Pages

Sunday, December 2, 2012

ပက်စီကုမ္ပဏီမှ ကိုယ်အလေးချိန်လျှော့ချနိုင်သည့်  အချိုရည်အသစ် တီထွင်ထုတ်လုပ်

ပက်စီကုမ္ပဏီမှ ကိုယ်အလေးချိန်လျှော့ချနိုင်သည့် အချိုရည်အသစ် တီထွင်ထုတ်လုပ်
Sunday, 02 December 2012

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသည့် ဝဖြိုးမှုအား ကာကွယ်ရန် နည်းလမ်းများ ရှာ ကြံဆောင်ရွက် လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် စားသောက်မှု ပုံစံပြင်ဆင်ပြောင်းလဲလာခြင်း၊
လေ့ ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းများအပြင် အစားအသောက်များတွင် ဝဖြိုးမှုကို အားပေးသော အချိုနှင့် အဆီများ အသုံးပြုမှုလျှော့ချလာကြသည်။ သို့ဖြစ်၍ ဝဖြိုးမှု လျော့ကျလာနိုင်သည့် အစားအသောက် တစ်မျိုးကို အမေရိကန် ပက်စီအချိုရည် ကုမ္ပဏီက အောင်မြင်စွာ ထုတ်လုပ်ပြီး ဂျပန်နိုင်ငံတွင် စတင်ရောင်းချလျက် ရှိသည်။

ပက်စီမှ ထုတ်လုပ်သော ကိုယ်အလေးချိန် လျှော့ချ နိုင်သည့် ပက်စီအချိုရည်တွင် ခန္ဓာကိုယ်မှ အဆီစုပ် ယူမှုကို ဟန့်တားနိုင်သည့် dextrin ကိုထည့်သွင်းထား သည်။ ၎င်းအချိုရည်ကို Pepsi Special ဟုအမည် ပေးထားပြီး ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် အထောက်အပံ့ ဖြစ်စေသည်။ ပက်စီ အချိုရည်တွင် အာလူးမှထုတ်လုပ်
ထားသည့် ရေတွင် ပျော်ဝင်နိုင်ပြီး စားသောက်၍ရသော dextrin ဖိုင်ဘာအမျှင်ဓာတ်နှင့် ကဖင်းဓာတ်ထည့်သွင်း ပြုလုပ်ထားကြောင်း
သိရသည်။

၎င်းအချိုရည်သည် ကိုယ်အလေးချိန် လျှော့ချရာတွင် ထိရောက်သော အစာတစ်မျိုးဖြစ်သည်ဟု ဂျပန်မှ ထုတ်လုပ်သူများက ပြောကြားထားသည်။
dextrin ဖိုင်ဘာအမျှင်က ခန္ဓာကိုယ် အဆီစုပ်ယူမှုကို နှေးကွေးစေပြီး ကယ်လိုရီပိုလျှံလာခြင်းမရှိစေဘဲ နောက်ဆုံးတွင် အညစ်အကြေးအဖြစ် ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်သည်ဟု ပက်စီကုမ္ပဏီက အခိုင်အမာထောက် ခံပြောကြားထားသည်။

ထို့အပြင်ဂျပန်နိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်တွင်dextrin
ကျွေးထားသော ကြွက်များနှင့် dextrin ကျွေးထားခြင်းမရှိသော ကြွက်များ ကို နှိုင်းယှဉ်ကြည့်ရာ၌ dextrin ကျွေးထား သည့်ကြွက်များတွင် အဆီစုပ်ယူမှု နည်းပါးသည်ကို တွေ့ရှိရသည်။ တွေ့ရှိချက်ကို အခြေခံပြီး ခန္ဓာကိုယ် အလေးချိန်ဝဖြိုးမှုကို ရှောင်ကြဉ်လိုသူများအတွက် လူကြိုက်များသည့် ပက်စီအချိုရည်အသစ်ကို တီထွင် ထုတ်လုပ်ခဲ့ခြင်း
ဖြစ်သည်။

သို့သော်လည်း ကိုယ်အလေးချိန်လျှော့လိုပါက အမျှင်ဓာတ်များသော အစားအစာများ၊အသီးအရွက်၊ပဲနှင့် နှံစားသီးနှံများစားသုံးပြီး လေ့ကျင့်ခန်း
ပုံမှန်ပြုလုပ်ခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်သည်ကိုပညာရှင်များက
ထောက်ခံထားကြသည်။

ယခုထုတ် လုပ်လိုက်သည့်ပက်စီအချိုရည်ကကိုယ်အလေးချိန် လျော့ကျ
မှုကိုအထောက် အကူပြုသည် ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရ
မည်ဖြစ်သည်။

မြ၀တီ

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသည့် ဝဖြိုးမှုအား ကာကွယ်ရန် နည်းလမ်းများ ရှာ ကြံ
ဆောင်ရွက် လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် စားသောက်မှု ပုံစံပြင်ဆင်ပြောင်းလဲလာခြင်း၊ လေ့ ကျင့်
ခန်း ပုံမှန်ပြုလုပ်ခြင်းများအပြင် အစားအသောက်များတွင် ဝဖြိုးမှုကို အားပေးသော အချိုနှင့် အဆီများ အသုံးပြု
မှုလျှော့ချလာကြသည်။ သို့ဖြစ်၍ ဝဖြိုးမှု လျော့ကျလာနိုင်သည့် အစားအသောက် တစ်မျိုးကို အမေရိကန် ပက်စီ
အချိုရည် ကုမ္ပဏီက အောင်မြင်စွာ ထုတ်လုပ်ပြီး ဂျပန်နိုင်ငံတွင် စတင်ရောင်းချလျက် ရှိသည်။ ပက်စီမှ ထုတ်လုပ်သော ကိုယ်အလေးချိန် လျှော့ချ နိုင်သည့် ပက်စီအချိုရည်တွင် ခန္ဓာကိုယ်မှ အဆီစုပ် ယူမှုကို ဟန့်တားနိုင်သည့် dextrin ကိုထည့်သွင်းထား သည်။၎င်းအချိုရည်ကိုPepsi Special ဟုအမည် ပေးထားပြီး ကိုယ်
အလေးချိန် လျှော့ချလိုသူများအတွက်အထောက်အပံ့ ဖြစ်စေသည်။ပက်စီအချိုရည်တွင်အာလူးမှထုတ်လုပ်ထား
သည့် ရေတွင် ပျော်ဝင်နိုင်ပြီး စားသောက်၍ရသော dextrin ဖိုင်ဘာအမျှင်ဓာတ်နှင့် ကဖင်းဓာတ်ထည့်သွင်း ပြု
လုပ်ထားကြောင်း သိရသည်။

၎င်းအချိုရည်သည် ကိုယ်အလေးချိန် လျှော့ချရာတွင် ထိရောက်သော အစာတစ်မျိုးဖြစ်သည်ဟု ဂျပန်မှ ထုတ်လုပ်
သူများက ပြောကြားထားသည်။ dextrin ဖိုင်ဘာအမျှင်က ခန္ဓာကိုယ် အဆီစုပ်ယူမှုကို နှေးကွေးစေပြီး ကယ်လိုရီ
ပိုလျှံလာခြင်းမရှိစေဘဲ နောက်ဆုံးတွင် အညစ်အကြေးအဖြစ် ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်သည်ဟု ပက်စီကုမ္ပဏီက အ
ခိုင်အမာထောက် ခံပြောကြားထားသည်။

ထို့အပြင်ဂျပန်နိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်တွင်dextrin ကျွေးထားသော ကြွက်များနှင့် dextrin ကျွေး
ထားခြင်းမရှိသော ကြွက်များ ကို နှိုင်းယှဉ်ကြည့်ရာ၌ dextrin ကျွေးထား သည့်ကြွက်များတွင် အဆီစုပ်ယူမှု နည်း
ပါးသည်ကို တွေ့ရှိရသည်။ တွေ့ရှိချက်ကို အခြေခံပြီး ခန္ဓာကိုယ် အလေးချိန်ဝဖြိုးမှုကို ရှောင်ကြဉ်လိုသူများအတွက် လူကြိုက်များသည့် ပက်စီအချိုရည်အသစ်ကို တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကိုယ်အလေးချိန်လျှော့လိုပါက အမျှင်ဓာတ်များသော အစားအစာများ၊အသီးအရွက်၊ပဲနှင့် နှံစား
သီးနှံများစားသုံးပြီးလ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်သည်ကိုပညာရှင်များက ထောက်
ခံထားကြသည်။

ယခုထုတ် လုပ်လိုက်သည့်ပက်စီအချိုရည်ကကိုယ်အလေးချိန် လျော့ကျ မှုကိုအထောက်အကူပြုသည်ဆိုသည်
ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။

မြ၀တီ

0 comments:

Post a Comment