနေရာများတွင်နိုင်ငံခြားမှ ပိုင်ဆိုင်သည့်မြေများ ဖြစ်သောကြောင့် ညှိနှိုင်း နေဆဲဖြစ်သည်
ဟု သိရှိရသည်။

အဆိုပါ စီးပွားရေးဇုန်များ၌ အဆင့်မြင့်ရုပ်ရှင်ရုံများ၊ အဆင့်မြင့်ဟိုတယ်များ၊ ကားပါကင်များ၊ စီးပွားရေး အဆောက်အအုံများနှင့် ကုမ္ပဏီရုံးခန်းများ စသည်ဖြင့် စုံလင်စွာ ပါဝင်မည်ဖြစ်သည်။


မြတ်မိုးကျော်
(မြစ်မခ)

0 comments:

Post a Comment