Pages

Sunday, December 2, 2012

မီးလောင်ဗုံးထိ သည့် သံဃာတော်နှင့် ပြည်သူများ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက် မှု လိုအပ်

myanmar_copper_mine_conflict_hospital


ဒဏ်ရာ အရမ်း ပြင်းထန် သည့် သံဃာတော် များ နှင့် လူပုဂ္ဂိုလ် များ မှာ နိုင်ငံခြား ဆေးရုံ  များသို့  အရေး ပေါ်ဆးကုသခံ ရန် လို အပ် ကြောင်း မန္တလေး ဆေး ရုံကြီး မှ အမည် မဖော် လို့  သည့် တာဝန်ရှိ ဆရာဝန် တစ်ဦး
 က FNG သို့  ပြောသည်။

နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီမိုင်းရပ်တန့်ရေးသပိတ်စခန်းဖွင့်ပြီးဆန္ဒပြခဲ့ကြ
တဲ့ သံဃာတော် များ အား လုံခြုံရေး တာဝန် ရှိသူများကအကြမ်းဖက် ဖြိုခွဲခဲ့ မှု တွင် မီးလောင်ဗုံးများသုံး ခဲ့ ခြင်း
ကြောင့် အသား အရေ ပေါက် ပြဲ မှု များ ဖြစ်ပေါ် ခဲ့ ရာ မှာ အရေပြား ကင်ဆာ ပုံစံ ဆက်လက် ဖြစ်ပေါ် လာ နိုင်သည့်
အလား အလာ များ ကို မန္တလေး ဆေးရုံ ကြီး မှ တာဝန် ရှိသူ များ က လေ့ လာ သိရှိ ခဲ့ ရသည်ဟု သိရသည်။ 

လုံးဝ ပိုးမ၀င် တဲ့ ပိုးသတ် ထား တဲ့ အခန်း တွေ ၊ ပြင်ပ အောက်စီဂျင် လုံးဝ မ၀င်တဲ့ အခန်း တွေ မှာကုသင့်တာ
ပါ ၊ ပြင်ပ လေနဲ့  ဆို ပေါက် ပြဲ နေတဲ့ အရေ ပြား တွေ က နေ ရော ဂါ ပိုး တွေ ၀င် လာ နိုင်တယ်၊ အကျိုးဆက်က
တော့ အရေပြား ကင်ဆာ ဖြစ်ပေါ် လာ နိုင်တဲ့ ပုံစံ ကို တွေ့  နေရ တာ ပဲ ” ဟု မန္တလေး အထွေထွေ ရောဂါ ကု ဆေး
ရုံကြီး မှ အမည် မဖော် သည့် ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။ 

အဆင့် မြင့် ကျန်းမာရေး စောင့်ရှောက်မှု မခံ ယူလျှက် အခြေအနေမှာ ပိုဆိုး သွား နိုင် သည် ဟု ထိုဆရာဝန် က
 ထပ်လောင်း ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ထိခိုက် ဒဏ်ရာ ရ သူ ၂၀၀ ကျော် ခန့်  ရှိ
 နိုင် ပြီး အချို့  မှာ ဆေးရုံ ဆေးခန်း များ တွင် သွား ရောက် ကုသခံ ရန် ငြင်းဆန် လျှက်ရှိ ကြောင်း ထိုသူ များ ကို
လျှို့ ဝှက် ကုသပေး နေရ ကြောင်း ဖောင်ကား မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။

မုံရွာ ဆေးရုံကြီး မှ မှုခင်းဘက် ဆိုင်ရာကျွမ်းကျင်သူဆရာဝန်ကြီး ဒေါက်တာ ဌေးတင်ချစ်မှ မြန်မာ့ ရုပ်မြင်သံကြား
 နှင့် တွေ့ ဆုံ ရာ တွေ ရောဂါတွေ မစိုးရ ရ ကြောင်း သိပ်မ ကြာခင် ကောင်း သွား မည် ဖြစ်ကြောင်း ပြော ခဲ့သည်။

ယခင် မြန်မာ စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မောင်အေး နှင့်မကြာခင်ကရာထူးမှအနား
ယူသွား သူ မြန်မာ အစိုးရ ဒု တိယ သမ္မတ ဦးတင်အောင် မြင့်ဦး တို့  ကမူ စင်္ကာပူ နိုင်ငံ ရှိ ဆေးရုံများ တွင် သွား
 ရောက် ကုသခံနေရသည်။

လက်ပံတောင်းတောင် ကြေးနီမိုင်း အကြမ်းဖက် ဖြိုခွဲ မှု နဲ့  ပတ် သက် ပြီး မနေ့ က ရန်ကုန် မြို့  တရုတ် သံ ရုံးရှေ့ 
မှာ ကန့် ကွက် ဆန္ဒပြ မှု တွေ ဖြစ်ခဲ့ တယ် လို့  ရန်ကုန် မြို့  က နိုင်ငံရေး အကျဉ်း သား ဟောင်းများ ကွန်ယက် က
 တာဝန် ရှိ သူ တစ်ဦး က FNG ကို ပြောသည်။

မုံရွာ ဆေးရုံကြီး တွင် သံဃာတော် များ မှာ သာမန် မီးလောင် ကုထုံး  စောင့်ရှောက်မှု သာပေး ခံ ရသ ဖြင့် ဒဏ်
ရာ များ မှ ပိုပြီး ဆိုးရွား လာကြောင်း မန္တလေး ဆေးရုံမှ အတွေ့ အကြုံ ရှိ ဆရာ ၀န် တစ်ဦး က ပြောသည်။

အချို့ ဒဏ်ရာ ရ သံဃာတော်များ မှာ မီးလောင်ဗုံး ထိသည့် နေရာ တွင် အသား တွင်းထိ လှိုက် စား မှု များ ဖြစ်
ပေါ် လာလျှက် ရှိ ကြောင်း သိရသည်။

Freedom News Group:






0 comments:

Post a Comment